Channel Myanmar

Luo Liqun

Red Land (2025) 5.7
Red Land (2025) နျူကလီယားစစ်ပွဲကြီးသာတကယ်ဖြစ်သွားခဲ့ရင် ကမ္ဘာကြီးကဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ကူးယဉ်ပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ မထင်မှတ်ပဲနျူကလီယားစစ်ပွဲဖြစ်သွားပြီးတဲ့နောက်မှာ ကမ္ဘာကြီးကပျက်စီးသွားပြီးတော့ လူသားတွေကမြေအောက်မှာပဲရှင်သန်ကြရတဲ့ကာလတစ်ခုကို စိတ်ကူးယဉ်ဖန်တီးပြီး ပုံဖော်ထားတာပဲဖြစ်ပါတယ်။မြေပြင်ပေါ်ကကမ္ဘာကြီးပျက်စီးသွားပြီးနောက်ပိုင်းမှာ အရင်ကမြေအောက်ရထား ဘူတာဟောင်းဖြစ်တဲ့ အနီရောင်မြေဆိုတဲ့နေရာမှာ အသက်ရှင်ကျန်သူတွေက စုဝေးပြီးတော့ မြို့တစ်မြို့တည်ထောင်ပြီး နေကြတယ်။ မြေအောက်မှ ာအသက်ရှင်နေတာလူသားတွေတင်မကပဲ ခူမျိုးနွယ်စုဆိုတဲ့ လူသားကိုမျိုုးရိုးဗီဇပြောင်းထားတဲ့မျိုးနွယ်စုတစ်စုလဲရှိပါတယ်။လူသားတွေနဲ့ခူမျိုးနွယ်စုဟာ မြေအောက်အရင်းအမြစ်တွေလုရင်း အမြဲတိုက်ခိုက်နေကြပါတယ်။ တစ်နေ့မှာတော့ ခူမျိုးနွယ်မိန်းကလေးတစ်ယောက်ဟာ အနီရောင်မြေထဲကိုဝင်လာပြီးတော့ မြို့ဝန်ကိုလုပ်ကြံဖို့ကြိုးစားပါတယ်။ အဲဒီအချိန်မှာ အနီရောင်မြေရဲ့ကြီးမားတဲ့လျှို့ဝှက်ချက်ဟာတစ်ဖြည်းဖြည်းနဲ့ပေါ်လာခဲ့ပါတယ်......4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.13 GB / 555 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller, Adventure Runtime : 1 h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Red Land (2025)

Desert Lone Hero (2025) 5.8
Desert Lone Hero (2025) ဒီတစ်ခေါက်မှာတော့.. အရင်မင်းဆက်ပေးတဲ့ ဒုက္ခ ရွှမ်လင်ကျောက်စိမ်းပြား (ကျောက်စိမ်းပြားအမွှာ) ဇာတ်ရှုပ်ကို အခြေခံပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်... ဟုတ်ပါတယ်... အရင်မင်းဆက်မှာ နောင်တစ်ချိန် တိုင်းပြည်လိုအပ်ရင် ပြည်သူတွေဒုက္ခရောက်ရင် ဖွင့်ပြီး ယူသုံးဖို့ ရတနာသိုက်ကို တည်ဆောက်ထားပြီး... ယန္တရားတွေဖန်တီးခဲ့တာပါပဲ...ဒီလိုနဲ့ ခေတ်တွေ မင်းဆက်တွေပြောင်းလဲလာတော့.. တိုင်းပြည်မှာ ဒုက္ခသည်တွေလည်း များလာပြီး နန်းတွင်းမှာလည်း မိန်းမစိုးတို့က ဦးဆောင်ဖို့ အုပ်စုဖွဲ့လာသလို... နယ်ခြားတိုင်းတစ်ပါးအဖွဲ့တွေလည်း အခွင့်အရေးယူပြီး ထီးနန်းလုဖို့ကြိုးစားနေတာပေါ့...တစ်ချိန်တည်းမှာလည်း ဒီရတနာသိုက်ကို လောဘဇောတက်ပြီး လုဖို့ကြိုးစားနေတဲ့ သိုင်းလောကသားတွေရှိနေပြန်တာပေါ့... ကဲ ဘယ်လိုတွေရှုပ်ပြီးတော့ ဘယ်လောက်တောင် လုယက်ကြမယ်ဆိုတာနဲ့... တကယ်ရတနာသိုက်ရှိပြီး ဒီလောက်တောင် သွေးချောင်းစီးတဲ့အထိ ဖြစ်သင့်လို့လားဆိုတာတော့... Filesize : 823 MB / 445 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Desert Lone Hero (2025)

