Channel Myanmar

Louis Koo

Beyond the Sin (2025) 6
Beyond the Sin (2025) ဒီနေ့မှာတော့ မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်... ဒီကားလေးမှာတော့ ဘယ်ခြေမသန်တဲ့ မိန်းကလေးတွေကို အထူးဒုက္ခပေးပြီး သတ်ပစ်ခဲ့တဲ့ အမှုတစ်ခုအကြောင်းပေါ့... ဒုက္ခပေးခံရတဲ့သူများတော့ ကွင်းဆက်လူသတ်မှုလို့လည်း ထင်ကြေးပေးနေကြတယ်...တစ်ဖက်မှာလည်း ဒီအမှုက အတော်လေး နာမည်ကြီးလာခဲ့တယ်... အကြောင်းကတော့ ရဲအရာရှိဟောင်းတစ်ယောက်ရဲ့ သမီးလေး သေဆုံးသွားတာကြောင့်ပါပဲ... အလုပ်ဟောင်းကြောင့်ကတစ်ကြောင်း... ကလေးဇောကြောင့်ကတစ်ကြောင်းနဲ့... လဲ့အရာရှိကတော့ ရဲတွေရဲ့ စုံစမ်းမှုကို အားမလိုအားမရဖြစ်ပြီး သူကိုယ်တိုင်ရှာဖွေခဲ့တဲ့အထိပါပဲ... ဒီအပြင်မှာ ရဲတွေဖက်က တစ်ဦးတည်းသော သံသယရှိသူကိုပါ လွှတ်ပေးလိုက်သေးတာကြောင့်... ရဲအဖွဲ့ထက် သူ့ကိုယ်သူ ပိုယုံကြည်ပြီး သူတစ်ဦးတည်း အမှုမှန်ဖော်ထုတ်ဖို့ကြိုးစားခဲ့တာပေါ့ဒီလိုနဲ့ အမှုတစ်ပိုင်းတစ်စချင်းစီ ရှာဖွေရင်း ဖော်ထုတ်ရင်းနဲ့... အဆုံးသတ်မှာ တရားခံကိုရှာတွေ့မှာလား... နောက်ပြီး ဒီအမှုက ဒီလောက်ပဲရိုးရှင်းနေပါ့မလား... စိတ်အပန်းဖြေရင်း ဒီကားလေးကိုကြည့်လိုက်ကြရအောင်နော် Filesize : 987 MB / 570 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Crime , Drama Runtime : 1h 26 min Subtitle : Myanmar Subtitle ...
movie

Beyond the Sin (2025)

Paradox (2017) 6.5
Paradox (2017)  ထိုင်းမင်းသားတိုနီဂျာရဲ့ဇတ်ကားကောင်းလေတင်ဆက်ပေးလိုက်ပါတယ် တရုတ်နဲ့ထိုင်းဖက်စပ် ရိုက်ကူးထားတဲ့အက်ရှင်ကားကောင်းတစ်ကားပါRatingလည်းအလွန်မြင့်တာမို့ဇတ်ကားကောင်းတစ် ကားဆိုတာသံသယရှိစရာမလိုတော့ပါဘူး အားလုံးပဲ မှတ်မိကြမှာပါဂျက်ကီချမ်းနဲ့လူးဝစ်ကိုးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့rob-b-hood ဇတ်ကားကိုပါ ဘယ်နှစ်ကြိမ်ပြန်ကြည့်ကြည့်မရိုးနိုင်တဲ့ဇတ်ကားလေးပါပဲ louis koo ကတော့ဒီဇတ်ကားမှာသူ့ရဲ့အကောင်းဆုံးလုပ်ဆောင်မှုတွေသရုပ်ဆောင်မှုတွေကိုသက်သေ ပြသွားခဲ့ပါတယ်ဇတ်လမ်းအစမှာတော့သမီးလေး ပျောက်ဆုံးသွားလို့သောကများနေတဲ့ဖခင်တစ်ယောက် သမီးလေးကိုပြန်လိုက်ရှာဖို့တရုတ်နိုင်ငံကနေထိုင်းနိုင်ငံကိုရောက်ရှိလာပြီးသမီးဖြစ်သူကိုပြန်လိုက်ရှာတဲ့အခါ ပြန်တွေ့နိုင်မှာလားထိုင်းမှာရှိနေတဲ့ရဲစုံထောက်နှစ် ယောက်ကကောသူ့ကိုကူညီနိုင်မှာလားရက်စက်ကြမ်း ကြုတ်တဲ့လူဆိုးဂိုဏ်းတွေလက်ထဲကနေသမီးလေးကို ပြန်ရယူနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ တိုနီဂျာရဲ့အက်ရှင်အကြမ်းအရမ်းတွေကိုလည်းပြန်လည်မြင် တွေ့ရမှာပါ ကောင်းမွန်ပြီးစိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ဇတ်ကားတစ်ကားလို့ပြောကြားရင်းဒေါင်းကြည့်လိုက် ကြပါနော် File size…(1.8 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... Martial Arts, Action, Adventure, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Myint Oo
movie

