Channel Myanmar

Lu Fang Qi

King of Baji Fist ( 2023 ) 5.8
King of Baji Fist ( 2023 ) လက်ဝှေ့ပွဲတွေကြိုက်တတ်တဲ့သူတွေအတွက် တရုတ်ရိုးရာ ပါးကျီလက်ဝှေ့အစွမ်းကိုပြထားတဲ့ လက်ဝှေ့ကားလေးတင်ပေးလိုက်ပါတယ်။ ကွန်ဖူးပညာတွေဟာ ရှေးတုန်းက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့သုံးကြပေမယ့် ခေတ်နဲ့အမျှပြောင်းလဲလာတဲ့နောက်မှာ အထိနာအသက်အန္တရာယ်ဖြစ်စေမယ့် တိုက်ကွက်တွေကိုတားမြစ်ပြီး ကျန်တဲ့တိုက်ကွက်တွေကို လက်ဝှေ့ပွဲတွေမှာအသုံးပြုခွင့်ပေးထားပါတယ်။ပါးကျီလက်ဝှေ့ပညာဟာ တရုတ်ရိုးရာလက်ဝှေ့ပညာတွေထဲက အစွမ်းထက်တဲ့ပညာတစ်ခုပါ။ ဒါပေမယ့် ဒီရိုးရာလက်ဝှေ့ပညာကိုဆက်ခံသူတစ်ဖြည်းဖြည်းနဲ့နည်းပါးလာပါပြီ။ ပါးကျီမျိုးဆက်ဖြစ်တဲ့ ရွှီမျိုးနွယ်ညီအစ်ကို၂ယောက်မှာ အစ်ကိုဖြစ်တဲ့သူက လက်ဝှေ့နဲ့အသက်မွေးပြီး ညီဖြစ်သူကိုတက္ကသိုလ်ကျောင်းတက်နိုင်အောင် ထောက်ပံ့ပေးနေပါတယ်။ မထင်မှတ်ပဲလက်ဝှေ့ပွဲတစ်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရသွားတဲ့အခါ မိသားစုမှာအားကိုးရာမဲ့သွားခဲ့ပါတယ်။အဲဒီလိုနဲ့ ညီဖြစ်တဲ့သူက မိသားစုတာဝန်ကိုထမ်းဖို့ကြိုးစားရင် အစ်ကိုဖြစ်သူဒဏ်ရာရသွားတာ သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ...... သူ့အစ်ကိုကိုဒုက္ခရောက်စေတဲ့ တရားခံကိုဘယ်လိုဖော်ထုတ်မလဲ...... မိသားစုအမွေဖြစ်တဲ့ ပါးကျီလက်ဝှေ့ပညာကို သူတစ်ယောက်ထဲ ထိန်းသိမ်းသွားဖို့ဖြစ်နိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော်...... Filesize : 1.10 GB / 571 MB Quality : HDTV 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

King of Baji Fist ( 2023 )