Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lawrence Cheng
5.8
Pretty Ghost ( 1991 )
CM တရုတ်ကားချစ် ပရိသတ်တို့ကို ၁၉၉၁ က ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ယနေ့ခေတ်မှာ ချစ်ကြိုက် ညားပြီး သစ္စာဖောက်လိုက်... ပိုင်ဆိုင်မှုလုလိုက်နဲ့ ဇာတ်တွေများနေချိန်မှာ... ၁၉၉၀ ဝန်းကျင်မှာတော့ အချစ်သာ စစ်မှန်ရင် တမလွန်ရောက်နေတဲ့မင်းကို မရရအောင် ကိုယ်ယူမှာပါဆိုတဲ့ဇာတ်မျိုး...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... တိုနီဆိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ဗိသုကာဒီဇိုင်းပညာရှင်လေးက လူငယ်တို့သဘာဝအတိုင်း ရုံးထဲက အချောဆုံး ကောင်မလေး အယ်လန်ကို စိတ်ဝင်စားပြီး ပိုးပန်းနေခဲ့တာပေါ့...ဒါပေမယ့် သူက လခစားဆိုတော့ ပြိုင်ကားစီးနေတဲ့ သူဌေးသားနဲ့ မယှဉ်နိုင်တာကြောင့် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေလေရဲ့... တစ်နေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သွားစစ်ရင်း... သရဲတစ်ကောင်က လူစားထိုးဖို့ကြိုးစားရင်း မရဏလမ်းကို တစ်ခဏရောက်သွားခဲ့တယ်...စိတ်ထားလှတဲ့ သရဲမလေးအကူအညီနဲ့ သေကံက လွတ်ငြိမ်းခဲ့ပေမယ့်... သရဲမလေးကတော့ သူ့အနားမှာ ဆက်ရှိနေတာပါ့...သရဲမလေးနဲ့ သူဘယ်လိုတွေ ရင်းနှီးမှုတည်ဆောက်မယ်ဆိုတာ... သရဲမလေးအကူအညီနဲ့ အယ်လန်အချစ်ကိုရမှာလား... သရဲမလေးနဲ့ပဲ မေတ္တာမျှမှာလား... ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင် Filesize : 2.18 GB / 1.03 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy ...
movie
Pretty Ghost ( 1991 )
6.1
When Sun Meets Moon ( 2018 )
ဒီကားလေးဟာ Imdb 6.1ရထားတဲ့အချိန်ရိုမန့်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်.. 1992ခုနစ်မှာဟောင်ကောင်မှာမုန်တိုင်းတစ်ခုဖြစ်ပြီးမီးတွေပျက်သွားခဲ့ပါတယ်. ဒီလိုမီးပျက်တဲ့အချိန်ခဏလေးမှာ ကြယ်တာရာကြည့်ရှုရတာကြိုက်တဲ့ ရွှင့်ရိနဲ့ကျေယွဲ့တို့ဟာ အမှတ်မထင်စုံစည်းခဲ့ကြပါတယ်...သူတို့တွေဟာ စိတ်တူကိုယ်တူတွေမို့အချင်းချင်းသံယောဇဉ်တွေတိုးလာခဲ့ပါတယ်..ရွှင့်ရိဟာနောက်နှစ်မှာနိုင်ငံခြားကိုပြောင်းရွှေ့နေထိုင်မှာဖြစ်လို့ သူတို့နှစ်ဦးဟာနေမင်းနဲ့လမင်းလိုပဲအချိန်တွေကွာခြားပြီးခွဲခွာနေရတော့မှာပါ... သူတို့တွေဝေးကွာခြင်းတွေကိုအံတုပြီး ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား အရမ်းကိုရိုမန့်ဖြစ်တဲ့ဇာတ်ကားလေးဖြစ်လို့ အချစ်ကားကောင်း ကြိုက်တတ်တဲ့သူတွေအတွက်တော့ အရမ်းကိုကြည်နူးရမှာပါ.... Filesize : 1.32 GB / 684 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
When Sun Meets Moon ( 2018 )
2018
6
Tales from the Occult ( 2022 )