Paradox (2017)

2017
Once Upon a Time in Hong Kong ( 2021 ) 6.1
Once Upon a Time in Hong Kong ( 2021 ) ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာ ပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ...ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာ စီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့... ဒါပေမယ့် ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ.... နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့...လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင် မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာ ကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကို တကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီး လုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်... ဒါကို မကြည့်နိုင်သူတစ်ဦးက အမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ် စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊ အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ် မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကို ဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင် Filesize : 2.15 GB / 1.12 GB Quality : WEB-DL 1080p HEVC , 720p ...
movie

Once Upon a Time in Hong Kong ( 2021 )

A Witness Out of the Blue ( 2019 ) 6.0
A Witness Out of the Blue ( 2019 ) 1080pလွန်ခဲ့တဲ့သုံးလက လိရှင်းရတနာဆိုင်ကိုဓားပြတိုက်ခဲ့တဲ့ ရဲအလိုရှိဓားပြလေးယောက်အဖွဲ့ထဲကတစ်ယောက်ဖြစ်တဲ့ရွီခန်းအသတ်ခံရပြီးနောက် ရွီခန်းအခန်းထဲကရတနာထုပ်ကပါပျောက်သွားခဲ့ပါတယ်...အခင်းဖြစ်ပွားရာအခန်းထဲမှာကြက်တူရွေးတစ်ကောင်နဲ့ ကျန်အဖွဲ့သားသုံးဦးရဲ့လက်ဗွေရာကိုပဲတွေ့ခဲ့လို့သူတို့ကိုရဲတွေက လူသတ်မှုသံသယရှိသူတွေအဖြစ်စုံစမ်းစမ်းဆေးနေစဉ်အတွင်း ကျန်နေတဲ့ဓားပြအဖွဲ့မှာတစ်ယောက်ပြီးတစ်ယောက်အသတ်ခံနေရပြီး ဝမ်းရှင်းယွမ်တစ်ယောက်ပဲကျန်နေခဲ့ပါတော့တယ်....သူတို့ကိုဘယ်သူကသတ်တာလဲ... ပျောက်သွားတဲ့ရတနာထုပ်ကရောဘယ်သူ့လက်ထဲမှာလဲ... အကြွေးတင်ခံရလောက်အောင်တိရစ္ဆာန်တွေကိုချစ်တဲ့ရဲအရာရှိလင်ဖာလျန် အခင်းဖြစ်ပွားရာမှာရှိနေခဲ့တဲ့ကြက်တူရွေးတစ်ကောင်နဲ့ ဘယ်လိုအမှုဖော်ကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်.. Filesize : 3.67 GB / 1.56 GB / 837 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Crime , Thriller , Mystery Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK  
movie

A Witness Out of the Blue ( 2019 )

4K HEVC
The White Storm 3: Heaven or Hell ( 2023 ) 6.3
The White Storm 3: Heaven or Hell ( 2023 ) The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားသုံးကားလုံးကိုဒီနေရာမှာရှာနိုင်ပါတယ် ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့ Louis Kooတစ်ယောက်ပဲပြန်ပါလာပြီး မင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Filesize : 1.88 GB / 1.04 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama , Crime Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu ...
movie

The White Storm 3: Heaven or Hell ( 2023 )

