Channel Myanmar

Li Binglei

Crazy Escape (2025) 5.6
Crazy Escape (2025) မြို့ပြနဲ့ဝေးလံခေါင်သီတဲ့တောင်ပေါ်ဒေသတစ်ခုမှာ မာမျိုးနွယ်တွေကကြီးစိုးနေပြီးတော့ ဆင်းရဲသားတွေကိုဖမ်းခေါ်ပြီး ရွှေတွင်းတူးပါတယ်။ မာမျိုးနွယ်တွေဟာ လုပ်သားတွေကိုလူသားလိုသဘောမထားပဲ ရက်ရက်စက်စက်နှိပ်စက်ပြီးခိုင်းပါတယ်။ အဲဒီလိုနဲ့သေသွားတဲ့လူတွေအများကြီးပါပဲ။တစ်နေ့ကျတော့ သန်မာတဲ့ထျယ်ထိုဆိုတဲ့လုပ်သားတစ်ယောက်ဟာ တစ်ချိန်ချိန်မှာသေရမှာသေချာနေတဲ့ဒီရွှေတွင်းထဲကနေလွတ်ဖို့ လုပ်သားတွေကိုဦးဆောင်ပြီးတော့စည်းရုံးပါတယ်။ မထင်မှတ်ပဲ မာသူဌေးရဲ့သားကိုသတ်မိပြီးတော့ သူတို့ရဲ့ထွက်ပြေးမယ့် အစီအစဉ်ကိုမြန်မြန်အကောင်အထည်ဖော်လိုက်ရပါတယ်။ ကူကယ်သူမယ့်တဲ့တောနက်ကြီးထဲမှာ အသက်ဘေးကလွတ်အောင် ပြေးရမယ့် လွတ်မြောက်ခြင်းခရီးစဉ်ဟာစတင်သွားပါတယ်။ 4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.68 GB / 914 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Crazy Escape (2025)

The Assassination of Nie Yinniang ( 2022 ) 6.1
The Assassination of Nie Yinniang ( 2022 ) သိုင်းလောကကိုကြိုက်နှစ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အခုဒီကားလေးကတော့ သိုင်းပညာရုပ်ရှင်ကားတွေ မြွေဖြူမြွေစိမ်း(Green Sanke)နဲ့ ၂၀၂၀တုန်းက ထွက်ခဲ့တဲ့ဝူခုန်းကား(Great God Monkey)စတဲ့ နာမည်ကြီးကားတွေပါဝင်သရုပ်ဆောင်ခဲ့တဲ့ NanSheng(Royi)လေးရဲ့ကားဖြစ်ပါတယ်ထန်မင်းဆက် အန်းရှီအရှုပ်တော်ပုံပြီးသွားတဲ့နောက် ကျန်ရစ်ခဲ့တဲ့အန်းရှီမျိုးနွယ်တွေက လမ်းစဉ်အသစ်ဖန်တီးမယ်ဆိုပြီး ပုန်ကန်မှုတွေ တိုက်ခိုက်မှုတွေဖြစ်အောင် ပြန်ပြီးပြဿနာရှာနိုင်အောင်လို့ ဖေးယိဂိုဏ်းကိုထူထောင်ခဲ့တယ် လောကကြီးအေးချမ်းသာယာအောင် မကောင်းဖေးယိဂိုဏ်းကို နန်းတွင်းကသုတ်သင်ဖြေရှင်းဖို့ ချန်ရွှိန်ဂိုဏ်းဆိုပြီးထူထောင်ခဲ့တယ်Yinniangကလည်း ချန်ရွှိန့်ဂိုဏ်းရဲ့တပည့်ပီပီ ဝေ့ပေါ်ကစစ်သူကြီးဆီမှာ သူ့သမီးယောင်ဆောင်ပြီးတော့ ဖေးယိဂိုဏ်းခေါင်းဆောင်ကိုသတ်ဖို့လုပ်နေခဲ့တယ် ညီအစ်မလိုနေနေတဲ့ဆရာတူအစ်မက အလေးပေးခြင်းမခံရတဲ့အခါမှာဂိုဏ်းကိုစိတ်တိုပြီး စိတ်လိုက်မာန်ပါလုပ်ရင်းဘာတွေဆက်ဖြစ်မလဲ? တကယ်ပဲအစ်မဖြစ်သူကဂိုဏ်းကိုသစ္စာဖောက်မှာလားYunniangက နောက်ဆုံးမှာ ဂိုဏ်းရဲ့လျှိုဝှက်သိုင်းကို ကျင့်ကြံနိုင်ပြီး ဖေးယိခေါင်းဆောင်ကို သတ်နိုင်မလား ဂိုဏ်းနှစ်ဂိုဏ်းရဲ့လှပတဲ့သိုင်းကွက်တွေနဲ့ ဆန်းကြယ်လှတဲ့ဉာဏ်ဆင်အကွက်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုလို့ရမဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် Filesize : 1.07 GB / 618 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Assassination of Nie Yinniang ( 2022 )