ဒီဇာတ်ကားလေးဟာဆိုရင် မတူညီကွဲပြားတဲ့ နေရာဒေသ အချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းသော ဇာတ်လမ်း (၃ ) ခုကို ကျောရိုးအခြေခံပြီး ဒါရိုက်တာ (၃) ယောက်ကနေ ရိုက်ကူးထားတာပါ ။ ဒီတော့ ဇာတ်ကားတစ်ကားထဲနဲ့ သုံးကားကြည့်ရသလို ခံစားစေရမှာအမှန်ပါပဲ ။ အခုတော့ ဇာတ်လမ်းအကျဥ်းလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ် ။❏ မှောင်မဲနေသော ထောင့်စွန်းတစ်နေရာမှ အရိပ်ဆိုး ❏နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ ယိုယာ တစ်ယောက် သူမရဲ့ အိမ်ဟောင်းကနေပြီးတော့ အိမ်သစ်ဆီကိုပြောင်းရွှေ့ခဲ့ပါတယ် ။ အိမ်သစ်ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ ကိစ္စတွေတစ်ခုပြီးပြီးတစ်ခုဖြစ်ပျက်လာပြီးတဲ့နောက် ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလို့ထင်ခဲ့ပေမဲ့ အိမ်မက်ဆိုးများက တစ်ရိပ်ရိပ်ခြောက်လှန့်လို့နေသောအခါ...။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဆောက်အဦးပေါ်ကနေ ခုန်ချသွားတဲ့ အမျိုးသားရဲ့ပုံရိပ်ကို စိတ်ထဲစွဲကျန်နေရစ်ခဲ့တဲ့ ယိုယာတစ်ယောက် သူမကြုံတွေ့ရတဲ့ ထူးဆန်းတဲ့ ကိစ္စတွေဟာ သူမစိတ်ထင်ဖြစ်နေလား ? ဒါမှမဟုတ် သရဲ / သစ္ဆေများလား ?❏ ရက်စက်လှတဲ့ သေဆုံးမှု ❏ဖွံ့ဖြိုးတိုးတတ်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်း ဆယ်လီတွေ ပေါများလို့နေခဲ့ပါတယ် ။ အဲဒီအထဲကမှ အွန်လိုင်းဆယ်ဆီ LIVE လွှင့်သူ ယန်ဝေချန်ဆိုသူဟာ စူပါမားကတ်တစ်ခုမှာ LIVE လွှင့်နေခဲ့ပါတယ် ...
movie
Tales from the Occult ( 2022 )
6.9
King of Beggars (1992)
King of Beggars (1992)IMDB(6.9)ဇာတ်လမ်း အကျဉ်းလေးကတော့ -ပညာမတတ် အပျော်အပါးလိုက်စားပြီး တချိန်လုံး သောက်စားယစ်မူးလိုက် မိန်းမပျက်တွေနဲ့ ပျော်ပါးလိုက် နေနေတဲ့ စတီဖင်ချောင် တစ်ယောက်သူ့အဖေက တိုက်တွန်းလို့ သိုင်းသင်တန်းကျောင်း ဝင်ခွင့်ဖြေဆိုဖို့ ပီကင်းကိုရောက်လာပါတယ်။ရေးဖြေဖြေဆိုတော့ ကလိမ်ကကျစ်နဲ့ ခိုးချတာမိသွားပါတယ်:3အဲ့ဒီမှာ ဘုရင်ကြီးက ကလိမ်ကကျစ်ကောင်ကို သူတောင်းစား အဖြစ် အပြစ်ပေးလိုက်တဲ့အခါမှာတော့ဉာဏ်နီဉာဏ်နက်များတဲ့ စတီဖင်ချောင်တစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme ...
movie
King of Beggars (1992)
1992
5.4
Agent Mr. Chan (2018)
အခုဇာတ်ကားလေးကတော့ဟောင်ကောင်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက် ကြည့်သင့်တဲ့ action-comedy အမျိုးအစားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အေးဂျင့်မစ္စတာချန်ဟာ နိုင်ငံတကာအေဂျင်စီတစ်ခုမှာအလုပ်လုပ်နေတဲ့ထိပ်တန်းစုံထောက်တစ်ယောက်ပါ။ကံဆိုးစွာနဲ့ပဲသူကတာဝန်တစ်ခုမှာကျရှုံးခဲ့လို့အဖွဲ့ကနေပြီးထုတ်ပယ်ခြင်းခံလိုက်ရတယ်။အဲ့ဒီလိုနဲ့ လွန်ခဲ့တဲ့နှစ်၂၀လောက်က တာဝန်တစ်ခုကိုထမ်းဆောင်ရင်း သူအသုံးချခဲ့တဲ့အမျိုးသမီးမမျှော်လင့်ဘဲပြန်တွေ့ခဲ့တဲ့အခါ ထိုအမျိုးသမီးဟာရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။အဲ့ဒီအမျိုးသမီးအတွက် ထူးဆန်းတဲ့အမှုတွေကိုလိုက်လံဖြေရှင်းပေးရပုံကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ဟာသဆန်ဆန်စုံထောက်ကားတစ်ကားဖြစ်ပါတယ် ။ဟောင်ကောင်ကားလည်းဖြစ် အရှေ့တိုင်းဆန်ဆန်ပျက်လုံးတွေကြောင့်IMDB ratingနည်းပေမဲ့ အားလပ်ရက်မှာ အနားယူရင်းပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးခန့် ပါ)File Size : (760 MB) and (350 MB)Quality : Blu-Ray 720p Running Time : 1hr 41min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p DD5.1 2Audio H.264-CHD Translated by Myo Khant Encoded by Thanhtike Zaw
movie
Agent Mr. Chan (2018)
2018