Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Law Kar-Ying
6
The Assassins ( 2012 )
မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei - Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား......အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Filesize : 2.74 GB / 1.25 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , History Runtime : 1h 47 min Subtitle ...
movie
The Assassins ( 2012 )
5.7
Flying Scrap Car ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟာသအမောပြေဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Flying Scrap Car ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ဖျောင်ယီရွာဆိုတာကတော့ ပြိုင်ကားပြိုင်ပွဲတွေကျင်းပတဲ့ ပြိုင်ပွဲကွင်းနေရာဖြစ်တာပေါ့။ ဒီရွာလေးရဲ့ထူးခြားချက်ကတော့ အသုံးမဝင်တဲ့ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ ပြိုင်ကားသဖွယ်လုပ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကြတာပေါ့။ အဲ့လိုပစ္စည်းတွေကို ပြန်တပ်ဆင်ပြုပြင်တဲ့စက်ရုံကို ပိုင်ဆိုင်ထားတဲ့ ဖန်းရှန့်ကတော့ အကြွေးတွေ ပတ်လည်ဝိုင်းနေပြီး ပျော်ပျော်နေတတ်တဲ့လူဖြစ်ပြီး ရိုးသားဖြူစင်တဲ့လူတစ်ယောက်ဖြစ်တယ်။သူနဲ့ဆရာတူအစ်ကိုတော် မာထာ့ဆွေကတော့ သူ့ဆရာနဲ့ပြိုင်ပြီးအနိုင်ရရှိသွားတဲ့လူဆိုပေမဲ့ ဖျောင်ယီရွာရဲ့ ပြိုင်ဘက် ဂလိုဘယ်လုပ်ငန်းစုကုမ္ပဏီဆီ သစ္စာတော်ခံခဲ့တာကြောင့် တရွာလုံးက သူ့ကိုသစ္စာဖောက်အဖြစ်မုန်းတီးနေကြတာပေါ့။ဒီလိုနဲ့တနေ့မှာ တကမ္ဘာလုံး ပြိုင်ကားပြိုင်ပွဲရဲ့ ပြိုင်ပွဲခွဲကျင်းပဖို့ကွင်းနေရာစကားတင်စာရင်းမှာ ဖျောင်ယီရွာနဲ့ ဂလိုဘယ်ကုမ္ပဏီနှစ်ခုက ထိပ်တန်းအကြိတ်အနယ်ယှဉ်ပြိုင်ကြတာပေါ့။ ကဲဒီတော့ ပြိုင်ဘက်ဂလိုဘယ်ကုမ္ပဏီနဲ့ ဖျောင်ယီရွာတို့ယှဉ်ပြိုင်မှုကြား ဘယ်သူအနိုင်ရရှိမလဲ။နောက်ဆုံးမှာ ဘယ်သူကိုရွေးချယ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုတွေကို ဟာသအရောအနှောလေးနှင့် တင်ဆက်ထားတာဖြစ်တာကြောင့် အမောပြေဟာသဇာတ်လေးတစ်ပုဒ်ကောင်းကို လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie
Flying Scrap Car ( 2024 )
Ready or Not 2 ( 2023 )
မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie
Ready or Not 2 ( 2023 )
7.3
The God of Cookery (1996)
The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie
The God of Cookery (1996)
1996
5.7
Dr. Wai in the Scripture with No Words (1996)
\ \Dr. Wai in the Scripture with No Words ( 1996 )ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ...