Miss Agent 2 ( 2024 ) 5.8
Miss Agent 2 ( 2024 ) Miss Agent (2020) ရဲ့အဆက်ပဲဖြစ်ပါတယ် ပထမကားကိုဒီမှာရှာလို့ရပါတယ် ဒီတစ်ခါ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့မမက အာရှပစိဖိတ်ဒေသရဲ့ ငွေကြေးစနစ်ကို လုံးဝဖျက်ဆီးပစ်မယ့်ရန်ကနေပြီးတော့ လောကကြီးကိုကယ်တင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။အတိတ်ရဲ့ဖြစ်ရပ်ဆိုးကြောင့် အထူးအေးဂျင့်ဖြစ်တဲ့မမက အလုပ်ကထွက်ပြီး သူ့ကိုချစ်တဲ့ယောင်္ကျားနဲ့အိမ်ထောင်ပြုပြီး သာမန်ဘဝလေးနဲ့နေထိုင်နေခဲ့တယ်။ ဖြစ်ချင်တော့ သူ့ယောင်္ကျားက AI နည်းပညာပညာရှင်ဖြစ်နေတဲ့အတွက် မသမာလူဆိုးဂိုဏ်းက ပြန်ပေးဆွဲတာကိုခံရတယ်။ ကမ္ဘာပေါ်မှာရှိသမျှဘဏ်တွေကနေပြီး ပိုက်ဆံတွေကိုလိုသလိုလုပ်နိုင်တဲ့ AI Program တစ်ခုရဲ့ချို့ယွင်းချက်ကို ပြင်ခိုင်းဖို့ပဲဖြစ်တယ်။ပြန်ပေးဆွဲခံရတဲ့ယောင်္ကျားကိုကယ်ဖို့ တစ်ယောက်ထဲ ဥပဒေမဲ့တဲ့နယ်မြေမှာ စွန့်စားပြီးတော့ ကယ်တင်သွားမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.05 GB Quality : WEB-DL 1080p HEVC  Format : mkv Genres : Action , Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Miss Agent 2 ( 2024 )

Detective Di Renjie: The Deadly Monk ( 2024 ) 5.8
Detective Di Renjie: The Deadly Monk ( 2024 ) ဒီတစ်ခေါက်မှာတော့ စုံထောက်ကြီးဒီးက ဘုရင့်အမိန့်အရကျန်းနန်နယ်တစ်ဝိုက်ကို လှည့်လည်စစ်ဆေးရပါတယ်။ လင်အန်းမြို့ကိုရောက်တဲ့အခါမှာ မိန်းကလေးတွေထူးထူးဆန်းဆန်းပျောက်နေတာကိုတွေ့ရတယ်။လင်အန်းတာဝန်ကျတရားသူကြီးကျိုးကလဲ အပျင်းကြီးပြီး အပျော်အပါးမက်တဲ့ ခပ်ညံ့ညံ့အရာရှိတစ်ယောက်ဖြစ်နေတော့ လင်အန်းကဒီအမှုကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။မသင်္ကာစရာတွေနောက်လိုက်စုံစမ်းရင်း နတ်ကိုအယောင်ပြပြီး ရိုးသားတဲ့ပြည်သူတွေကိုလှည့်စားပြီးတော့ ဥစ္စာပစ္စည်းတွေလိမ်ယူနေတဲ့ လူအုပ်စုရှိနေတာကိုသိလိုက်ရပါတယ်။ အသက်အန္တရာယ်အကြိမ်ကြိမ်ကြုံရပေမယ့် စုံထောက်ကြီးဒီးက ဇွဲမလျှော့ပဲ ပြည်သူတွေအတွက် အမှန်တရားကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Filesize : 1.17 GB / 634 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Di Renjie: The Deadly Monk ( 2024 )