The White Storm 2: Drug Lords ( 2019 ) 6.3
The White Storm 2: Drug Lords ( 2019 ) The White Storm ကားရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ် စုစုပေါင်းသုံးကားထွက်ထားပြီး ဇာတ်ကားသုံးကားလုံးကို ဒီနေရာမှာရှာနိုင်ပါတယ်ဒီကားလေးဟာ 2019 julyလ 2023 ကမထွက်ထားတဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. ဒီဇာတ်ကားထဲမှာမင်းသားကြီး Andy Laoနဲ့ Louis Kooတို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Louis Kooကိုလဲပုံစံတစ်မျိုးနဲ့မြင်တွေ့ရမှာဖြစ်မှာပါ..ဇာတ်လမ်းအကျဉ်းကတော့ ဟောင်ကောင်မြို့မှာအကြီးဆုံးမူးယစ်ရာဇာဖြစ်လာတဲ့ တိကျန့်ဟာဟောင်ကောင်မူးယစ်ဈေးကွက်ကိုအုပ်စိုးဖို့ ကြိုးစားနေသူပါ.. တစ်ဖက်မှာလည်း ဟောင်ကောင်မူးယစ်နှိမ်နင်းရေးအဖွဲ့က ဒါရိုက်တာယွီစွင့်ထျန်းဟာ မူးယစ်ရာဇာတွေအားလုံးကိုဖြိုခွဲဖို့ကြိုးစားလာတဲ့အခါ ဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်ကြမလဲ...သူတို့ကြားမှာ ဘယ်လိုအငြိုးတရားတွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Filesize : 1.68 GB / 850 MB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama , Thriller Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie

The White Storm 2: Drug Lords ( 2019 )

2019
The White Storm ( 2013 ) 6.7
The White Storm ( 2013 ) Line Walker မင်းသားပါဝင်တဲ့Nick Cheung ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Ching Wan Lao,Louis Kooနဲ့ Nick Chengတို့ မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ...ဇာတ်လမ်းအကျဉ်းလောကတော့ ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ထဲကတစ်ယောက်ကိုသူလျိူအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ...ဘယ်လိုအခက်အခဲတွေနဲ့ အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ.. ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာ တင်ဆက်သွားမှာပဲဖြစ်ပါတယ် Filesize : 2.38 GB / 1.11 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Drama , Action , Thriller Runtime : 2h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The White Storm ( 2013 )

2013
Line Walker 2 : Invisible Spy ( 2019 ) 6.3
Line Walker 2 : Invisible Spy ( 2019 ) Yangonမှာလာရိုက်တဲ့အခန်းတွေပါပြီး မြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker 2 ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ 2019 aug 7ရက်မှာ ထွက်ရှိထားတာဖြစ်ပြီး Box officeမှာ US $85.7millionဝင်ငွေရရှိထားတဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..မင်းသားကြီး Louis Koo,Nick Cheung,Francis Ngတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာကလေးငယ်တွေကို ဖမ်းဆီးပြီး စနစ်တကျလေးကျင့်ပေးကာနိုင်ငံတကာရဲဌာနတွေမှာ စပိုင်ရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်...လက်ထောက်စခန်းမူးယိနဲ့ အရာရှိချိန်တို့ ဟက်ကာယောင်ခယ်ရီကို ဖမ်းမိချိန်မှာတော့ သူမရဲ့အကြမ်းဖက်အဖွဲ့ကို ဟက်ပြီး ရထားတဲ့ဒေတာအချက်အလက်တွေအရ ရဲဌာနမှာ စပိုင်ရဲအရာရှိတွေအမြောက်အများရှိနေတာကိုသိလိုက်ရတဲ့အခါ.... လုံခြုံရေးအရာရှိချင်က ဒီဟက်ကာယောင်ခယ်ရီရဲ့ အမှုကိုလက်လွဲယူရချိန်မှာ ဘာတွေဆက်ဖြစ်လာလဲ... ဘယ်သူက စပိုင်ရဲအရာရှိဖြစ်နေမလဲ.. အကြမ်းဖက်သမားတွေကိုနှိမ်နင်းနိုင်ပါ့မလား... ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ ကိုယ့်နိုင်ငံမှာလာရိုက်ထားတဲ့အခန်းတွေကလည်းရေလည်မိုက်ပါတယ် Filesize :  1.97 GB / 971 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , Thriller , Drama Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Line Walker 2 : Invisible Spy ( 2019 )

