Channel Myanmar

Leo Sivadass

Kannai Nambathe (2023) 5.8
Kannai Nambathe (2023) Kannai Nambathey 2023 (ကိုယ့်မျက်လုံးကို မယုံပါနဲ့)နီဇယ်ပရဟိတကျောင်းမှာ ကလေးငယ်လေးတွေကို ဂရုစိုက်ပေးနေတဲ့ အမျိုးသမီးကြီးတစ်ယောက်၊ ကလေးလေးတွေကြားထဲမှာမှ အသက်၇နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်းရှိနေပါတယ်။ဒီကောင်မလေးကတော့ အမျိုးသမီးကြီးဟာ ကလေးငယ်ငယ်လေးတွေကိုပဲ ဂရုစိုက်နေတဲ့အတွက် မနာလိုဖြစ်နေပြီးတော့ သူ့ရဲ့ ၇နှစ်ပြည့်မွေးနေ့မှာ ကိတ်မုန့်ထဲ ဆေးခတ်ပြီး ကလေးတွေကို စားစေလိုက်တဲ့အတွက် ကလေးတွေ အစာအဆိပ်သင့်သွားတဲ့ မြင်ကွင်းနဲ့ စတင်ထားပါတယ်။အာရွန်ဆိုတဲ့ ကောင်လေးတစ်ယောက်၊ အိမ်ကနေ နှင်ချခံလိုက်ရတဲ့အတွက် အိမ်အငှားလိုက်ရှာရင်းကနေ သူကြိုက်နေတဲ့ကောင်မလေး ဒီဗယာတို့အိမ်မှာ တိုက်တိုက်ဆိုင်ဆိုင်အိမ်ငှားလိုအပ်နေတာကိုတွေ့သွားပါတော့တယ်။ဒါပေမဲ့လည်း ဒီအိမ်မှာ လူပျိုတစ်ယောက်တည်းကို မငှားဘူးလို့ဆိုလာတာကြောင့် ဇာတိမြေက မိခင်ဖြစ်သူ မကြာခင် လိုက်လာမှာပါလို့ လိမ်ပြီး ငှားနေလိုက်ပါတော့တယ်။ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ခရီးလမ်းလေး စတင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အချိန်နည်းနည်းကြာတဲ့အထိ မွေးရပ်မြေက မိခင်ဆိုသူ ရောက်မလာတဲ့အခါမှာတော့ လိမ်ထားတာတွေ ပေါ်ကုန်ပြီး အိမ်ကနေ ဆင်းပေးရပါတော့တယ်။ဒီလိုနဲ့ နောက်ထပ် အိမ်ငှားလိုက်ရှာရင်း တိုင်ပတ်ပြန်ပါတော့တယ်။ ခက်ခက်ခဲခဲနဲ့ အိမ်ငှားရှာတွေ့ပြန်တော့လည်း အခန်းဖော်နဲ့အတူ ငှားနေရမယ့်အခန်းဖြစ်နေပြန်ပါတယ်။ သို့ပေမဲ့လည်း အသက်အရွယ်မကွာတဲ့အတွက် မြန်မြန်ပဲ ရင်းနှီးမှုရရှိခဲ့ပါတော့တယ်။ ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လို ဆက်ဖြစ်လာမလဲ ..... အာရွန်တစ်ယောက် ရာဇဝတ်မှုတွေနဲ့ ဘယ်လို ဆက်စပ်မိသွားမှာလဲ ...
movie

Kannai Nambathe (2023)

Vaayai Moodi Pesavum (2014) 6.7
Vaayai Moodi Pesavum (2014) Vaayai Moodi Pesavum (2014) "စကားမပြောရ"IMDb 6.7/10မင်းသား Dulquer Salmaan ရဲ့ အမှန်တကယ်ရယ်ရတဲ့ ရုပ်ရှင်အဟောင်းလေးကို တင်ဆက်လိုက်ရပါတယ်စကားပြောတာကိုဘယ်သူစပြီးတီထွင်ခဲ့တာလဲ ဘာအကြောင်းပြချက်နဲ့တီထွင်ခဲ့တာလဲ စကားပြောတယ်ဆိုတာ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်နားလည်‌နိုင်အောင် ကြားထဲကဖွင့်ဟပေးတဲ့တံခါးတစ်ချက်လို့ပဲဆိုရပါမယ်ကျွန်တော်တို့စကားတွေအမျိုးမျိုးပြောကြတယ် တစ်ချို့ကအားနေလို့ပြောတယ် တစ်ချို့ကအချိန်အခါမသိပြောတယ် တစ်ချို့ကချိုချိုသာသာပြောတယ် တစ်ချို့ကကြမ်းကြမ်းတမ်းတမ်းပြောတယ် တစ်ချို့ကမလိုအပ်တာတွေပြောတယ် အမျိုးမျိုးသောနည်းလမ်းတွေနဲ့စကားကိုပြောကြတယ် ဒါပေမဲ့စကားသာ မပြောနိုင်ကြတော့ရင်ဘယ်လိုဖြစ်သွားမလဲ တစ်ရက်မှာ ပန်နီမယ်လိုင်တောင်ကြားစခန်းအကြား ဆွံ့အတုပ်ကွေးဟာ မြို့သားတွေကြားစတင်ပျံ့နှံ့ကူးစက်လာပါတော့တယ် ဆွံ့အတုပ်ကွေးကစကားပြောရင်းနဲ့မှကူးနိုင်တာမို့ ကျမ်းမာရေးဝန်ကြီးဌာနကအကုန်လုံးကို စကားမပြောရအမိန့်ထုတ်ပြန်လိုက်ပါတော့တယ်အဲဒီမှာတင်တစ်မြို့လုံးအကြပ်ရိုက်ကုန်ကြပြီး စကားပြောရတာအလွန်ကြိုက်တဲ့ အာရ်ဗင်တစ်ယောက်လည်းဒုက္ခရောက်ရပါတော့တယ် မြို့သူမြို့သားတွေစကားမပြောနိုင်တဲ့တုပ်ကွေးအကြားဘယ်လို ဘယ်လိုတွေနှစ်ပါးသွားကြမယ်ဆိုတာကြည့်ရင်းရယ်နေရမဲ့ဟာသကားလေးပါ(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size…2.8 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vaayai Moodi Pesavum (2014)

Jigarthanda (2014) 8.2
Jigarthanda (2014) Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာ‌‌တွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB  / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie

Jigarthanda (2014)

2014