Channel Myanmar

Lin Haoran

Growth of God ( 2022 ) 6.1
Growth of God ( 2022 ) နတ်ပြည်မှာ 'ခြေဗလာနတ်မင်း' လို့ခေါ်တဲ့နတ်တစ်ပါးရှိတယ်။ ဝတ်ပုံစားပုံနေပုံထိုင်ပုံကလည်း နတ်တို့ရဲ့ဂုဏ်သရေနဲ့လားလားမျှမအပ်စပ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကလည်း အင်မတန်ကောင်းတာမို့ ဘယ်သူနဲ့မှမတည့်ဘဲ နတ်တိုင်းရဲ့မျက်မုန်းကျိုးရာဖြစ်နေပါတယ်။အဲ့လိုဘယ်သူနဲ့မှမတည့်တဲ့ချဥ်ဖတ်ဖြစ်နေပေမယ့် သူ့မှာ "ရူယီ" လို့ခေါ်တဲ့နတ်လက်နက်ရှိတယ်။ အဲ့လက်နက်ကအတော်စွမ်းတာကြောင့် သူ့ကိုမကြည်ကြသော်လည်း ပြန်မလှန်ရဲကြဘူးဆိုပါတော့။ဒီလိုနဲ့တစ်နေ့မှာ ခြေဗလာနတ်မင်းတစ်ယောက် မက်မွန်သီးပွဲတော်မှာအသောက်လွန်ရင်း ဒယိမ်းဒယိုင်နဲ့အပြန်မှာ ခြေချော်လက်ချော်နဲ့ သူ့ရဲ့အသက်တမျှအရေးကြီးလှတဲ့ 'ရူယီ' ဟာ ကောင်းကင်ပေါ်ကနေပြုတ်ကျသွားပါလေရော။ အဲ့တော့ ခြေဗလာတို့ခေါင်းမီးတောက်ပြီလေ။ချက်ချင်းပြန်ရှာဖို့ ချက်ချင်းကိုကောင်းကင်ပေါ်ကခုန်ချခဲ့ပေမယ့် 'လူ့ပြည်တစ်ရက် နတ်ပြည်တစ်က္ကန့်' ဆိူသလိုပဲ သူလူ့ပြည်ကိုရောက်တဲ့အချိန်မှာ လအတော်ကြာနေပါပြီ။ သူ့ရဲ့လက်နက်ကျသွားရာနေရာ​​ကဖြစ်တဲ့ ကျီရှန်းရွာလေးကတော့ 'ရူယီ' ကိုရတနာအဖြစ် သေချာထိန်းသိမ်းစောင့်ရှောက်ထားလို့နေပါပြီ။ လက်နက်ကြောင့်မိစ္ဆာတွေရဲ့နှောင့်ယှက်ခြင်းကိုလည်းခဏခဏခံနေရပါတယ်။ခြေဗလာနတ်ဟာသူ့လက်နက်ကိုပြန်တောင်းပေမယ့် ရွာသားတွေကတော့သူ့ကိုမယုံဘဲပြန်မပေးကြပါဘူး။ သူကလည်း လက်နက်ပြန်ရမှကောင်းကင်ကို ပြန်တက်လို့ရမှာဆိုတော့ ဘယ်လိုကြိုးစားပြီးပြန်ယူလေမလဲ။ခြေဗလာနတ်မင်းဟာသေမျိုးလောကမှာနေရင်းနဲ့ တဖြည်းဖြည်းရင့်ကျက်ပြီး စာနာရိုင်းပင်းတတ်တဲ့ နတ်တစ်ပါးဖြစ်လာပုံကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတာ​ကြောင့် ပျင်းစရာကောင်းမနေဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Filesize : 1.76 GB / 944 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Fantasy , Comedy Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Growth of God ( 2022 )

Way of the Stone 2 ( 2024 ) 5.8
Way of the Stone 2 ( 2024 ) ကွန်ဖူးဝါသနာရှင်တစ်ယောက်ဖြစ်တဲ့ရှီထိုရဲ့ အရှေ့မြောက်ပိုင်းရွာလေးကနေပြီး တောင်ပိုင်းစွန်းက ပင်လယ်ကမ်းခြေစန်းယအထိသွားပြီး သူရဲ့ကွန်ဖူးအိပ်မက်ကိုအကောင်အထည်ဖော်တဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဂျက်ကီချန်းလို အောင်မြင်တဲ့ကြယ်ပွင့်ကြီးဖြစ်ချင်အိပ်မက်၊ စတီဗင်ချောင်လို အောက်ခြေကစခဲ့ပြီး အောင်မြင်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ရှီထိုတို့သူငယ်ချင်း(၂)ယောက်ဟာ တရုတ်ပြည်မြောက်ဖျားကနေ တောင်စွန်းထိစွန့်စားပြီးရောက်လာခဲ့ကြတယ်။မထင်မှတ်ပဲ ဇာတ်ဆောင်မင်းသမီးရဲ့အိတ်လုခံရတာကို ပြန်ယူပေးခဲ့မိပြီး ရင်းနီးသွားခဲ့ကြတယ်။ အဲဒီအချိန်မှာမင်းသမီးကိုကြိုက်နေတဲ့ သူဌေးတစ်ယောက်က ရှီထိုတို့ကိုမနာလိုဖြစ်ပြီး မကောင်းလိုက်ကြံတော့တာပေါ့။ သူဌေးကြီးရဲ့ယုတ်မာမှုတွေကိုသည်းခံနိုင်ပါ့မလား။အလွဲလွဲအချော်ချော်တွေကြားမှာ ရွာသား၂ယောက်ရဲ့အိပ်မက်ကိုဘယ်လိုများ အကောင်အထည်ဖော်ကြမလဲဆိုတာကို ရယ်ရယ်မောမောခံစားကြည့်လိုက်ပါနော်။ Filesize : 1.04 GB / 582 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Way of the Stone 2 ( 2024 )