Channel Myanmar

Lera Abova

Exterritorial (2025) 5.0
Exterritorial (2025)   Exterritorial (2025)ဆာရာဟာ ဂျာမန်စစ်မှုထမ်းဟောင်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ ဂျော့ရှ်ဆိုတဲ့ ခြောက်နှစ်အရွယ်သားလေးလည်း ရှိပါတယ်။သူမက အာဖဂန်နစ္စတန်စစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်ခဲ့ပြီး အဲမှာကြုံတွေ့ခဲ့တဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာရပြီး စိတ်ဖောက်ပြန်ချင်သလို ဖြစ်သွားခဲ့လို့စိတ်ကျန်းမာရေးဆေးရုံမှာ ကုသမှုခံယူခဲ့ရပြီး ပြန်သက်သာလာတာ မကြာသေးပါဘူး။တစ်နေ့မှာတော့ ဆာရာကို အမေရိကန်လုံခြုံရေးကုမ္မဏီကြီးက သူမရဲ့အတွေ့အကြုံကို သဘောကျလို့ အလုပ်ကမ်းလှမ်းလာတဲ့အခါ သူမဟာ အသစ်တဖန် စတင်ချင်တဲ့အတွက် အလုပ်ကိုလက်ခံဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ သူမဟာ ဂျာမန်မြေပေါ်က အမေရိကန်ကောင်စစ်ဝန်ရုံးကတစ်ဆင့် လေယာဉ်စီးရမှာမလို့ ကောင်စစ်ဝန်ရုံးကို သွားခဲ့ပါတယ်။အဲမှာ သူတို့ဟာ လေယာဉ်ကို သုံးနာရီကြာအောင် စောင့်နေပေမဲ့လည်း မရောက်လာသေးတာနဲ့ ဂျော့ရှ်ကလည်း နားနေခန်းနားက ကလေးကစားခန်းကို တွေ့သွားခဲ့ပါတယ်။ဂျော့ရှ်က ကစားခန်းမှာ ကစားနေတုန်း ဆာရာက ကော်ဖီသွားဝယ်ပြီး ပြန်လာတဲ့အခါမှာ ဂျော့ရှ်ဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ဒီတော့ ဆာရာဟာ သက်ဆိုင်ရာအရာရှိတွေကို အကူအညီတောင်းတဲ့အခါ အဲရစ်ကင့်ချ်ဆိုတဲ့ အထက်အရာရှိက ဆာရာက ကောင်စစ်ဝန်ရုံးကို တစ်ယောက်တည်း လာခဲ့ကြောင်း၊ဂျော့ရှ် မပါလာခဲ့ကြောင်း အယုံသွင်းပြီး ...
movie

Exterritorial (2025)

2025
Anna (2019) 6.6
Anna (2019) Anna (2019)IMDb Rating (6.6)မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ဇာတ်လမ်းကတော့....အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။ File size…(6.1 GB)/(1.9 GB )/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:58:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Neve
movie

Anna (2019)

4K HEVC