New Biography of Xi Shi ( 2024 ) 5.7
New Biography of Xi Shi ( 2024 ) တရုတ်နိုင်ငံသမိုင်းမှာ အလှဆုံးအမျိုးသမီး ၄ ဦးထဲက ရှီးစီးအကြောင်းကို ကိုးကားပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဘီစီ ၄၉၄ ခုနှစ်မှာ ဖူကျောင်းစစ်ပွဲမှာ ယွဲ့စစ်တပ်က ရှုံးနိမ့်ခဲ့ပြီး ယွဲ့တိုင်းပြည်က ပြည်ပျက်ခါနီးအချိန်ကို ရောက်လာပါတော့တယ်။ယွဲ့အမျိုးသမီး ရှီးစီးနဲ့ အဖေဟာ မြို့တော်ကို ရှင်သန်နေထိုင်ဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဝူတိုင်းပြည်စစ်သူကြီး လင်ဖုန်းက ရှီးစီးရဲ့ အလှကိုမြင်ပြီး အဓ္ဓမသိမ်းပိုက်ဖို့ လုပ်ခဲ့ပါတယ်။ ရှီးစီးအဖေက လိုက်လံတားဆီးတဲ့အတွက် ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရပါတယ်။တိုင်းပြည်ရန်ငြိုး မိသားစုရန်ငြိုးတွေပေါင်းဆုံသွားပြီး ရှီးစီးကလည်း အဖေ့အတွက် ကလဲ့စားချေဖို့ ကျိန်ဆိုခဲ့ပါတယ်။ ကလဲ့စားချေဖို့ ဝူတိုင်းပြည်မင်းကြီးကို ဆက်သမဲ့ အကမယ် ၈ ယောက်ထဲ ပါဝင်ခဲ့ပြီး သူမရဲ့အလှကြောင်း ဝူမင်းကြီးရဲ့ အချစ်ရဆုံး မိဖုရား ဖြစ်သွားခဲ့ပါတယ်။သူလျှိုမိဖုရား ရှီးစီးအပေါ်ကို ဝူမင်းကြီးက မေတ္တာစစ်နဲ့ ချစ်သွားတဲ့အခါ...... ဝူတိုင်းပြည်နဲ့ ယွဲ့တိုင်းပြည်ကြား ရှီးစီးတစ်ယောက် ဘယ်လိုရွေးချယ်မလဲ...... သူမဟာ ယွဲ့တိုင်းပြည်က သူလျှိုဖြစ်ကြောင်းကိုရော သေချာဖုံးကွယ်နိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Filesize : 1.18 GB / 655 MB Quality : WEB-DL ...
movie

New Biography of Xi Shi ( 2024 )

