Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ludivine Sagnier
6.7
A Monster in Paris (2011)
ဒီ animation လေးက ပြင်သစ်ကထွက်ရှိထားတဲ့ musical fantasy ဇာတ်ကားလေးဖြစ်ပြီးIMDb 6.7နဲ့ RT 86%အထိ ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အီမီနဲ့ ရာအူးလ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကအိမ်အရောက် ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း သိပ္ပံပညာရှင်ကြီးတစ်ဦး အိမ်ကိုအရောက်စပ်စုလိုစိတ်နဲ့ ပညာရှင်ကြီးတီထွင်ထားတဲ့ ပစ္စည်းတွေကို ဆတ်ဆော့ကြည့်မိရာမှ မတော်တဆမှုတစ်ခု ဖြစ်သွားပြီးအိမ်ထဲကသန်းတစ်ကောင်ကို ဧရာမသန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မိပါတယ်။အဲဒီသန်း မကောင်းဆိုးဝါးကြီးက ထွက်ပြေးလွတ်မြောက်သွားပြီး ရာအူးလ်ရဲ့crushပြဇာတ်အဆိုတော်မလေးဆီ ရောက်သွား ခဲ့ပါတယ်။အဲဒီအဆိုတော်မလေးကို ပိုးပမ်းနေတဲ့ အစိုးရ ကော်မရှင်နာတစ်ဦးလည်း ရှိပြီးအဲဒီအရာရှိက ထောက်ခံမှု ကျဆင်းနေတဲ့ သူ့ရာထူးအတွက် မျက်နှာကောင်းရနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာပါ။အဲဒါကြောင့် ပဲရစ်မြို့ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့စကားကို အခွင့်ကောင်းယူအဲဒီသန်းကောင်ကြီးကို ရှင်းပစ်လိုက်ပြီး လူတွေဆီက မျက်နှာကောင်းရချင်နေတာပါ။ဒါပေမဲ့ အဲဒီ သန်းသတ္တဝါက ဘယ်သူ့ကိုမှ အန္တရာယ်မပြုမှန်း သိနေကြတဲ့အဆိုတော်မလေးနဲ့ အီမီ ရာအူးလ်တို့အဖွဲ့ကကော်မရှင်နာရဲ့ လက်ထဲကနေ သူ့ကိုကယ်တင်ဖို့ ကြိုးစားရပုံတွေကိုသီချင်းမြူးမြူးလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File ...
movie
A Monster in Paris (2011)
2011
6.7
Swimming Pool (2003)
Swimming Pool (2003)~ IMDb - 6.7/10, Rotten Tomatoes - 83% ~ရုပ်ရှင်ဆုပေးပွဲတွေအများကြီးမှာ ဆန်ခါတင်အဆင့်အများကြီးဝင်ခဲ့ပြီး အမျိုးသမီးဇာတ်ဆောင်ဆု တစ်ဆုနဲ့ အကောင်းဆုံးရုပ်ရှင်တစ်ဆုရခဲ့တဲ့ ဇာတ်ကားလေးပါ။သက်လတ်ပိုင်းအရွယ် အောင်မြင်နေတဲ့ လျှို့ဝှက်ဆန်းကြယ် စုံထောက်စာရေးဆရာမတစ်ယောက် စုံထောက်ဇာတ်လမ်းတွေ ရေးရတာ စိတ်ကုန်နေပါတယ်။ အဲဒါကြောင့် ထုတ်ဝေသူက စိတ်အနားရအောင် သူပိုင်တဲ့ ပြင်သစ်က အိမ်လေးတစ်အိမ်မှာ ခဏအနားယူဖို့လွှတ်လိုက်ပါတယ်။ စာရေးဆရာမက အေးဆေးတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ သာသာယာယာနဲ့ စာရေးနေတုန်း ထုတ်ဝေသူရဲ့ သမီးရောက်လာပြီး သူ့ရဲ့ ငြိမ်းချမ်းမှုကို ထိခိုက်လာပါတော့တယ်။ဇာတ်လမ်းကတော့ ဒါပါပဲ။ အေးအေးဆေးဆေးနေချင်တဲ့ စာရေးဆရာမနဲ့ ဆူဆူပူပူနေတတ်တဲ့ တက်ကြွတဲ့ မိန်းကလေး သူတို့နှစ်ယောက်တစ်အိမ်တည်းမှာ တူတူနေရတဲ့အကြောင်းလေးကို ပြထားတာပါ။ဒါပေမဲ့ ဇာတ်လမ်းသွားတဲ့ပုံစံက ဟော်ရာလိုလို၊ လူပဲထသတ်တော့မှာလိုလို၊ ဒရာမာလို အကြီးအကျယ်ခံစားစရာတွေ ပါတော့မလိုလိုနဲ့ ခပ်အေးအေးနဲ့ ကြည့်ဖြစ်သွားအောင် ဆွဲခေါ်သွားပါလိမ့်မယ်။ဇာတ်ကားနဲ့ပတ်သက်ပြီး အများကြီးပြောချင်တာတွေရှိပေမဲ့ အကုန်လုံးက ဇာတ်လမ်းရဲ့ ...
movie
Swimming Pool (2003)
2003