Channel Myanmar

Liu Guanlin

My Heroic husband ( 2021 ) 5.7
My Heroic husband ( 2021 ) ကျန်းနင်မြို့တော် စူးအထည်ဆိုင်ပိုင်ရှင်ရဲ့ ကိုယ်လုပ်တော်(၂) က မွေးဖွားခဲ့သူ စူးဝမ်ရှင်းဟာ စူးအထည်ဆိုင်ကို ဦးစီးပြီး ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် ဆန္ဒရှိခဲ့ပါတယ် ။ ဒါပေမဲ့လို့ တစ်ခြား မောင်နှမတွေဖြစ်တဲ့ နင်ယိ နဲ့ စူးထန်အာတို့ရဲ့ လွှမ်းမိုးမှုအောက်ကနေပြီးတော့ ရုံးမထွက်နိုင်ခဲ့ရှာပါဘူး။ကံကောင်းချင်တော့ နင်ယိနဲ့ စူးထန်အာတို့ဟာ ကျန်းနင်မြို့တော် ကနေထွက်ခွာခဲ့ပြီး ဝူသူမြို့တော်ဆီကို စီးပွားရေးလုပ်ဖို့ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ သူတို့ထွက်မသွားခဲ့မှာ စူးအိမ်တော်ရဲ့ အထည်လုပ်ငန်းကို စူးဝမ်ရှင်းဆီ လွှဲအပ်ပေးခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ စူးအိမ်တော်ရဲ့ တာဝန်တွေကို ခေါင်းခံဖို့ မျှော်လင့်ချက်ရှိမနေတဲ့ စူးဝမ်ရှင်းတစ်ယောက် ပြန်လည်ပြီးစိတ်အားထက်သန်လာခဲ့ပါတော့တယ်။သူ့ရဲ့ စွမ်းအားတွေကို ပြသမယ် စိတ်ကူးထားပေမဲ့ စူးအိမ်တော်က သူတွေဟာ သူ့ကို အရည်အချင်းရှိသူတစ်ယောက်လို့မမြင်ခဲ့ပါဘူး ။ ကြက်ကန်းဆန်အိုးတိုးပြီး ကံကောင်းကာ ရရှိသွားတယ်လို့ပဲ ထင်နေကြတဲ့အခါ...? စူးဝမ်ရှင်းတစ်ယောက် သူ့ရဲ့စွမ်းရည်တွေကိုပြသဖို့အတွက် ဖူယွမ်မြို့တော်ကို စီးပွားရေးလုပ်ဖို့ထွက်လာခဲ့ပါတယ် ။ ဒီတော့ စူးဝမ်ရှင်းတစ်ယောက် -❏ သူ့ကို အသုံးမကျဘူးလို့ထင်ကြတဲ့သူတွေရဲ့ အမြင်တွေကို ပြောင်းလဲပစ်နိုင်ပါ့မလား ? ❏ စီးပွားရေး လုပ်ဆောင်ရာ လမ်းကြောင်းတစ်ယောက်မှာရော ဘာအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ ? ❏ အဲဒီ ခရီးလမ်းမှာရော စူးဝမ်ရှင်းတစ်ယောက် အချစ်ပန်းလေးတွေ ...
movie

My Heroic husband ( 2021 )

No One Like Me (2025) 5.8
No One Like Me (2025) CM ချစ်ပရိသတ်တို့ရေ Guardians of the Dafeng မှာ မျက်နှာမပြဘဲ မွှေသွားတဲ့ နောက်ကျောအရှင် ဆရာတူအစ်ကိုကြီးရဲ့ ဇာတ်လမ်းလေးလာပြီနော်... တဖုန်းရဲ့ အလေးစားခံ ဆရာတူအစ်ကိုကြီးဘဝဟာဆိုရင်... ယန်ချန်းဟွမ့် ဆိုပြီး ကဗ္ဗည်းထိုးခံရတဲ့အထိကို လေးစားခံခဲ့ရတဲ့သူပါ...သင်ကြားသူအားလုံးကြားထဲမှာ အစွမ်းအထက်ဆုံး အတော်ဆုံးလို့လည်း ပြောစမှတ်တင်ပြီးတော့ အားလုံးက လေးစားအတုယူအထိ ပါးစပ်ဖျားက မချလောက်တဲ့စံပြပုဂ္ဂိုလ်ပေါ့ တစ်နေ့တော့ တဖုန်းကို ၂၁ ရာစုက ရွှီချီအန်းတစ်ယောက် ရောက်လာချိန်ကစပြီး ဘဝ ဈာန်လျှောသွားတာဆိုတာလေ.... အလေးစားခံ အချစ်ခံကနေ ချောင်ထိုးခံ အပယ်ခံဘဝကိုရောက်သွားရော... ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကဝေဂိုဏ်းက တဖုန်းပြည်သူပြည်သားတွေကို ဒုက္ခပြုနေတယ်ဆိုတော့... ငါ့အစွမ်းပြချိန်တန်ပြီဆိုပြီး သူ့မှာ အစွမ်းလက်နက်တွေပြင် ကြိုးစားပြန်တော့လည်း... မျက်နှာကောင်းမရ... အသိမှတ်ပြုမခံရနဲ့...ဒီလိုနဲ့ တစ်ချိန်က ဆရာတူအစ်ကိုကြီးဘဝကို ပြန်ရဖို့ ယန်ချန်းဟွမ့်တစ်ယောက် ဘယ်လိုတွေ ကြိုးစားအားထုတ်တယ်ဆိုတာကို ဒီကားလေးမှာ တွေ့ရမှာမို့... လာမလာမသေချာသေးတဲ့ အတွဲ ၂ ကို စောင့်ရင်း ဒီမူဗွီလေးနဲ့ အရင် ဖြေသိမ့်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်... Filesize : 1.81 GB / 0.97 GB Quality : WEB-DL 1080p HEVC ...
movie

No One Like Me (2025)

The Strange Story of Miao Ling (2024) 5.8
The Strange Story of Miao Ling (2024) မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။ အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာက တော်တော်လေးသဘောကောင်းပြီးတော့ သနားကြင်နာတတ်တယ်လို့လူသိများပါတယ် ။ ဇာတ်လမ်းကတော့ အဲဒီရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်က ချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီး ရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။ရတနာရှာရင်းနဲ့ သုံးယောက်လုံး တရားခံမသိရဘဲ ထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊ အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်း ဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို‌ ရောက်လာကြပါတော့တယ် ။ ဒါပေမဲ့ လူ‌သတ်မှုတွေကို အဖြေရှာမရသေးဘဲ နောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့...သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ? ရွာသားတွေပြောနေသလို အငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ? ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့ သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး Filesize : 617 MB / 370 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h 26 ...
movie

The Strange Story of Miao Ling (2024)