2019
Line Walker (2016) 6.1
Line Walker (2016) Line Walker (2014) ဆိုတဲ့ဟောင်ကောင် Action ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီး ဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။Line Walker ဆိုတာကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဲ ဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့ အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့ တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာ အသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီး တာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေ ကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင် လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနက လျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာ Black Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေက ပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။ မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုက ကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ Filesize : 2.68 GB / 1.12 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , ...
movie

Line Walker (2016)

2016
Kung Fu Monster ( 2019 ) 5.7
Kung Fu Monster ( 2019 ) Jan 3 (2018) ရက်နေ့ကမှ ရုံတင်ပြသသွားတဲ့ Kung Fu Monster ဆိုတဲ့ဇာတ်ကားကောင်း..ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်းလေးကတော့ မင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ နန်းတွင်းမှာအာဏာကြီးနေတဲ့ မိန်းမစိုး စွေးယွိဟော့ဟာ အမွှေးမဲတွေဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါး တစ်ကောင်ကို လူသတ်လက်နက်အဖြစ်လေ့ကျင့်ပေးဖို့ သူ့ရဲ့ကိုယ်ရံတော်ခေါင်းဆောင် ဖုံးစေ့ဟိုင်ကို တာဝန်ပေးလိုက်ပါတယ်ဒီမကောင်းဆိုးဝါးလေးရဲ့ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်လေးကို တွေ့ပြီးမလေ့ကျင့်ပေးရက်တော့ပဲ လွှတ်ပေးလိုက်မိတယ် ဒီလိုနဲ့ ဖုံးစေ့ဟိုင်နဲ့ မကောင်းဆိုးဝါးကောင်လေးကို ဆုတွေအများအပြား ထုတ်ပြီး လိုက်လံဖမ်းဆီးခြင်းကိုခံရတာပေါ့ဖုံးစေ့ဟိုင်အဖမ်းခံရတဲ့အခါမှာ သူ့ချစ်သူက သူ့ကိုကယ်တင်ဖို့ အဖွဲ့တစ်ဖွဲ့စုပြီး တော့ မကောင်းဆိုးဝါးကောင်လေးနဲ့ပါ ပူးပေါင်းလိုက်ပါတယ်..ဒီလိုပုံစံမတူနဲ့အဖွဲ့နဲ့ မကောင်းဆိုးဝါလေးတို့ ပူးပေါင်းပြီး စွင်းယိဟော့ကိုဘယ်လိုရင်ဆိုင်ရကြမလဲ.. စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်သလို Monster နဲ့ပတ်သတ်တဲ့တရုတ်ကားတွေထဲမှာတော့ ဒီကားလေးကိုအတော်လေးသဘောကျမိပါတယ်ဘာသာပြန်နဲ့အညွှန်း Phyo Zaw ဖြစ်ပါတယ် Filesize : 1.90 GB / 1.13 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , Fantasy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Kung Fu Monster ( 2019 )

2018
The Lion Roars ( 2002 ) 6
The Lion Roars ( 2002 ) Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား...... အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ..... Filesize : 1.7 GB / 1.05 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Lion Roars ( 2002 )

Twilight of the Warriors: Walled In (2024) 6
Twilight of the Warriors: Walled In (2024) Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။ Filesize : 3.5 GB / 1.19 GB / 716 MB Quality : WEB-DL 2160p (4K), 1080p , 720p Format : mp4 Genres : Action , Crime , Thriller Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Twilight of the Warriors: Walled In (2024)

4K HEVC
Death Notice ( 2023 ) 6.2
Death Notice ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ "သေဆုံးခြင်းအကြောင်းကြားစာ" များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။Darker က ဘယ်သူဖြစ်မလဲ...... အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ...... ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie

Death Notice ( 2023 )

