Channel Myanmar

Lee Joon-hyuk

Enemies In-Law (2015) 5.9
Enemies In-Law (2015) Enemies In Lawကဲ ''ရန်သူတော်ခမည်းခမက်''ဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်း ဟန်ချောဆူနဲ့ ပတ်ယောင်ဟီးတို့ ချစ်သူနှစ်ယောက်ကြားက ချစ်ခြင်းကိုခွဲမယ့် အကြီးမားဆုံး အဟန့်အတားကို ပြောရရင်တော့ဖြင့်..ယောင်ဟီးတို့မိသားစုဟာ ရဲမျိုးရိုးဖြစ်သလို ယောင်ဟီးရဲ့အဖေ ရဲသက်တမ်းတလျှောက် လိုက်ဖမ်းနေခဲ့တဲ့ နာမည်ကြီး လူလိမ်သူခိုးဘုရင်နဲ့ ဘုရင်မလို့တောင် တင်စားရမယ့်လင်မယား နှစ်ယောက်ဟာ သမီးဖြစ်သူရဲ့ ချစ်သူကောင်လေး ချောဆူရဲ့ မိဘတွေဖြစ်နေတဲ့အခါ...ချောဆူတစ်ယောက် ယောင်ဟီးအဖေဆီက ကြည်ဖြူလက်ခံလာအောင် ဘယ်လိုကြိုးစားမလဲရန်သူတော်ခမည်းခမက် မိသားစုနှစ်ခုရော ဘယ်လိုနှပါးသွားမလဲဆိုတာကို မှုခင်းဆန်ဆန် မြှုပ်ကွက်တွေရော ဟာသလေးတွေပါနှောထားပြီး ကြည့်ရမယ့်ကားလေးဖြစ်တာမို့ အခုပဲ ကြည့်လိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1.3GB) Quality__720p IMDb Rating__5.9/10 Format__mp4 Duration__01:59:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

Enemies In-Law (2015)

Tabloid Truth (2014) 6.3
Tabloid Truth (2014)  Tabloid Truth 2014ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါအခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ...လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ်အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း...တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး...အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ...ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie

Tabloid Truth (2014)

I Saw the Devil (2010) 7.8
I Saw the Devil (2010) ကိုရီးယား မင်းသား လီဗျောင်ဟွန်း နဲ့ မင်းသားကြီး Choi Min‑sik တို့အဓိကအားပြိုင်သရုပ်ဆောင်ထားတဲ့Crime, Drama, Horror အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။IMDb Rating(7.8/10) နဲ့ Rotten Tomatoes (80%) ထိ ရရှိထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့....Special Agent တယောက် –လက်ထပ်တော့မယ် သူ့ချစ်သူ ကို ရက်ရက်စက်စက် တစစီခုတ်ထစ်စွန့်ပစ်ထားတာကို မြင်ခဲ့ပြီးနောက် –ချစ်သူရဲ့ အဖေ က ရဲအရာရှိ –သူ့သမီးကို သတ်သွားတဲ့သူကို မင်း ရအောင်သာရှာ …. ငါ ဘာလုပ်ပေးရ ပေးရ –Special Agent ဟာ ၂ ပါတ်တိတိ ခွင့်ယူပြီး –မသင်္ကာစရာ လူ ၄ ယောက်ကို တယောက်ချင်းစီ စစ်ရင်းမှလူသတ်သမားအစစ် ကို တွေ့တဲ့အခါ ဘယ်လိုတွေ ကလဲ့စားချေမယ်ဆိုတာ –အချိန် ၁၄ ရက်အတွင်းမှာ ဘယ်လောက်ထိရက်စက်မယ်ဆိုတာ– – ...
movie

I Saw the Devil (2010)

2010
HEVC 1080p