Fierce Hunt ( 2024 ) 6
Fierce Hunt ( 2024 ) စိတ်လှုပ်ရှားစရာ မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Fierce Hunt ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲတပ်ဖွဲ့တွေကို တမင်အနိုင်ယူချင်နေတဲ့ ဒုစရိုက်အဖွဲ့တစ်ဖွဲ့က ထျန်းဟိုင်မြို့က စိန်ရွှေရတနာဆိုင်တွေကိုပဲ ဆက်တိုက် ဓားပြတိုက်နေတာ ဖြစ်ပါတယ်။ ဓားပြတိုက်တိုင်းမှာလည်း မျက်နှာဖုံးတပ်ထားကြတဲ့အတွက် သဲလွန်စ ရှာမရဖြစ်နေပါတယ်။ ပြီးတော့ ဓားပြတွေက ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ကအစ တွေးခေါ်မှုတွေအထိ ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး အမြဲတမ်း လွှတ်မြောက်နေခဲ့ပါတယ်။မှုခင်းရဲတပ်ဖွဲ့က ဆရာတပည့်နှစ်ယောက်ဖြစ်တဲ့ ဝမ်ကျန်းနဲ့ ချန်မော့တို့ကို ဒီအမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ တိုက်ဆိုင်စွာနဲ့ သူတို့နှစ်ယောက် ရွှေဆိုင်တစ်ဆိုင်မှာ ဆရာကတော်အတွက် လက်ဆောင်ရွေးနေတုန်း ဓားပြအဖွဲ့နဲ့ တည့်တိုးတွေ့ခဲ့ပါတယ်။ အရပ်ဝတ်နဲ့ လက်နက်မပါတဲ့ သူတို့ကလည်း ဓားပြတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရုံကလွှဲပြီး ဘာမှ မတတ်နိုင် ဖြစ်နေပါတယ်။ဒါပေမဲ့ ဓားပြခေါင်းဆောင်က ဆိုင်ထဲက လူတွေထဲမှာ ရဲ ၂ ယောက်ရှိနေမှန်း သိလိုက်တဲ့အခါ...... ရဲ ၂ ယောက်ကို ရှာဖို့အတွက် ပြည်သူတွေကို အသက်အန္တရာယ်ပေးလာတဲ့အခါ...... ရဲတွေက ပြည်သူတွေကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.14 GB / ...
movie

Fierce Hunt ( 2024 )

Rescue on One’s Own ( 2024 ) 5.9
Rescue on One’s Own ( 2024 ) ဒါကတော့ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သားကိုကယ်ဖို့တစ်ယောက်ထဲ အစွမ်းကုန်ကြိုးစားတဲ့အကြောင်းပဲဖြစ်ပါတယ်။ ကျိုးတုံးယန်ကတစ်ကိုယ်တည်းသားလေးတစ်ယောက်ကို ပျိုးထောင်ပေးနေတဲ့ ရဲဟောင်းတစ်ယောက်ဖြစ်တယ်။တစ်နေ့မှာသူ့သားလေးက ကျောင်းနဲ့အတူနွေရာသီခရီးစဉ်အနေနဲ့ ထိုင်းကိုသွားရင်း ပြန်ပေးဆွဲခံလိုက်ရပါတယ်။ လူကုန်ကူးတဲ့ဂိုဏ်းရဲ့လက်ထဲကနေ သားလေးကိုပြန်ကယ်ဖို့ အစွမ်းကုန်လိုက်စုံစမ်းတဲ့အချိန်မှာ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ သူနဲ့အရင်ရန်ညှိုးရှိခဲ့ဖူးတဲ့သူဆိုတာသိလိုက်ရပါတယ်။ အရင်ရန်ငြိုးဟောင်းစာရင်းနဲ့ အသစ်ပါပေါင်းပြီး မင်းသားတို့စာရင်းရှင်းတမ်းဖွင့်တဲ့ အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action  Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Rescue on One’s Own ( 2024 )

Desperado ( 2024 ) 6
Desperado ( 2024 ) ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့ လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့ လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာ မင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။ သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကို သမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်း သူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။ လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကို ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Desperado ( 2024 )