The Legend Of Zu (2001) 5.1
The Legend Of Zu (2001) ဇူတောင်တန်းမှာ ဒဏ္ဍာရီတွေ အများကြီးရှိနေပါတယ်...စွမ်းအားပြင်းတဲ့ လက်နက်တွေ နတ်ပြည်က ဖန်ဆင်းပေးထားတာတွေ မသေမျိုးတွေ ပြီးတော့... တောင်တန်းကို မကောင်းဆိုးဝါးတွေ လက်ထဲက ကာကွယ်ပေးနေတဲ့ အသင်းတော်တွေ …နှစ် ရာထောင်သောင်းချီတဲ့ ကာလအတွင်းမှာ အသင်းတော်တွေကြားက မညီညွတ်မှုကြောင့် တစ်သင်းပြီး တစ်သင်း မကောင်းဆိုးဝါးကြီး အင်စိုရဲ့ ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်ခဲ့ရပါတယ်။အခုကတော့ အိုမီအသင်းတော်အလှည့်ပါ... အိုမီကျောင်းတော်သားတွေက တက်ညီလက်ညီ ကာကွယ်သွားနိုင်မလား... မကောင်းဆိုးဝါးကပဲ အနိုင်ယူသွားမလားဆိုတာကို တရုတ်သိုင်းကား စိတ်ဝင်စားရင်တော့ ကြည့်လိုက်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲခဗျာ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(3GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:44:00 Type__Action, Adventure, History Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

The Legend Of Zu (2001)

Call of Heroes (2016) 6.4
Call of Heroes (2016) Call of heroes (2016)ဒီကားလေးကတော့ နိုင်ငံရေးအရှုပ်အထွေးတွေ ကွန်ဖူးသဘောကျသူတွေ ကြည့်သင်တဲ့ကားလေးပါနော် မြင်းတစ်ကောင်ကိုပဲ မှီခိုပြီး မြင်းသွားရာနောက်သာလိုက်တတ်တဲ့ မာဖုန်း... သူ့မှာဘယ်လိုအတိတ်တွေရှိခဲ့လို့ လောကကြီးကိုစိတ်ကုန်ပြီး လေလွင့်နေတာလဲ?တောမီးလောင် တောကြောင်လက်ခမောင်းခတ်သလို တိုင်းပြည်မငြိမ်သက်ချိန် ချောင်ယင်းက စစ်အင်အားစုပြီး မြို့လေးတွေကို လိုက်သိမ်းပိုက်ပါတော့တယ်စိတ္တဇဆန်ဆန် လူပဲသတ်ချင်နေတဲ့ ချောင်ယင်းရဲ့သား ချောင်ရှောလန်ကြောင့် မာဖုန်းနဲ့ ဆရာမလေး​ပိုင်တို့ တွေ့ဖို့ဖြစ်လာတဲ့အခါ...ဘယ်လိုကံကြမ္မာတွေကြုံတွေ့ရမလဲ?ချောင်ယင်းတို့ကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(2.7GB) / (1.3GB) Quality__Bluray_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:00:00 Type__Action, Adventure, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Call of Heroes (2016)

Overheard (2009) 7.1
Overheard (2009) Overheard ( 2009 )ဟောင်ကောင်ဂန်း မာစတာပိစ်ကားဖြစ်တဲ့ Infernal Affairsကားကို ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ၂ယောက်ဖြစ်တဲ့ Felix Chongနဲ့ Alan Mak တို့ ပူးတွဲ ရိုက်ထားတဲ့ကားပါ။ Infernal Affairsလိုပဲ ၃ကားထွက်ရှိထားပြီး ဟောင်ကောင်မှုခင်းကားကောင်း စာရင်းဝင်ကားဆိုလည်း မမှားပါဘူး။မင်းသားတွေ ဇာတ်ပို့တွေကတော့ တကယ့်နာမည်ကြီးတွေချည်းပါပဲ။ The Mitchells vs. the Machines ကို ဆိုနီနဲ့ပူးတွဲထုတ်ခဲ့တဲ့ One Cool Group Limited ရဲ့ဖောင်ဒါ 1994က ရုပ်ရှင်စရိုက်ခဲ့ပြီး ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးမင်းသားတွေထဲ အပါအဝင်ဖြစ်သလို Johnnie Toလို ဆရာကြီးရဲ့ လက်စွဲတော်ဖြစ်ခဲ့တဲ့ တလောကတင်နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်သိပ္ပံကား Warriors of Futureရဲ့မင်းသား Louis Koo , ဂျက်ကီချမ်းရဲ့ New Police Story နဲ့ လူသိများတယ်ပြောလို့ရတဲ့ ...
movie

