Channel Myanmar

Liu Xiaoyu

Fall Into The Mortal World (2024) 7.0
Fall Into The Mortal World (2024) ၂၀၂၄ ရဲ့ Rating ကောင်းတဲ့တရုတ်ဒဏ္ဍာရီဇာတ်လမ်း Fantasy Animation ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တရုတ်ချစ်သူများနေ့ဒဏ္ဍာရီဖြစ်တဲ့ နတ်သမီးလေးကျစ်နွီနဲ့ လူသားလေးညိုလန်ရဲ့ဇာတ်လမ်းကိုအခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။ကြယ်တာရာ(၂၈)ခုကိုတာဝန်ယူရတဲ့ နတ်သမီးကျစ်နွီဟာတာဝန်ပေါ့ဆတဲ့အတွက်ကြောင့် လူပြည့်ကိုဆင်းသက်ခဲ့ရတယ်လို့ဆိုတယ်။ကြယ်တာရာတွေကပြစ်ဒဏ်ပြန်ခတ်လို့ ကျစ်နွီဟာချစ်သူနဲ့ကလေးတွေကိုပါဆုံးရှုံးခဲ့ရတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ကျစ်နွီရဲ့သားကျင်းဖုန်းဟာသူ့အမေရဲ့အပြစ်တွေကိုပြန်ပေးဆပ်ဖို့အတွက် လူ့ပြည်ကိုပြန်သွားပြီး ပျောက်ဆုံးနေတဲ့ကြယ်တာရာတွေကိုပြန်စုစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။လူ့ပြည်ကိုသွားတဲ့အချိန်မှာ မထင်မှတ်ပဲ နတ်ပြည်ကိုသွားပြီးအမေရှာချင်တဲ့ ကလေးမလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်လက်တွဲပြီး ကြယ်တာရာတွေကိုရှာဖွေရင်း အတိတ်ကဖြစ်ရပ်မှန်တွေကို သိလိုက်ရတဲ့အခါ အရာအားလုံးကပြောင်းလဲသွားခဲ့ပါတယ်။ဒီဇာတ်ကားလေးမှာ ကျစ်နွီကို နူးညံ့သိမ်မွေ့ပြီးအချစ်ကိုပဲအလေးထားတာမျိုးမဟုတ်ပဲ ကြယ်တာရာတွေကိုတာဝန်ယူရတဲ့ ရဲရင့်ပြီးအရည်အချင်းရှိတဲ့နတ်သမီးတစ်ပါးအဖြစ် ဒဏ္ဍာရီထဲဇာတ်ရုပ်နဲ့ကွဲထွက်အောင်ပုံဖော်ထားပါတယ်။ဒါကအချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပဲ အိမ်ပြန်လမ်းကိုရှာဖွေတဲ့ ဘဝရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 3.26 GB / 1.72 GB / 986 MB Quality : WEB-DL 4K HEVC ,  1080p HEVC , 720p HEVC Format : mkv Genres : Animation , Fantasy Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded ...
movie

Fall Into The Mortal World (2024)

4K HEVC
New Gods: Yang Jian ( 2022 ) 6
New Gods: Yang Jian ( 2022 ) ဒီနေ့မှာဆိုရင် CM က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ်မှာ ရုံတင်ထားတဲ့ တရုတ် Animation ဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ် ဒီဇာတ်ကားလေးဟာဆိုရင် တရုတ်နိုင်ငံရဲ့ ၂၀၂၂ခုနှစ် 3D ကာတွန်းစိတ်ကူးယဥ်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ 《New God Lists》စီးရီးတွေထဲက ဒုတိယမြောက် ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူးရှင် မင်မင်းဆက် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ 《နတ်ဘုရား ယန်ရိ》 ထဲက ရန်ကျန်ကာရိုက်တာကို ဆီလျော်အောင်ပြန်လည်ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရမယ်ဆိုရင်တော့ -“ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီး နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့ ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ် တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီး ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့ လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး မိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါ ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ် အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့ ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -”❐ ဘာတွေဆက်ဖြစ်ကြမှာလဲ ❐ တူရီးနှစ်ယောက်အတူတူ ဘယ်လို ဘေးအန္တရာယ်မျိုးတွေကို ...
movie

New Gods: Yang Jian ( 2022 )