Sharktopus ( 2023 ) 5.8
Sharktopus ( 2023 ) တိရစ္ဆာန်ကြီးတွေနဲ့ သည်းထိတ်ရင်ဖို သွေးထွက်သံယိုတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့အတွက် ငါးမန်းဘဝဲရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ်မှာ လူအုပ်စုတစ်ဖွဲ့က ပျော်ပါးနေကြပါတယ်။ သူတို့ မသိကြတာက သင်္ဘောရဲ့ အောက်ခြေမှာ သိပ္ပံပညာရှင်ကျင့်ယာနဲ့ ချန်မျိုးနွယ်ကုမ္ပဏီသူဌေး ချန်ထျန်းခွင်းတို့က စမ်းသပ်မှုကြီးတစ်ခုလုပ်နေပါတယ်။ ငါးမန်းနဲ့ ရေဘဝဲမျိုးရိုး ဗီဇ နှစ်ခုကို ပေါင်းစပ်ပြီး ငါးမန်းဘဝဲမျိုးစိတ်ကို ပျိုးထောင်နေကြပါတယ်။ငါးမန်းဘဝဲရဲ့ ဦးနောက်အရည်ဟာ ရောဂါပေါင်းစုံကို ပျောက်ကင်းစေနိုင်တဲ့အတွက် သက်ရှိဆေးဖော်စပ်ဖို့ လောဘသမား ချန်ထျန်းခွင်းဟာ ငါးမန်းဘဝဲကို ပျိုးထောင်ဆေးရည် အဆမတန်ထိုးပေးခဲ့တဲ့အတွက် မိစ္ဆာကောင်ကြီးဟာ အဆမတန်ကြီးလာပြီး လူတွေကို လိုက်လံ တိုက်ခိုက်ပါတော့တယ်။တစ်ဖက်မှာ အစ်ကိုဖေးဦးဆောင်တဲ့ ပင်လယ်စောင့်ရှောက်ရေးတပ်ဖွဲ့ဟာ တရားမဝင်သက်ရှိဆေးတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ချန်ထျန်းခွင်းကို ဖမ်းဆီးဖို့အတွက် သင်္ဘောပေါ်ကို ရောက်နှင့်နေပြီး ဖြစ်ပါတယ်။ ကျင့်ယာနဲ့ အစ်ကိုဖေးတို့တစ်တွေ ငါးမန်းဘဝဲရဲ့ အန္တရာယ်ကို ဘယ်လို ရင်ဆိုင်ကြမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Action , Horror Runtime : 1h 20 ...
movie

Sharktopus ( 2023 )

Blood on the Nameless River ( 2023 ) 5.8
Blood on the Nameless River ( 2023 ) ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Blood on the Nameless River ( 2023 )

The Valley of the Sacred King ( 2023 ) 5.9
The Valley of the Sacred King ( 2023 ) သင်္ချိုင်းဖောက်ထွင်းဆရာကြီး ဟူပါးရီးက ဒီတစ်ခါတော့ အရှေ့တောင်အာရှကရှေးဟောင်းဘုရင်သင်္ချိုင်းတစ်ခုကိုရောက်လာခဲ့ပါတယ်။ သူတို့ရောက်လာတဲ့အကြောင်းအရင်းတော့ သင်္ချိုင်းထဲကရတနာတစ်ခုဟာ သူတို့မိနေတဲ့အဆိပ်ကိုဖြေနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်ပဲရောက်လာခဲ့ကြပါတယ်။ဒါပေမယ့် သင်္ချိုင်းထဲမှာညီကိုတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အတွက် ဟူပါးရီးဟာသူ့ကိုယ်သူအပြစ်တင်ပြီး စိတ်ဒဏ်ရာကိုမကျော်ဖြတ်နိုင်ဘူးဖြစ်နေပါတယ်။ အဲ့ဒီအချိန်မှာ ဝမ်ခိုင်ရွှမ်ကို စကော့ထ်ဆိုတဲ့နိုင်ငံခြားသားတစ်ယောက်က အတင်းခေါ်သွားခဲ့တဲ့အတွက်ဟူပါးရီးနဲ့ ယန်ရွှယ်လိတို့က ဝမ်ခိုင်ရွှမ်ကိုလိုက်ကယ်ရတော့တာပေါ့...... ဝမ်ခိုင်ရွှမ်ကိုကယ်တင်ရင်းဘာတွေကြုံတွေရမလဲဆိုတာ သင်္ချိုင်းဖောက်ထွင်းရတနာသိုက်ရှာတဲ့ကားဆိုတဲ့အတိုင်း ထူးဆန်းဖြစ်ရပ်တွေအပြည့်နဲ့မလို့ ဆက်ပြီးကြည့်လိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Action Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Valley of the Sacred King ( 2023 )