Overheard (2009)

Throw Down (2004) 6.8
Throw Down (2004) Throw Down (2004)Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ ...
movie

Throw Down (2004)

Triad Election (2006) 7.3
Triad Election (2006) Triad Election (2006) ~ IMDb - 7.3/10, RT - 96%, Meta - 83% ~Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို ...
movie

Triad Election (2006)

2006
Election (2005) 7.1
Election (2005) Election (2005) ~ IMDb - 7.1/10, RT - 87%, Meta - 73% ~အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။ ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း ...
movie

Election (2005)

2005
Don’t Go Breaking My Heart 2 (2014) 5.6
Don’t Go Breaking My Heart 2 (2014) Don't Go Breaking My Heart 2 (2014) ==========================IMDb Rating - 5.6/102011 ခုနှစ်ကထွက်ရှိထားတဲ့ Don’t go breaking my heart ကားလေးကတော့ သုံးနှစ်တာစောင့်ဆိုင်းမှုအပြီးမှာ ဒုတိယအတွဲအနေနဲ့ထွက်လာပြီး ပရိသတ်ရင်ကို ဆွဲကိုင်လှုပ်ခဲ့ပြန်ပါတယ်။ အရင်အပိုင်းကို မကြည့်ရသေးရင်တော့ အရင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲ့ဒါမှာ အားရပါးရလောင်ရပြီး၊ အားရပါးရကြည်နူးရမှာဗျ။(** အပိုင်း(၁) မကြည့်ရသေးရင် အခုအညွှန်းက Spoiler ဖြစ်နိုင်ပါတယ်။ **)အပိုင်း(၁) >>> Click Hereဒုတိယအပိုင်းမှာတော့ ခြေငြိမ်ဖို့ဟန်ပြင်ခဲ့တဲ့ ကျန်းရှန်ရန်တစ်ယောက် ယန်ယန်ရန်ဆိုတဲ့ မမကြီးနဲ့ချစ်သွားကြပါပြီ။ ဒါပေမဲ့ “အချစ်ဦးကို သေခါမှမေ့”ဆိုတဲ့အတိုင်း အတိတ်က ချန်ကျီရှင်းကိုသတိရတိုင်း အတူတူနေခဲ့တဲ့အိမ်လေးဆီသွားပြီး လွမ်းနေတုန်းပါပဲ။ ကမ္ဘာကြီးကဘယ်လောက်တောင်ကျဉ်းလဲဆိုတော့ ချန်ကျီရှင်းရဲ့အလုပ်ရှင်သစ်က ယန်ယန်ရန်ဖြစ်နေပြီး သူ့အစ်ကိုပေါလ်ကလည်း ယန်ယန်ရန်ကိုတစ်ဖက်သတ်သဘော ကျနေသူပါ၊အချစ်တွေများလွန်းတဲ့ ကျန်းရှန်ရန်တစ်ယောက် အချစ်ဦးချန်ကျီရှင်းနဲ့ပြန်တွေ့ရပြီး လက်ထပ်မယ်လို့ရည်ရွယ်ထားတဲ့ ယန်ယန်ရန်ကိုလည်း တစ်ခြားသူကလာကြိုက်နေတော့ ဘယ်သူ့ကိုရွေးမှာလဲ? ဘယ်သူ့ကိုချစ်ရမလဲ? အချစ်စစ်ဆိုတာရော တကယ်ရောရှိရဲ့လား? စတဲ့မေးခွန်းတွေအတွက်အဖြေကို အလွဲလေးတွေ၊ ဟာသလေးတွေ၊ ရိုမန့်စ်လေးတွေနဲ့ ရိုက်ပြထားတာမို့ ဒီကားလေးလည်း ဆက်လက်ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Jo Jo ...
movie

Don’t Go Breaking My Heart 2 (2014)

2014