Channel Myanmar

Lucas Black

The X-Files (1998) 7.0
The X-Files (1998)  The X-Files (1998)IMDb Rating (7.0) / Rotten Tomatoes (66%) နာမည်ကျော်သိပ္ပံစိတ်ကူးယဉ်စီးရီး "The X-Files" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ The X-Files: Fight the Future ကိုညွှန်းပေးချင်ပါတယ်။FBI အေးဂျင့်နှစ်ဦးဖြစ်တဲ့ Fox Mulder နဲ့ Dana Scully တို့ဟာ Dallas မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတစ်ခုကို စုံစမ်းစစ်ဆေးရာကနေ အစိုးရရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို သိခဲ့ရပါတော့တယ်။ ဒီလျှို့ဝှက်ချက်ဟာဆိုရင် ဂြိုဟ်သားတွေနဲ့ပါဆက်စပ်မှုရှိနေပြီး ကမ္ဘာမြေကိုခြိမ်းခြောက်နိုင်မယ့် အန္တရာယ်လည်းရှိနေပါတယ်။သူတို့နှစ်ယောက်အနေနဲ့ ဒါကိုဖော်ထုတ်နိုင်ဖို့ သက်စွန့်ဆံဖျားကြိုးစားကြပုံတွေကို သည်းထိတ်ရင်ဖိုခံစားနိုင်မှာဖြစ်ပါတယ်။ စီးရီးရဲ့ပရိတ်သတ်တွေဆိုရင်လည်း ဇာတ်ကြောင်းကဆက်စပ်နေတာကြောင့် ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုရင်မမှားပါဘူး။Sci-Fi thriller ရုပ်ရှင်တွေကြိုက်နှစ်သက်သူတွေဆိုရင်လည်း "The X-Files" ကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p ...
movie

The X-Files (1998)

1998
All the Pretty Horses (2000) 5.8
All the Pretty Horses (2000) All the Pretty Horses (2000)ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး "Best Seller" စာအုပ်တစ်အုပ်ဖြစ်တဲ့ "All the Pretty Horses" ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့... တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါ‌သေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

All the Pretty Horses (2000)

2000
Promised Land(2012) 7.0
Promised Land(2012) Promised Land(2012)မင်းသားကြီး မက်ဒါမွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်...လတ်တလော ရေပန်းစားနေတဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖို့ကိစ္စအတွက် ကုမ္ပဏီကမက်လုံးတွေပေးတာကို နယ်ခံတွေရဲ့  မြေဝယ်ဖို့ကြိုးစားကြတယ်....ဒီလိုအနေအထားမှာ ဘိုးစဉ်ဘောင်စဉ်မြေမို့ ဘယ်လောက်ပေးပေး မြူတစ်မှုန့်စာတောင်ရောင်းဖို့ဆန္ဒမရှိတဲ့ သူတွေ ရှိကြသလို များပျားလွန်းတဲ့ ငွေကြေးကြောင့် ရောင်းပြီးပိုမိုကောင်းမွန်တဲ့ဘဝကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြသူတွေလည်းရှိတယ်..တစ်ချို့တွေကလည်း သဘာဝဓာတ်ငွေ့ကုမ္ပဏီကြောင့် မိမိတို့လူနေမှုဘဝကိုပါများစွာထိခိုက်မယ်လို့လည်း ယူဆနေကြတဲ့သူတွေရှိတယ်...ဘယ်သူတွေက အနိုင်ရသွားမလဲ...အနိုင်ရဖို့ကြိုးစားတဲ့နေရာမှာ ဘယ်လိုမြှုတ်ကွက်တွေရှိမလဲ...ဘယ်သူတွေကရော မှန်နေကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....File Size :(900 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Phyo Pyae
movie

Promised Land(2012)

Legion (2010) 5.2
Legion (2010) Legion (2010)______IMDb - 5.2/10  ဘုရားသခင်ကလူသားတွေအတွက် ပထမတစ်ခေါက်မျှော်လင့်ချက်ကုန်ဆုံးပြီး ယုံကြည်မှု့ကင်းမဲ့သွားတဲ့အချိန်မှာ တစ်ကမ္ဘာလုံးကိုရေလွှမ်းမိုးမှု့ဖြစ်စေပြီးတော့ လူသားတွေကိုရှင်းလင်းခဲ့တယ် ပြီးတော့ နောဧကနေမှတစ်ဆင့် လူသားမျိုးနွယ်တွေကိုတစ်ဖန်ပြန်စတင်စေခဲ့တယ်။အခုဒီဇာတ်ကားထဲမှာလည်း ဘုရားသခင်ကလူသားတွေကို စိတ်ကုန်လာပြီးတော့ ယုံကြည်မှု့ပျောက်ဆုံးနေတဲ့အချိန်ကာလကနေစတင်ခဲ့ပါတယ်။ သူကပျက်ကပ်တစ်ခုကို စတင်ဖို့အတွက်အမိန့်ပေးထားပြီးနေပါပြီ။ အဲ့လိုအချိန်မှာပဲကန္တာရတစ်ခုကစားသောက်ဆိုင်လေးတစ်ဆိုင်မှာတော့ စားသောက်ဆိုင်ပိုင်ရှင် ဘော့ဘ်တစ်ယောက်တီဗွီတွေကအလုပ်မလုပ်လို့စိတ်ပျက်နေပါတယ်။ သူ့ဆိုင်မှာကလည်း ကားပျက်လို့သူ့သားဖြစ်သူ ဂျီပ်ကိုသူပြင်ခိုင်းထားရတဲ့ စုံတွဲတစ်တွဲကလည်းရှိနေသေးပါတယ်။သူတို့ကလည်း ကားအမြန်ပြီးဖို့ တဂျီဂျီနဲ့ဆိုပါတော့။ သူ့ဆိုင်မှာကတော့ သူရယ် သူ့သားဖြစ်သူရယ် ပြီးတော့ ချာလီဆိုတဲ့ကိုယ်ဝန်သည်ရယ် ပါစီဆိုတဲ့စားဖိုမှူးကြီးရယ်နဲ့လည်ပတ်နေတာပေါ့။ ဒီလိုနဲ့သူတို့တွေဟာဆိုရင် ဖုန်းလိုင်းတွေကော ရေဒီယိုလှိုင်းတွေကောဘာတစ်ခုမှအလုပ်မလုပ်ကြောင် းသတိထားမိလာခဲ့ရာကနေ အဘွားကြီးတစ်ယောက်ရောက်လာတဲ့အချိန်မှာ အကုန်ဗြောင်းဆန်ကုန်ပါတော့တယ်။ ဆက်လက်ခံစားကြည့်ရှုပါFile Size - 755 MB Quality - BrRip 720p Translated & Review By Mark Miller Encoded By LK
movie

Legion (2010)

2010