League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

Di Renjie and the Flying Demon Head ( 2020 ) 6
Di Renjie and the Flying Demon Head ( 2020 ) စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက် effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခု ထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲ တစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာ အခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာ လျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီး ပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီး အန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာ ကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar ...
movie

Di Renjie and the Flying Demon Head ( 2020 )

Deadly Flower ( 2023 ) 6
Deadly Flower ( 2023 ) တရုတ်နိုင်ငံကို ဂျပန်တွေ အုပ်စိုးစဥ် အချိန်ကာလ ၁၉၃၁ ခုနှစ် ဝန်းကျင်အချိန်မှာ တရုတ်ပြည်သူတွေအားလုံးဟာ ဂျပန်တွေရဲ့ နှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပါတယ် ။ ဒီလိုအခြေအနေတွေ အကြပ်ရိုက်နေစဥ်မှာ ကိုယ့်ရဲ့ဂုဏ်သက္ခာကို ရောင်းစားပြီး ဂျပန်လက်အောက်ခစားကြတဲ့ သစ္စာဖောက်တွေကလဲ ပေါ်ပေါက်လို့ လာခဲ့ချေပါတယ် ။အဲဲဒီအထဲမှာ မြို့တော်ဝန် ကျန်းဝမ်လင် ဆိုသူဟာလဲ အပါအဝင်ပါပဲ ။ မြို့တော်ဝန် ကျန်းဝမ်လင် ရဲ့ ဇနီးဖြစ်သူဟာ ယောကျာ်းဖြစ်သူရဲ့ လုပ်ပုံကိုင်ပုံတွေကို အလိုမကျဖြစ်ကာ လုပ်ကြံတော်လှန်ဖို့အထိ ကြံစည်လာခဲ့ပါတယ် ။ ဒါပေမဲ့ မြို့တော်ဝန်ကျန်းဝမ်လင် နဲ့ သူ့ရဲ့ ဂျပန်အပေါင်းအပါတွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ချေပါဘူး ။ အဲတာကြောင့် အမွှာသမီးနှစ်ယောက်ကိုခေါ်ကာ ထွက်ပြေးဖို့ ကြိုးစားရင်း မလွတ်မြောက်နိုင်ပဲ အမွှာသမီး ၂ ယောက်ဟာ တစ်ကွဲစီ ကွဲပြားသွားခဲ့တဲ့အခါမှာတော့ ...?❏ အကြီးဖြစ်သူ သမီးလေးဟာဆိုရင် ဂျပန်တော်လှန်ရေးအဖွဲ့မှာ ပါဝင်ဦးဆောင်နေပြီး ဖခင်ဖြစ်သူကို လုပ်ကြံဖို့ ကြံစည်နေတဲ့အခါ ? ❏ တစ်ဖက်မှာလဲ အငယ်ဖြစ်သူ သမီးမှာတော့ ဖခင်ရဲ့ ချစ်သမီးလေးအဖြစ်ရှင်သန်နေပြီး ဂျပန်ရဲ့ လက်အောက်မှာ ရှိနေတဲ့အခါ ?မတူညီတဲ့ ...
movie

Deadly Flower ( 2023 )

