Channel Myanmar

Laura Regan

Unbreakable (2000) 7.3
Unbreakable (2000)  Unbreakable (2000)IMDb Rating (7.3) / Rotten Tomatoes (70%) Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျ မကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့် Glass ကိုသွားကြည့်ရင်အဆင်ပြေလှမှာမဟုတ်ပါဘူး။Mr.glassဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့ အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ။ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီး သူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါ။ခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ်။သူအဲ့ဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူး။ကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ်။ သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်။အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ်။ ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်။Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်။အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစား Dunn ဟာ အဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲလူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ်။အဲ့လူကတော့ Mr.glassဖြစ်ပြီး Dunn ရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့ သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Kyaw Swar Aung ဖြစ်ပါတယ်။)File size…(6.5 GB) / (1.5 GB) / (630 MB) Quality….Blu-Ray 4K HEVC /1080p HEVC /720p Format…. mkv/mp4 Genre….Drama,Mystery,Thriller Duration….01:47:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Lin Kyaw Swar Aung
movie

Unbreakable (2000)

2000
4K HEVC
They (2002) 4.8
They (2002)   They (2002) ကလေးဘဝ တုန်းက ခြောက်အိပ်မက် မက်ခဲ့ဖူးတဲ့ ကလေးတွေရှိကြမှာပါ။ဒီရုပ်ရှင်ဟာ ဒီလို ခြောက်အိပ်မက်မက်ခဲ့တဲ့ ကလေးတွေ အသက်ကြီးလာတဲ့ အချိန်မှာ ငယ်ဘဝ ရဲ့ အရိပ်ဆိုးကြီးတွေ ပြန်ခြောက်လှန့်လာတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။အဓိက ဇာတ်ကောင် ဂျူလီယာဆို တဲ့ ကောင်မလေးဟာတစ်နေ့မှာတော့ သူ့လိုပဲ ငယ်ဘဝတုန်းက ခြောက်အိပ်မက်တွေ ခံစားခဲ့ရတဲ့ သူငယ်ချင်းဟောင်း ဘီလီ နဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ဘီလီ ရဲ့ပြောချက်အရ သူတို့လို ခြောက်အိပ်မက် မက်ခဲ့တဲ့ ကလေးတွေကို အမှတ်အသားလုပ်ပြီး အမှောင်ထဲပြန်ခေါ်သွားချင်နေတဲ့ အရာ တွေရှိတယ်လို့ဆို ပါတယ်။ဘီလီက အဲဒီအရာတွေဟာ အမှောင်ထဲမှာပဲ နေပြီး အလင်းကို ကြောက်တယ်လို့ ပြောပြပြီး သူ့ကိုယ်သူ သတ်သေသွားပါတယ်။ဘီလီ သေဆုံးသွားပြီးမကြာခင်မှာပဲ ဂျူလီယာကိုယ်တိုင် ခြောက်အိပ်မက်တွေ ပြန်မက်လာပြီး သူ့လို လူမျိုးတွေနဲ့လည်း မိတ်ဆွေ တွေဖြစ်ခဲ့ပါတယ်။ ...
movie

They (2002)

2002
My Little Eye (2002) 5.5
My Little Eye (2002)  My Little Eye (2002)IMDb Rating (5.5) / Rotten Tomatoes (70%)Awards - 3 wins and 4 nominations ဒီကားကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ Slasher Horror/ Thriller အမျိုးအစားကားလေးပါ။ဇာတ်လမ်းအစကတော့ လူငါးယောက်ကို လူသူအလှမ်းဝေးတဲ့နေရာမှာရှိတဲ့ အိမ်အိုကြီးထဲ ခြောက်လနေနိုင်ရင် ဒေါ်လာတစ်သိန်းစီပေးမယ်ဆိုပြီး ကမ်းလှမ်းတာကနေစထားတယ်။အိမ်အနှံ့မှာလဲ ၀က်ဘ်ဆိုဒ်ဇာတ်လမ်းအတွက်ဆိုပြီး ရေချိုးခန်းပါမချန် ‌‌‌‌‌‌‌‌‌‌‌‌‌‌ကင်မရာတွေတပ်ဆင်ထားတယ်။ခြောက်လလောက်နေပြီးမှ နောက်ဆုံးအပတ်ရောက်တဲ့အခါမှာ ထိတ်လန့်စရာတွေနဲ့ သူတို့ရဲ့အတိတ်ကဖြစ်ရပ်တွေက ခြောက်လှန့်ဖို့ရောက်ရှိလာပါတယ်။အကုန်လုံးကတော့ ပိုက်ဆံမပေးချင်လို့ ကုမ္ပဏီကဇာတ်လမ်းထွင်တာလို့ ကောက်ချက်ချထားပေမဲ့ တကယ်ရောဟုတ်ပါ့မလားအချင်းချင်းကြားထဲမှာကတောက်ကဆတွေဖြစ်လာပြီး စိတ်၀မ်းကွဲလာကြတဲ့အခါ နောက်ဆုံးရက်အထိ အတူတောင့်ခံနိုင်ကြပါ့မလား စိတ်၀င်တစားကြည့်ရှုရမှာပါ။(ကိုယ်လုံးတီးဇာတ်၀င်ခန်းတချို့နဲ့ လိင်ဆက်ဆံခန်းတချို့ပါ၀င်လို့ သတိချပ်ကြည့်ရှုစေလိုပါတယ်။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။)File size…(2.6 GB) / (1.7 ...
movie

My Little Eye (2002)

2002