movie
Dr. Wai in the Scripture with No Words (1996)
6.0
New Fight Back To School (2021)
ဒီဇာတ်လမ်းကတော့ အထွေအထူးမိတ်ဆက်ပေးစရာမလိုပါဘူး မင်းသားကြီး Stephen Chowရဲ့ နာမည်ကြီး Trilogyဖြစ်တဲ့ Fight Back to Schoolကို tribute ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။- ခေါင်းဆောင်မင်းသားက မူရင်းFight Back to Schoolမှာ Turtleအဖြစ်ပါဝင်ခဲ့တဲ့ ဟာသ သရုပ်ဆောင်Gabriel Wong - မင်းသမီးကတော့ From Vegas to Macauထဲက မင်းသမီး Kimmy Tongပဲဖြစ်ပြီး - Wong Yet Feiနဲ့ Law Kar Yingတို့လို Stephen Chowရဲ့ ဇာတ်လမ်းတွေနဲ့ မစိမ်းတဲ့ နာမည်ကြီးဇာတ်ပို့တွေကို ပြန်သုံးထားတဲ့အတွက် ရယ်မောရမှာတော့ သေချာပါတယ်။SWATအဖွဲ့ဝင် ကျန်းဟောင်ဟာ မတော်တဆမှုတစ်ခုကြောင့် ရာထူးအချခံရချိန် အရေးပေါ်အမှုကြီးတစ်ခုအတွက် အသွင်ယူထောက်လှမ်းဖို့ အခွင့်ကြုံလာပါတယ်။ သူအသွင်ယူစုံစမ်းရင်းကာကွယ်ပေးရမယ့်သူက ရဲဘက်က သက်သေထွက်ဆိုပေးမယ့် ပိုကာဂိုဏ်းရဲ့ စာရင်းကိုင် ဟွမ်ရှောင်ကွေရဲ့သမီး အထက်တန်းကျောင်းသူ ဟွမ်ရင်းပါ။ ကျန်းဟောင်အနေနဲ့ ပိုကာဂိုဏ်းကြီးရဲ့ပစ်မှတ်ထားခံနေရတဲ့ ဟွမ်ရင်းကိုကာကွယ်ဖို့ ရဲအဖြစ်မှသည် အထက်တန်းကျောင်းသား ...
movie
New Fight Back To School (2021)
9.0
Ghost Stories of Extreme Taoist (2020)
ဒီရုပ်ရှင်ကားကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိလာတဲ့ Ghost Stories Version အသစ်ဖြစ်ပါတယ် ဘယ်တော့မှ ကြည့်လို့မရိုးတဲ့ Ghost Stories ရုပ်ရှင်တွေလို အလွမ်း အကြမ်း အလန်း တွေ ပါဝင်နေပါတယ်... အရင် ရုပ်ရှင်တွေ နဲ့ ဆင်တူသလို နဲ့ ပုံစံကွဲပြီး ဇတ်ကောင်အသစ်တွေပါ ထည့်ပေးထားပါတယ် Sunday Night မှာ အပြင်းပြေဖို့ သရဲကား အက်ရှင် ဇတ်ကားကောင်း တစ်ကား ဖြစ်ပါတယ် ရုပ်ရှင်ကား ထွက်ထားတာ ပူပူနွေးနွေးဖြစ်ပြီး English Subtitle မထွက်သေးလို့ CM Translator ဖြစ်တဲ့ Lazum Mary မှ နားထောင်ပြီး ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ် XCode မှ တင်ဆက်ပေးထားပါတယ် အလွဲ အနည်းငယ်ပါနိုင်တဲ့ အတွက် သည်းခံကြည့်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ် zawgyi ဒီရုပ်ရှင်ကားကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိလာတဲ့ Ghost Stories Version အသစ်ဖြစ်ပါတယ် ဘယ်တော့မှ ကြည့်လို့မရိုးတဲ့ Ghost Stories ရုပ်ရှင်တွေလို အလွမ်း အကြမ်း အလန်း တွေ ပါဝင်နေပါတယ်... အရင် ရုပ်ရှင်တွေ နဲ့ ...