Dragon Quest: The Soul Coffin ( 2023 ) 5.9
Dragon Quest: The Soul Coffin ( 2023 ) လျို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့CMပရိသတ်ကြီးအတွက် လျို့ဝှက်ဆန်းကြယ်ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဟိုးရှေးရှေးတုန်းက ဝိဉာဉ်ချင်းလဲပြီးအသက်ဆက်ရှင်နိုင်စေတဲ့ နဂါးပုလဲလုံးဆိုတဲ့ရတနာပုလဲလုံးကို သဲကန္တာရကြီးတစ်ခုရဲ့ အောက်မှာဝိဉာဉ်အခေါင်းထဲမှာထည့်သွင်းပြီးမြုပ်နှံထားတယ်တဲ့.....တော်လှန်ရေးခေတ်မှာ ပညာအသီးသီးရှိတဲ့လူတစ်စုဟာ ရည်ရွယ်ချက်အသီးသီးနဲ့ သင်္ချိုင်းဖောက်ထွင်းဖို့စုမိကြပါတယ်။ ရှေးဟောင်းမြေပုံတစ်ခုကိုယူပြီး သဲကန္တာရကြီးထဲမှာ ဒဏ္ဍာရီထဲကရှေးဟောင်းသင်္ချိုင်းကိုရှာဖွေခဲ့ကြတယ်။ ရှေးဟောင်းသင်္ချိုင်းကြီးထဲမှာ သူတို့ကိုဘယ်လို ဆန်းကြယ်တဲ့အရာတွေကစောင့်နေမလဲ ...... ဝိဉာဉ်ချင်းလဲပြီးသူများခန္ဓာနဲ့အသက်ရှင်စေနိုင်မယ့် နဂါးပုလဲလုံးဆိုတာကရော ဘယ်လိုအရာဖြစ်နေမလဲ..... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery , Adventure Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Dragon Quest: The Soul Coffin ( 2023 )

Ace Bodyguard ( 2021 ) 5.9
Ace Bodyguard ( 2021 ) ဒီ Ace Bodyguardဆိုတဲ့ action ဇာတ်ကားလေးက ခေါင်းစဉ်နာမည်အရ အထူးသက်တော်စောင့်တစ်ယောက်ရဲ့ကြုံတွေလာရတဲ့အခက်ခဲတွေကို သရုပ်ဆောင်တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်အသက်တော်စောင့်ကျန်းဟန့်က သူ့လုပ်ငန်းကနေအနားယူလိုက်ပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုနဲ့ဘဝကိုအေးဆေးစွာဖြတ်သန်းနေရင်းအန္တရာယ်တွေက ရုပ်တရက် သူတို့မိသားစုလေးအပေါ်ကြရောက်လာတာဖြစ်ပါတယ်ဝါနုသက်တော်စောင့်ဖြစ်တဲ့ ကျန်းဟန့်ရဲ့မိန်းမက သူမအလုပ်တာဝန်ကိုပြီးမြောက်အောင်မလုပ်ဆောင်နိုင်လို့ စာချုပ်အရဖမ်းဆီးခြင်းခံခဲ့ရပါတယ်စာချုပ်အရ တာဝန်မပြီးရင် တစ်ဘက်ကတောင်းဆိုတဲ့အတိုင်း၄၈နာရီအတွင်းပေးတဲ့တာဝန်အသစ်ကို သက်ဆိုင်သူက ပြန်လုပ်ပေးရမှာပါအဲ့တာမလို့ ၄၈နာရီအတွင်း သူချစ်ရတဲ့မိန်းမကို ပြန်ကယ်နိုင်မလားကျန်းဟန့်က သူ့သူငယ်ချင်းတွေနဲ့ ဘယ်လိုပူးပေါင်းကြံစည်ပြီး သူ့မိန်းမကို ဘယ်လိုနည်းလမ်းနဲ့ ကယ်ထုတ်မလဲသူယုံကြည်ရတဲ့ သူငယ်ချင်းတွေကရောတကယ်ယုံကြည်ရတဲ့လူဖြစ်မလားနောက်ဆုံးမှာ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစွာဖြင့် ဇာတ်ကားလေးကိုအဆုံးထိကြည့်ရှုလိုက်ကြပါ Quality : WEB-DL 1080pFormat : mp4Genres : Crime , DramaDuring : 1h 7minSubtitle : Myanmar Subtitle ( hardsub )Translated By A Pu LayEncoded By LK
movie

Ace Bodyguard ( 2021 )