Channel Myanmar

Lil Rel Howery

Get Out (2017) 7.8
Get Out (2017)  လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မငြင်းဆန်ဘဲ လိုက်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ ဆက်ဆံပါတယ်......ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ ... ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် ... အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့ အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ဂျ် မိသားစုရဲ့ မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာပြီး ထွက်ပြေးဖို့ကြိုးစားပါတော့တယ် သူ အဲ့ဒီလို ထွက်ပြေးဖို့ကြိုးစားတာက အောင်မြင်ပါ့မလားသူ့ချစ်သူ ရို့စ်ကရော...... သူ့ရဲ့မိသားစုဝင်တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်Horror/Mystery/Thriller ...
movie

Get Out (2017)

2017
Dog Man (2025) 6.4
Dog Man (2025)  Dog Man (2025)IMDb Rating (6.4) / Rotten Tomatoes (79%) ဒီရုပ်ရှင်ကတော့ နာမည်ကြီး အန်နီမေးရှင်း စတူဒီယို Dreamwork ရဲ့ Captain Undepant Comic စီးရီးထဲက ဇာတ်လမ်းကိုခွဲထုတ်ရိုက်ကူးထားတဲ့ ခွေးတစ်ပိုင်းလူတစ်ပိုင်း ခွေးလူသား စူပါရဲတစ်ယောက်အကြောင်းပါ..ဉာဏ်အရမ်းကောင်းတဲ့ ခွေးလေးနဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းလာခဲ့တဲ့ ရဲအရာရှိ ဂရက်ဟာ တစ်နေ့တော့ ဗီလိန် ကြောင်ပီတီကြီးရဲ့ ဗုံးလက်ချက်ကြောင့် နှစ်ယောက်လုံး မသေမရှင်ဖြစ်နေတဲ့အခါမှာသိပ္ပံပညာရှင်တွေက ခွေးခေါင်းနဲ့ ဂရက်ရဲ့ခန္တာကိုယ်ကို ဆက်ပေးလိုက်ပြီး ဉာဏ်အရမ်းကောင်းပြီး သန်မာတဲ့ ခန္တာကိုယ်နဲ့ စူပါရဲတစ်ယောက်ဖြစ်သွားပါတယ်။သူ့ရဲ့မဟာရန်သူပြိုင်ဘက် ကြောင်ပီတီကိုလည်း ဖမ်းဆီးဖို့အတွက် ကြိုးစားပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size…(4.4 GB) / (1.8 GB) / (1 GB) Quality….WEB-DL 4K HEVC / 1080p HEVC ...
movie

Dog Man (2025)

2025
4K HEVC
One of Them Days (2025) 6.9
One of Them Days (2025)  One of Them Days (2025)IMDb Rating (6.9) ဇာတ်လမ်းအကျဉ်း‘ဒရူး’နဲ့ ‘အလီဆာ’ တို့ဟာ အတူတူနေလာကြတာ ၇ နှစ်လောက်ရှိပြီဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ဒရူးကတော့ စားပွဲထိုးအဖြစ် အလုပ်လုပ်နေပြီး ဆိုင်ခွဲမန်နေဂျာရာထူးအတွက် အင်တာဗျူးဖြေဖို့ပြင်ဆင်နေသူဖြစ်ကာ အလီဆာကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။သူတို့နေတဲ့တိုက်ခန်းမှာ အလီဆာရဲ့ ရည်းစား ‘ကီရှောင်း’ဆိုတဲ့ ဘဲတစ်ပွေက တက်နေပြီး အလီဆာကို ကပ်စား၊ ကုန်းဆင်းနေတဲ့သူပေါ့။ ဒရူးက အဲ့ဒါတွေမြင်လို့ ပြောပေမယ့် အလီဆာကို ပြောမရလို့လွှတ်ထားတာပါ။ဒီလိုနဲ့ သူတို့အိမ်လခပေးရမယ့်ရက်ကိုရောက်လာတော့ အလီဆာက အိမ်ရှင်ကို ပိုက်ဆံတိုက်ရိုက်သွားမပေးဘဲ သူ့ရည်းစားကိုသွားပေးခိုင်းတော့တယ်။ဟိုဘဲက အစကတည်းက သူ့နားခြူစားနေတဲ့ကောင်ဆိုတော့ ပိုက်ဆံကို ခိုးပြီးပြေးပါလေရော။အိမ်ရှင်က ညနေ ၆ နာရီရောက်လို့မှ အိမ်လခမပေးနိုင်ရင် ဒရူးနဲ့ အလီဆာ အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရမယ်ဆိုပြီး ပြောလာတဲ့အခါဒရူးတစ်ယောက် အဲ့နေ့ ညနေ ၄ နာရီမှာပဲ ရာထူးတိုးအင်တာဗျူးအတွက်သွားဖို့လိုတဲ့အခါ သူငယ်ချင်း ၂ ယောက် အိမ်လခ ...
movie

One of Them Days (2025)

2025
4K HEVC
Vacation Friends 2 (2023) 5.3
Vacation Friends 2 (2023) Vacation Friends 2 (2023)ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ...
movie

Vacation Friends 2 (2023)

2023
Luck (2022) 6.3
Luck (2022) Luck (2022)~ IMDb rating - 6.3/10 ~Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ်ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာတဲ့အခါ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 933MB, 585MB Quality - 1080p, 720p, 480p IMDb Rating ...
movie

Luck (2022)

2022