movie
2020
6.2
Lawyer Lawyer (1997)
Lawyer Lawyer (1997)စတီဗင်ချောင်ရဲ့ကားဆိုတာနဲ့ အများကြီးညွှန်းစရာတော့ မလိုပါဘူး။ မြန်မာပရိသတ်နဲ့ မစိမ်းတဲ့ တရုတ်ဟာသမင်းသားကြီး စတီဗင်ချောင်က ဒီကားထဲမှာတော့ ရှေ့နေတစ်ယောက်ပါ။ ရှေ့နေဆိုပေမယ့် ရှေ့နေစစ်စစ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုသလို ရှေ့နေဘဝကို ရောက်ခဲ့ရတာပါ။ တရုတ်ပြည်ကြီး ဗြိတိသျှတွေ လက်အောက်မှာ ကျရောက်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတာ ဗြိတိသျှတွေရဲ့ ဥပဒေပညာရပ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ နယ်မြို့လေးမှာနေတဲ့ ချန်မိုဂတ်ဆိုတဲ့ လူတစ်ယောက်ဟာ အင်မတန် လူရည်လည်ပါတယ်။ စကားအပြောအဆို အင်မတန်ပါးနပ််ပါတယ်။ သူ့မှာ "ဖုန်း" ဆိုတဲ့ တပည့်တစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ 'ဖုန်း'တစ်ယောက် ဆရာနဲ့ စကားများရန်ဖြစ်ပြီး မြို့ပေါ်ကို တက်သွားပါတော့တယ်။ အဲ့ဒီမှာ ပြဿနာက စတာပါပဲ။ 'ဖုန်း' ကို လူသတ်မှုနဲ့ အစွပ်စွဲခံရပါတော့တယ်။ ဒီတော့ သူက သူ့ဆရာကို အားကိုးပြီး သူ့ဆရာကို ရှေ့နေလိုက်ခိုင်းပါတော့တယ်။ ချန်မိုဂတ် ကတော့ သူ့ကို စွန့်ပစ်ထားခဲ့တဲ့ တပည့်မို့ သူက စွန့်ပစ်ချင်နေပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာတဲ့ အကြောင်းတရားတွေကြောင့် 'ချန်မိုဂတ်' တစ်ယောက် ဒီလူသတ်မှုကို ရှေ့နေလိုက်ရပါတော့တယ်။ ရှေ့နေဆိုတာ အပြောအဆိုလိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဒီ့အပြင် ...
movie
Lawyer Lawyer (1997)
1997
6.8
Crime Story (1993)
ဒီဇတ်ကားမှာအဓိကဇာတ်ကောင်ဖြစ်တဲ့ အင်စပက်တာအက်ဒီချန်းနေရာမှာ သရုပ်ဆောင်ဖို့ပထမဆုံးစဉ်းစားခံရတဲ့သူကတော့ တရုတ်ပြည်ရဲ့ထိပ်တန်းမင်းသားဂျက်လီပဲဖြစ်ပါတယ်..ဂျက်လီဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်ကားကိုမရိုက်ကူးဖြစ်ခဲ့ပဲ မင်းသမီး မီရှဲရွန်းနဲ့တွဲဖက်ပြီး Tai Chi Master(၁၉၉၃)ဇတ်ကားကိုပြောင်းလဲရိုက်ကူးခဲ့ပါတယ်..(၁၉၉၃)ခုနှစ်မတိုင်ခင်မှာ ရဲစုံထောက်အက်ရှင်ဇာတ်ကားများ အများအပြားရိုက်ကူးခဲ့ပြီး ရဲစုံထောက်ဇာတ်ရုပ်နှင့်အကျွမ်းတဝင်ဖြစ်နေခဲ့တဲ့ ဂျက်ကီချန်းဟာဂျက်လီမရိုက်ကူးဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူနှစ်ခြိုက်တဲ့ကာရိုက်တာမျိုးဖြစ်နေတဲ့အတွက် ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဟောင်ကောင်ဒါရိုက်တာ ကာကီဟွမ်နှင့် ပူးပေါင်းပြီး ဂျက်ကီချန်းဟာ တွဲဖက်အက်ရှင်ဒါရိုက်တာအနေနဲ့ရော Main Role အနေနဲ့ပါ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်...