Butterfly Shadow ( 2023 ) 5.7
Butterfly Shadow ( 2023 ) တရုတ်နိုင်ငံမှာ နေရာအနှံ့မှာ စစ်ဗိုလ်မှူးတွေ အုပ်ချုပ်တဲ့ခေတ် ဖြစ်ပါတယ်။ အရိပ်နက်အဖွဲ့ဝင် တျဲယင်ဟာ မာဂိုဏ်းဓားပြတွေကို ချေမှုန်းဖို့ အမိန့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူတကယ်သတ်လိုက်တာက အနောက်မြောက်ပိုင်းဒေသရဲ့ သူရဲကောင်းစစ်သူကြီး ယန်ကျန့်ရှင်းဖြစ်ကြောင်းသိလိုက်ရပါတယ်။ သူ့ရဲ့ အမှားကို ပြန်ပေးဆပ်ဖို့ ယန်ကျန့်ရှင်းရဲ့ တစ်ဦးတည်းသော သမီးလေးကို ကယ်တင်ပြီး မွေးစားထားခဲ့ပါတယ်။၁၈ နှစ်ခန့် ကြာတဲ့အခါမှာ တျဲယင်ဟာ စူးကျွေ့ဆိုတဲ့ နာမည်ပြောင်းနဲ့ နယ်စပ်မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ယန်ကျန့်ရှင်း သေဆုံးသွားပြီး နောက်ပိုင်းမှာ အနောက်မြောက်ပိုင်းဒေသက လူတွေရဲ့ဘဝတွေက ပိုပြီး ခက်ခဲလာတာကို နေ့စဉ်နဲ့အမျှ တွေ့နေရပါတယ်။ သမီးလေးရှောင်ချန်ကလည်း အရာရာကို သည်းမခံနိုင်ဘဲ သိချင်စိတ်အပြည့်ရှိတဲ့ အရွယ်ရောက်နေတာ ဖြစ်တဲ့အတွက် တျဲယင်တစ်ယောက် ခေါင်းကိုက်နေရပါသေးတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အရိပ်နက်အဖွဲ့ ပြန်လည်နိုးထလာပြီဆိုတဲ့ သတင်းက တျဲယင်ကို တုန်လှုပ်စေခဲ့ပါတယ်။ ရှောင်ချန်ကို ကယ်ခဲ့တဲ့အတွက် သူ့ကို သစ္စာဖောက်လို သဘောထားတဲ့ အရိပ်နက်အဖွဲ့က တစ်ချိန်ချိန်မှာ သူ့ဆီ ရောက်လာမယ်ဆိုတာကို သူသိနေပါတယ်။ သမီးလေးရှောင်ချန်နဲ့အတူ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့ပါတယ်။တျဲယင်တစ်ယောက် အရိပ်နက်အဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်ခြင်းရန်က လွတ်မြောက်နိုင်မလား...... ရှောင်ချန်ကရော သူ့မိဘအရင်းကို သတ်တဲ့လူကို ၁၈ နှစ်လုံးလုံး အမေလို့ခေါ်ခဲ့ရတာကို သိသွားမလား...... ဆိုတာကို ...
movie

Butterfly Shadow ( 2023 )

The Legend II ( 1993 ) 6.9
The Legend II ( 1993 ) ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့ သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာ တော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာ ပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးက သူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာ သစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။ သိုင်းအက်ရှင်တင်မကပဲဟာသနဲ့ မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK
movie

The Legend II ( 1993 )