4K HEVC
The Umbrella Fairy ( 2024 ) 6
The Umbrella Fairy ( 2024 ) အရာဝတ္ထုတွေက ဘာအတွက် တည်ရှိနေတာလဲ... ဒီမေးခွန်းလေးကို ဒီကားလေးက ဖြေပေးသွားပါလိမ့်မယ်... ရှော့ပင်ထွက်တဲ့အခါ ငါကမဝယ်ချင်သူ ပစ္စည်းက လှမ်းခေါ်နေလို့ ဝယ်ပါလို့ပြောနေလို့ဆိုတာ မှန်လောက်တယ်... ဘာလို့လဲဆိုတော့ ပစ္စည်းတွေက ပိုင်ရှင်နားနေတာကြာတဲ့အခါ စိတ်ဝိညာဉ်လေးတွေဖြစ်လာပြီး အသက်ရှိသွားကြတယ်...သူတို့ သခင်နဲ့အတူရှိချိန်မှာ သခင်နဲ့အတူ နေ့ရက်တိုင်းကို တာဝန်ကျေဖြတ်သန်းပေးပြီး သေသွားတဲ့အခါ သူတို့ပိုင်ရှင်စိတ်ဆန္ဒကို ဖြည့်ဆည်းပေးရင်း ကျန်ရစ်သူတွေအတွက် အမှတ်တရအဖြစ် ဆက်နေပေးသွားကြတယ်တဲ့...ဇာတ်လမ်းလေးကတော့ ... ရှေးဟောင်း အမှတ်တရပစ္စည်းခန်းမမှာ စုဝေးနေတဲ့ ခေတ်အဆက်ဆက်က ပစ္စည်းတွေနဲ့အတူ အဲ့ပစ္စည်းတွေမှာ ရှိနေတဲ့ စိတ်ဝိညာဉ်လေးတွေရဲ့ အကြောင်းကို နောက်ခံပြု ဇာတ်လမ်းဆင်ထားတာပေါ့...ဒီခန်းမထဲကို နောက်ဆုံးရောက်လာတဲ့ စိတ်ဝိညာဉ်နှစ်ယောက်ကတော့ ကျောက်စိမ်းနက်တစ်တုံးတည်းကနေ ခွဲပြီး လုပ်ခဲ့တဲ့ နောက်ဆုံးမင်းဆက်ဘုရင့်သမီးတော်ရဲ့ ထီးတော်မိုးနဲ့ နောက်ဆုံးမင်းဆက်ရဲ့ တိုက်ပွဲကျစစ်သူကြီးရဲ့ ကျောက်စိမ်းနက်ဓားပဲပေါ့...ထီးတော်မိုးရဲ့ စိတ်ဝိညာဉ်လေးက ပျော့ပျောင်းသလောက် ကျောက်စိမ်းနက်ဓားကတော့ သွေးစာနေတဲ့ ဓားတစ်ချောင်းပီပီ ခက်ထန်တယ်... ချင်တိုက်ဆိုတဲ့ ထီးတော်မိုး စိတ်ဝိညာဉ်က ခန်းမထဲက တခြားစိတ်ဝိညာဉ်တွေနဲ့ တည့်အောင်ပေါင်းဖို့ကြိုးစားပေမယ့်...ဝမ့်ကွေးဆိုတဲ့ ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်ကတော့ သူဟာ ဒီမှာပိတ်လှောင်ခံရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ ခန်းမက ထွက်ပြေးခဲ့တယ်... ချင်တိုက်လည်းဝမ့်ကွေးကို ပြန်ရှာဖို့ကြိုးစားတာပေါ့...ချင်တိုက်ရဲ့ ဝမ့်ကွေးရှာပုံတော်ခရီးမှာ အဓိက ကူညီသူကတော့ ခန်းမကအလုပ်သမားလေး ယွမ်မော့ပါပဲ... ယွမ်မော့က လူသားဆိုပေမယ့် ငယ်စဉ်တည်းက စိတ်ဝိညာဉ်တွေကို မြင်တွေ့နေခဲ့တာကြောင့်... မိတ်ဆွေမရှိတဲ့အပြင် ခန်းမထဲမှာ ပိတ်မိနေခဲ့တဲ့ လူသားကောင်လေးပေါ့..ကဲ ...
movie

The Umbrella Fairy ( 2024 )