Channel Myanmar

Latham Gaines

Bridge to Terabithia (2007) 7.2
Bridge to Terabithia (2007) Bridge to Terabithia (2007)IMDb Rating (7.2)/ Rotten Tomatoes (85%)နင့်နေအောင် ခံစားကြရတဲ့ ဒီရုပ်ရှင်ကားက စာရေးဆရာမ Katherine Paterson ရဲ့ အအောင်မြင်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပြီး Walt Disney က ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်... ရိုက်ကူးစရိတ် Budget $17 million သာ ကုန်ကျခဲ့ပေမယ့် Box office $137.6 million ထိပြန်လည်ရရှိခဲ့ပြီး Rating တွေလဲ ကောင်းမွန်ခဲ့တာမလို့ အဖက်ဖက်ကပြည့်စုံတဲ့ Drama,Family,Fantasy ကားလေးဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့... ဂျက်စ်အရွန်း (Josh Hutcherson)ဆိုတဲ့ ၁၀ နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့ အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီကောင်လေးရဲ့ ဘဝထဲကို လက်စလီဘာ့ခ် (AnnaSophia Robb) ဆိုတဲ့ ဘေးအိမ်က ကောင်မလေးတယောက် ဝင်ရောက်လာတာကနေစလို့ လုံးဝပြောင်းလဲသွားပါတော့တယ်.... ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီက စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ ...
movie

Bridge to Terabithia (2007)

2007
4K HEVC
King Kong (2005) 7.2
King Kong (2005) King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie

King Kong (2005)

2005
4K HEVC