Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Da-wit
6.3
Svaha: The Sixth Finger (2016)
Svaha: The Sixth Finger (2016)IMDb Rating (6.3) / Rotten Tomatoes (75%)ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ...ဇာတ်လမ်းကတော့... ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ...
movie
Svaha: The Sixth Finger (2016)
2019
7.8
Poetry (2010)
[Unicode]Poteryဒီရုပ်ရှင်ရဲ့နာမည်ကလေးက ကဗျာပါ။ ကဗျာဆိုတာ ဘာလဲ အရှင်းဆုံးပြောပြရရင်တော့ အနုပညာတစ်ခုပါပဲ။အနုပညာဆိုတာကရော...။ တစ်ခါတလေမှာ အနုပညာနဲ့ အတတ်ပညာဟာ ရောထွေးသွားတတ်ပါတယ်။ အနုပညာမှာ အတတ်ပညာဟာ အရေးပါပေမယ့် အတတ်ပညာသက်သက်နဲ့လုပ်တဲ့ ဖန်တီးမှုတစ်ခုဟာ ဘယ်တော့မှ အနုပညာလက်ရာတစ်ခုဖြစ်မလာပါဘူး။ သေချာရေရာတဲ့ စိတ်ခံစားမှုအဟုန်မပါပါဘဲ ကျွမ်းကျင်ရုံသက်သက် ရေးဆွဲထားတဲ့ ရုပ်ပုံတစ်ချပ်ဟာ ပန်းချီတစ်ချပ်ဖြစ်မလာပါဘူး။ အနုပညာမှာ အတတ်ပညာပါပေမယ့် အတတ်ပညာဟာ တိုင်ပင်ဖော်တိုင်ပင်ဖက်မျှပါ။ စာအရေးအသားပိုင်နိုင်ရုံသက်သက်ရေးထားတဲ့ ကဗျာတစ်ပုဒ် သီချင်းတစ်ပုဒ်ဟာ ကဗျာဖြစ်မလာပါဘူး။အတိအကျတော့မဟုတ်ပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ အနုပညာပစ္စည်းတကယ့်အစစ်တစ်ခုမှာ ကဗျာလို သီချင်းလို ပန်းချီလို အားလုံးနဲ့ခံစားလို့ရတဲ့ အရည်အသွေးရှိပါတယ်။ နိုင်မြန်မာရဲ့ အခုတော့ပါးစပ်ရာဇဝင်ကလေးတစ်ခုဖြစ်ခဲ့ပြီနဲ့ ဝါဆိုဟာ သီချင်းလည်းဖြစ် ကဗျာလည်းဖြစ် ပန်းချီလည်းဖြစ်ပါတယ်။ စိုင်းခမ်းလိတ်ရဲ့ အချစ်ဆိုတဲ့အရသာ သီချင်းဆိုလည်း တန်းမြင့်တဲ့ ကဗျာတစ်ပုဒ်လိုပါပဲ။ ခင်မောင်ရင်ရဲ့ ပန်းချီကားတွေဟာလည်း ကဗျာပါပဲ။ ပန်းချီကို စကားလုံးမပါတဲ့ကဗျာလို့ ဆိုကြသေးသကိုး။ ကဗျာကလည်း စကားလုံးပန်းချီပါပဲ။ အားလုံးဟာ အနုပညာဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာပိုင်းခြားလို့မရအောင် ဆက်သွယ်နေပါတယ်။ဒီတော့ ကဗျာတစ်ပုဒ်ရေးဖို့ တကယ်တမ်းလိုတာက စကားလုံးပိုင်နိုင်မှု မဟုတ်ပါဘူး။ စိတ်ခံစားချက်ပါ။ ဒါကို ဒါရိုက်တာက ကဗျာသင်တန်းရဲ့နောက်ဆုံးနေ့မှာ တစ်ဦးတည်းသောကဗျာရေးနိုင်သူတစ်ယောက်နဲ့ မီးမောင်းထိုးပြသွားပါတယ်။ အဲ့ဒီလူက အယ်ဇိုင်းမားရှိတဲ့ အဘွားအိုပါ။ သူ့နာမည်က ယန်းမီဂျာ။ဒီကဗျာကို သူ ...