ဟောင်ကောင်နဲ့ ထိုင်ဝမ်ပြည်နယ်တို့မှာ (၁၉၉၂) ဇူလိုင်(၉)ရက်နေ့မှစပြီး သြဂုတ်(၂၀)ရက်နေ့အထိ (၄၂)ရက်ကြာအောင် ဒီရုပ်ရှင်ကိုစနစ်တကျရိုက်ကူးခဲ့ပါတယ်...ဂျက်ကီချန်းကိုယ်တိုင်ရေးသားထားတဲ့ (My Life Acting)စာအုပ်ထဲက ရေးသားဖော်ပြချက်အရ ဒီစုံထောက်ဇာတ်ကားရိုက်ကူးစဉ်မှာ ကားနှစ်စီးယှဉ်တိုက်တဲ့ဇာတ်ဝင်ခန်းကိုလူစားမထိုးပဲ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခြေထောက်သွင်သွင်ကျိုးသည်အထိ ဒဏ်ရာရခဲ့ဖူးတယ်လို့လည်း သိရပါတယ်..(၁၉၉၃)ခုနှစ် ဇွန်လ(၂၄)ရက်နေ့မှာ ဒီရုပ်ရှင်ဇာတ်ကားကို ဟောင်ကောင်မှာ စတင်ရုံတင်ပြသခဲ့ပြီးအောင်မြင်မှုအနေနဲ့ ရရှိခဲ့တဲ့ဆုတွေကတော့(၁၉၉၃)ခုနှစ်မှာ ဂျက်ကီချန်းဟာ အကောင်းဆုံးသရုပ်ဆောင်အဖြစ်Golden Horseဆုကိုရှိခဲ့ပါတယ်(၁၉၉၄)ခုနှစ်ရဲ့ ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဂျက်ကီချန်းဟာ အကောင်းဆုံးဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအက်ရှင်စတန့်ပြကွက်(Best Action Choreography) ဆုကိုပါ ထပ်မံရရှိခဲ့တဲ့အပြင် အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ကာကီဟွမ်မှလည်း ရရှိခဲ့ပါတယ်..အကောင်းဆုံး ...
movie
Crime Story (1993)
1993
7.1
Forbidden City Cop (1996)
IMDb Rating (7.1) ထိ ရရှိထားတဲ့ စတီဖင်ချောင် ဟာသဇာတ်ကားပါ။ဇာတ်ကြောင်းကတော့..လင်လင်ဖတ်ဟာ ဘုရင့်ကိုယ်ရံတော်ဂိုဏ်းက တီထွင်ပါရဂူဖြစ်ပေမယ့်ထိပ်တန်းသိုင်းပညာရှင်တွေကြားထဲမှာ သူ့ကို ဂေါက်သီးတစ်ယောက်လို့ပဲထင်ခံရသူပါ။ဂေါက်သီးတို့ထုံးစံအတိုင်း ဘုရင့်ရှေ့မယ် တလွဲတွေလုပ်ပြမိတာကြောင့်ဘုရင်ရဲ့ အမျက်တော်ရှပြီး နေပြည်တော်ကနေ မောင်းထုတ်ခံရပါတယ်။လင်လင်ဖတ်ဟာ ပေါ့သေးသေးဂေါက်သီးမဟုတ်တဲ့ တီထွင်ပါရဂူတစ်ယောက်ဖြစ်နေပေမယ့်ဘုရင်တို့ထုံးစံအတိုင်း ပညာရှိကို အထင်မကြီးတာကြောင့် မင်းနေပြည်တော်ကနေ လစ်သွားပြီး OG ဆရာဝန်သွားလုပ်နေပါတယ်။အခါတစ်ပါးမှာတော့ ဂန်နိုင်ငံက မျက်နှာမရှိ/မျက်နှာများ သိုင်းပညာအုပ်စုက ရှင်ဘုရင်ကို လုပ်ကြံဖို့ ကြံစည်ပါတယ်။ဒါကို ဘုရင့်ကပ်ပါးလျက်ဖားတွေက လူမိုက်တို့ထုံးစံအတိုင်း မဆင်မခြင် မြှောက်ထိုးပင့်ကော်လုပ်တာကိုရှင်ဘုရင်ဟာလဲ ဘုရင်တို့ထုံးစံအတိုင်း လူမိုက်စကားနားယောင်ပြီး ဂန်နိုင်ငံကလှည့်ကွက်ထဲ တန်းတန်းကြီးဝင်သွားပါတော့တယ်။ဒါကို လင်လင်ဖတ်တစ်ယောက် သူ့ရဲ့ တီထွင်ဥာဏ်စွမ်းတွေနဲ့ ဂေါက်သီးတို့ထုံးစံအတိုင်း သွားကယ်မလားဆိုတာကတော့....။ File Size…(900MB) and (290MB)Quality…BluRay 720p Format…mp4 Duration…01:31:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Pyae Xeinn Sett
movie
1996