Channel Myanmar

Loveleen Mishra

Mrs. (2024) 6.9
Mrs. (2024) Mrs. 2025 "မိဖုရားလား ဘုရင်မလား"အိမ်ထောင်ရေးဆိုတာ ပုံပြင်တွေထဲကလို ချစ်တဲ့သူနဲ့လက်ထပ်ပြီး အမြဲတမ်း Happy Ending ဖြစ်သွားတတ်တာမျိုး မဟုတ်ပါဘူး။အိမ်ထောင်ပြုလိုက်ပြီးမှ ဘ၀စတယ်လို့တောင် ပြောလို့ရပါတယ်။ အထူးသဖြင့်ကတော့ မိန်းကလေးတွေပေါ့။ အပြင်အလုပ် လုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေ၊ အိမ်‌ထောင်ပြုလိုက်တာနဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘ၀ဟာ လုံး၀ပြောင်းလဲသွားရတာပါ။အဲဒီလို မိန်းကလေးတစ်ယောက်ရဲ့ မိဘအိမ်မှာနေတဲ့ အပျိုဘ၀နဲ့ အိမ်ထောင်ရှင်ဘ၀ အကွာကြီးကွာခြားပုံအကြောင်း လက်တွေ့ဘ၀မှာ ဖြစ်တတ်တာလေးတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းထဲမှာ ရီချာဆိုတဲ့ ပညာတတ်မိန်းမချောလေးဟာ သူ့ကိုလာမြန်းတဲ့ ဆရာ၀န်လေးဒီဝါကာနဲ့ မြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်လိုက်ကြပါတယ်။ အစပိုင်းမှာတော့ ချစ်ကြည်နူးတစ်တီတူးတဲ့ ပျော်စရာဇာတ်၀င်ခန်းလေးတွေပါပဲ။ ‌နောက်ပိုင်းမှ ဇာတ်လမ်းစတာပါ။ရီချာဟာ သူတို့ဓလေ့အတိုင်း ခင်ပွန်းသည်အိမ်မှာ လိုက်နေရပါတယ်။ ဒီဝါကာတို့ မိသားစုဟာ သဘောကောင်းတဲ့ ပညာတတ်မိသားစုဖြစ်ပေမဲ့ ရှေးရိုးဆန်ပြီး ဖိုဝါဒကြီးစိုးတဲ့မိသားစုမျိုးလို့ ဆိုရမှာပါ။ အဲဒီမှာ ခေတ်ပညာတတ်မိန်းကလေး ရီချာနဲ့ သွားတွေ့တာပါပဲ။အစပိုင်းတော့ ရီချာတစ်ယောက် ယောက္ခမဖြစ်သူနဲ့အတူ အိမ်ရှင်မတာ၀န်တွေကို သူနိုင်သလောက် လုပ်ပေးပါသေးတယ်။ ဒါ‌ပေမဲ့ နောက်ပိုင်းမှာတော့ သူသိပ်ချစ်တဲ့ အကကိုလည်း မကအား၊ သူလုပ်သမျှကလည်း အရာမထင်သလို၊ အလုပ်ထွက်လုပ်ရတဲ့သူတွေလောက်ပဲ ပင်ပန်းတယ်ထင်ကြပြီး ထုံးစံအတိုင်း အိမ်မှာကျန်ခဲ့တဲ့ အိမ်ရှင်မရဲ့ဘ၀က အရေးမပါ၊ အသိအမှတ်ပြုမခံရတဲ့အခါ...။ရီချာတစ်ယောက် သူ့ရဲ့အိမ်ထောင်ရှင်မဘ၀ကို ဘယ်လိုရှေ့ဆက်ရင်ဆိုင်သွားမလဲဆိုတာ တွေးစရာ ပညာယူစရာလေးတွေနဲ့အတူ ...
movie

Mrs. (2024)

City of Joy (1992) 6.5
City of Joy (1992) City of Joy (1992)Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို "အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ" တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း "လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်"လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ...
movie

City of Joy (1992)

1992