movie
Poetry (2010)
7.1
Split (2016)
ကိုရီးယား sport/drama ကားတွေကိုမှနှစ်သက်ပါတယ်ဆိုရင်တော့ ဒီ IMDB 5.4 ရရှိထားတဲ့ ဒီဇာတ်လမ်းလေးကိုညွှန်းချင်ပါတယ်ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ နိုင်ငံ့ချန်ပီယံဘိုးလင်းအားကစားသမားတစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကားအက်ဆီးဒန့်တစ်ခု...သုံးမရတော့တဲ့ ခြေထောက်တစ်ဖက်ကြောင့် မြတ်နိုးရတဲ့နိုင်ငံ့အားကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီးအရက်သမားဘဝကို လုံးလုံးရောက်ခဲ့ရကာ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရပါတယ်နောက်တစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့အမွေ အပေါင်ခံထားရတဲ့ ဘိုးလင်းအားကစားရုံကို ကာကွယ်ချင်တဲ့ မိန်းကလေးတစ်ဦးပေါ့သူတို့နှစ်ယောက်ပေါင်းပြီး အော်တစ်ဇင်ဖြစ်နေပေမယ့် ဘိုးလင်းအားကစားကို တစ်ဖက်ကမ်းတော်တဲ့ကောင်လေးတစ်ယောက်ကိုရှာတွေ့သွားတဲ့အခါမှာတော့...ထုံးစံအတိုင်း လူမိုက်တွေ ဒုစရိုက်သမားတွေရဲ့ရက်စက်မှုတွေလူ့ပတ်ဝန်းကျင်ရဲ့ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားစရိုက်တွေနဲ့အတူမေတ္တာတရားကိုပါ ပိုင်ပိုင်နိုင်နိုင်ရိုက်ပြထားတာဖို့ အားပေးကြပါဥိး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ မေမြတ်သူ ပါ) File Size : (900 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2hr 3min Format : Mp4 Genre : Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p ...
movie
Split (2016)
2016
7.2
The Fortress (2017)
Lee Byun-Hun ပါဝင်သရုပ်ဆောင်ထားတဲ့ The Fortress ဆိုတဲ့ IMDB Rating 7 အထိရရှိထားတဲ့ ကိုရီးယားရာဇဝင်ကားတစ်ကားပါ။ကျွန်တော်တို့မြန်မာမှာက သီပေါမင်းပါတော်မူခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ကျူးကျော်လာတဲ့ Qing စစ်တပ်ကို တိမ်းရှောင်ရင်း Namham ခံတပ်မှာပိတ်မိနေတဲ့ ဘုရင် Injo အကြောင်းလေးပါ။ရန်သူတွေပတ်လည်ဝိုင်းနေတဲ့အချိန်မှာ Ming တွေနဲ့မဟာမိတ်ဖွဲ့ထားခဲ့တဲ့ Joseong တိုင်းပြည်ကဘုရင် Injo တစ်ယောက် Qing တွေကိုအညံ့ခံလိုက်ရမလား ပြန်တိုက်ရမလား ဆိုပြီးဒွီဟဖြစ်နေတဲ့ကြားမှာ အမတ်တွေရဲ့အမြင်တွေ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ လူယုံနှစ်ယောက်ရဲ့ အမြင်တွေကြားမှာကြားညပ်မိနေတာကို အပီအပြင်ဖော်ပြထားပါတယ်။ဇာတ်ကားကခပ်အေးအေးဖြစ်ပြီး ၂နာရီစာရှိပေမယ့် ပျင်းစရာမကောင်းပဲ ဇာတ်ကားရဲ့ခေါ်ဆောင်ရာကိုစီးမျောသွားစေမှာပါ။အမှန်နဲ့ အမှား၊ အသက်နဲ့သိက္ခာ၊ ဂုဏ်သိက္ခာမရှိတဲ့အသက်ရှင်ခြင်းနဲ့ အသက်ရှင်ခြင်းမရှိတဲ့ဂုဏ်သိက္ခာ၊ မာနကြီးမှု နဲ့လိုက်လျှောညီထွေနေတတ်မှု၊ နောက်ကျောကဓားနဲ့ထိုးတာတွေ ဓားအထိုးခံပေးမယ့်နောက်ကျောတွေ အားလုံးကိုဒီဇာတ်ကားမှာ စိတ်ဝင်စားစရာမြင်တွေ့ရမှာပါ ခင်ဗျာ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)File Size : (1.1 GB) and (500 MB) Quality : Blu-Ray 720p Running Time ...
movie
The Fortress (2017)
2017