Channel Myanmar

Liu Zhiyang

Strange Talk About Heishiling ( 2022 ) 5.9
Strange Talk About Heishiling ( 2022 ) အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေ မှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါ ပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေး ပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲအဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတ မကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲ လတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာ အဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖို အာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ်မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါ ဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာကရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါ သူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူ သူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့် စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ် အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ? တကယ့်တရားခံကရော ဘယ်သူလဲ? ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာ ဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော် Filesize : 1.27 GB / 611 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller, Mystery Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Strange Talk About Heishiling ( 2022 )

Mukden Funeral Shop (2022) 6.2
Mukden Funeral Shop (2022) “ဒီလောကကြီးမှာ သရဲ တစ္ဆေဆိုတာမရှိပါဘူးလူတွေရဲ့ စိတ်နှလုံးထဲမှာ ကြောက်စိတ်ကိန်းအောင်း နေလို့သာ သရဲ တစ္ဆေနဲ့ပတ်သတ်တဲ့ လှည့်စားမှုပေါင်းများစွာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ် ”တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက်ပေါက်လာချိန် အချိန်ကာလ / တရုတ်ရိုးရာ တစ္ဆေပွဲတော်နေ့တစ်နေ့ .....ထိုက်ဖျင် တရားရုံးရဲ့ မှောင်ပျပျ ပြဇာတ်ရုံတစ်ခုမှာ "ယင်းတောင်ရဲ့ နတ်ဆိုးအရှင်" ပြဇာတ်ကို ကပြလို့နေခဲ့ပါတယ်တစ်ဆက်ထဲမှာပဲ အဲဒီနေ့က စစ်ဆေးရေးမှူးချုပ် ဖန်းကျန့်ရူ ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်လို့နေခဲ့ပါတယ် ဖန်းကျန့်ရူရဲ့ သားဖြစ်သူဟာ ပြဇာတ်ရုံကို ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ လူလွှတ်လိုက်ပြီးတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ပြဇာတ်ရုံကို သိမ်းပိုက်လိုက်ပါတော့တယ် လူတွေအားလုံး ပျော်ရွှင်မှုရဲ့ အငွေ့အသက်တွေကြားမှာ နစ်မြောနေချိန်အတွင်း ......မီးတောက်များစွာနဲ့ လောင်ကျွမ်းနေတဲ့ လူတစ်ယောက်က စင်မြင့်ထက်ကနေပြီး ပြုတ်ကျလာခဲ့ပါတော့တယ် အဲ့ဒီမြင်ကွင်းက တစ္ဆေပွဲတော်နေ့ရက်မှာမှ နတ်ဆိုးအရှင်ကို မီးရှို့ခံရတဲ့မြင်ကွင်းနဲ့ သွားတူလို့နေပါတယ် သိကြတဲ့အတိုင်း လူသားတွေဆိုတာ တစ်ခုခုဆိုရင် အယူသည်းကြတဲ့ အထဲမှာပါလေ့ရှိပါတယ်စင်အောက်က စက္ကူရုပ်တွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေအားလုံးက မီးကျွမ်းလောင်သွားခဲ့တာမို့ နတ်ဆိုးအရှင် ဒေါသထွက်သွားပြီ ဆိုတဲ့ ကောလဟာလတွေကတစ်ဟုန်ထိုးဆိုသလို ပျံ့နှံ့လို့သွားပါတော့တယ် ဖန်းကျင့်ရူဟာလဲ ဒေါသပုန်ထပြီး ဒီကိစ္စကို စတင်စုံစမ်းခဲ့ပါတယ် ဖုန့်ထျန်း စျာပနပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ ရွှီစစ်ကျို ဟာလဲ ဖိအားပေးခံရကာ ဒီအမှုကိစ္စမှာ ပါဝင်လာခဲ့ပါတော့တယ် အမှုကိစ္စကဟာ တစ်ဖြည်းဖြည်း ...
movie

Mukden Funeral Shop (2022)

Enter The Coffin ( 2023 ) 6
Enter The Coffin ( 2023 ) အယူသည်း / အစွဲလမ်းကြီးတယ်ဆိုတဲ့နေရာမှာ ကောင်းတာတွေလဲ ရှိသလို ဆိုးတတ်တဲ့အရာတွေလဲ ရှိစမြဲပါ ။ ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီး ကို အယူသည်း / အစွဲလမ်းကြီးတတ်တာနဲ့ ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။စီးပွားရေးလုပ်ငန်းတိုင်း လုပ်သမျှအဆင်မပြေ အခက်အခဲတွေနဲ့ အမြဲတမ်းရင်ဆိုင်နေရသူ ၊ ၆ လသားအရွယ်သားငယ်လေးဟာလဲ ညညဆို ထူးဆန်းစွာနဲ့ ငိုနေသည်မို့ စိတ်ပူပန်နေရသူ ၊ မိမိလုပ်ကိုင်နေတဲ့ သိုလှောင်ရေးရုံမီးလောင်ပြီး လုပ်ဖော်ကိုင်ဖက်လဲ မီးထဲပါကာ သူ့ရဲ့ဆေးကုစရိတ်နဲ့ လျော်ကြေးငွေတွေပေးအပ်ဖို့ ရင်ဆိုင်နေရသူ - မာယွမ်ဟောက်ဒီလို ကံဆိုးမှုတွေဟာ တိုက်တိုက်ဆိုင်ဆိုင် တစ်ကြိမ်ပြီး တစ်ကြိမ်ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ ရှေးရိုးစွဲဆန်ပြီး အယူသည်းတဲ့ မာယွမ်ဟောက်ရဲ့ မိခင်ဟာ နတ်ဆရာတွေကို အတင်းအကျပ် ယုံကြည်ကိုးကွယ်ခဲ့ပါတော့တယ် ။ ယနေ့ခေတ် လူငယ်ပီပီ နတ်တွေ ဝိဉာဥ်တွေမယုံကြည်တဲ့ မာယွမ်ဟောက်တို့ ဇနီးမောင်နှံကလဲ အမေဖြစ်သူရဲ့ လုပ်ရပ်အတွက် အရမ်းကိုစိတ်ကျဥ်းကျပ်နေရရှာပါတော့တယ် ။❏ ဒီလိုအခက်အခဲနဲ့ ကြုံနေစဥ်အတွင်းမှာပဲ ကွဲကွာနေတာကြာပြီဖြစ်တဲ့ မာယွမ်ဟောက်ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ကျန်းဟိုင်လင်ဟာ မာယွမ်ဟောက်ရဲ့ နံဘေးကို ပြန်လည်ချဥ်းကပ်ရောက်ရှိလာခဲ့တဲ့အခါမှာ....?❏ တစ်ဖက်မှာလဲ နတ်ဆရာတွေရဲ့ဟောပြောမှူတွေ ...
movie

Enter The Coffin ( 2023 )