Channel Myanmar

Lang Yueting

That Untold Story ( 2024 ) 6
That Untold Story ( 2024 ) ဒီနေ့မှာတော့ CM တရုတ်ကားချစ်သူတို့အတွက်... ပေါက်စီမြေမှာ ဝတ္ထုဖတ်ပြီး ဝက်ဝက်ကွဲ မျက်ရည်မိုးရွာခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့... စာရေးသူ ကျိုးအိုက်ဟွားရဲ့ "ဘယ်သူမှမသိခဲ့သော ဇာတ်လမ်းလေး တစ်ပုဒ်" ဆိုတဲ့ ဝတ္ထုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ထိုင်ဝမ်ရုပ်ရှင်ဗားရှင်းလေးပါပဲ...ဟုတ်ပါတယ်... ဒရာမာဗာရှင်းလေးလည်း ရှိသေးတာမို့ ဒရာမာစောင့်ရင်း ရုပ်ရှင်ဗားရှင်းအရင်ကြည့်ထားနိုင်ပါတယ်နော်... ဇာတ်လမ်းလေးကတော့... ရှေးဟောင်းပစ္စည်းတွေကို မြတ်နိုးလို့ ပျက်စီးဆုံးရှုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းတဲ့အလုပ်လုပ်နေသူ ယန်ကျောင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကကံကြမ္မာရဲ့ ဇာတ်ညွှန်းအတိုင်း ဘဝအချိုးအကွေ့တစ်ခုမှာ ဒုက္ခတိခြေပြတ် ချန်မင်ရှန်းနဲ့ ဆုံတွေ့ခဲ့ပါတော့တယ်...အတိတ်ကံကြောင့်ပဲလား နတ်ဖူးစာရွာလည်လို့လားမသိပေမယ့်... အချစ်တစ်ခု သူတို့ကြားမှာ ပေါက်ပွားလာခဲ့ပါတယ်... ထူးခြားတာကတော့ ဒီချန်မင်ရှန်းက...မူးယစ်ဆေးနဲ့ပတ်သက်ရင် အရမ်းကို အထိမခံဖြစ်လွန်းပြီး တုံ့ပြန်မှုက ပြင်းထန်လွန်းပါတယ်... နောက်ပြီးတော့ သူက လူသိမခံတဲ့ မြေကြွက်လေးလိုပဲ ဘဝကြီးကို ပုန်းလျိုပြီး ဖြတ်သန်းနေတတ်ပြန်တယ်...ဓာတ်ပုံလည်းအရိုက်မခံဘူး... တစ်ခုခုဆို ကိုယ့်အသားအနာခံပြီး ရှောင်ပြေးတတ်တယ်... သူဘာကိုလျို့ဝှက်နေတာလဲ...ဒီလျို့ဝှက်ချက်တွေပေါ်လာတဲ့တစ်နေ့မှာ သူတို့ကြားက ဇာတ်လမ်းလေးက ဘာဆက်ဖြစ်သွားမှာလဲ Filesize : 1.97 GB / 977 MB / 549 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p ...
movie

That Untold Story ( 2024 )

4K HEVC
The Volunteers: To the War ( 2023 ) The Great War 6
The Volunteers: To the War ( 2023 ) The Great War စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ.... ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင် မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး... ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်... ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ..ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်း တရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်...သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို.. တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်...ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great War ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်... အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ...တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲ ကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်... မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး... ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်...တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့... စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့ သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်... သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့...မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်... သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး... ဇာတ်လမ်းဆိုတာလည်း ...
movie

The Volunteers: To the War ( 2023 ) The Great War

4K HEVC
Blind Detective(2013) 6.5
Blind Detective(2013) Blind Detective(2013)(Zawgyi)အမိုက်စားဇာတ်လမ်းမို့ BluRay 1080 5.1ch ပါပြုလုပ်ပေးထားပါတယ်...ခေတ်မှီတိုးတက်တဲ့နည်းပညာတွေအကူအညီနဲ့ ရုပ်ရှင်ကားတွေဟာလည်း ပိုမိုအရောင်အသွေးစုံလင်လာလို့ ပရိတ်သတ်တွေအတွက်လည်း ရသအပြည့်အဝခံစားလာရတယ်... သို့ပေမယ့် ဒီဘက်ခေတ် တရုတ်ရုပ်ရှင်တွေဟာ အရင်ကားတွေကို မမှီတဲ့အပြင် ဆေးဆိုးပန်းရိုက်ရုပ်တွေကိုပဲ ဦးစားပေးလာသလိုခံစားရတယ်....ကောင်းတဲ့ကားတွေရှိပေမယ့် ကျွန်တော်တို့အကြိုက်ဖြစ်တဲ့ကားတွေတော့ နည်းလာတယ်ဆိုတာ လက်မခံချင်လည်း လက်ခံရမှာပဲ..... ဒါ့ကြောင့်ပဲ အရင်ခေတ်က ထွက်ရှိခဲ့တဲ့ Blind Detective (2013) ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...စိတ်ဝင်စားဖွယ်မှုခင်းကားဖြစ်သလို နာမည်ကြီးမင်းသားဖြစ်တဲ့ Andy Lau ကည်း မျက်ကန်းစုံထောက်အဖြစ်သရုပ်ဆောင်ထားတယ်.... တကယ့်အမှုကြီးတွေကို မျက်ကန်းတစ်ယောက်ဟာ ဘယ်လိုစုံထောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာတွေ့ရမှာပါ... သူ့ရဲ့ဆက်စပ်တွေးခေါ်ပုံတွေက ဇာတ်လမ်းရဲ့ အဓိကအသက်ဖြစ်သလို ဟာသလေးတွေ ကြည်နူးဖွယ်ရာအချစ်ဇာတ်အိမ်လေးလည်းပါသမို့ခံစားကြည့်ကြပါဦးလို့.......ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်...(Unicode)အမိုက်စားဇာတ်လမ်းမို့ BluRay 1080 5.1ch ပါပြုလုပ်ပေးထားပါတယ်...ခေတ်မှီတိုးတက်တဲ့နည်းပညာတွေအကူအညီနဲ့ ရုပ်ရှင်ကားတွေဟာလည်း ပိုမိုအရောင်အသွေးစုံလင်လာလို့ ပရိတ်သတ်တွေအတွက်လည်း ရသအပြည့်အဝခံစားလာရတယ်... သို့ပေမယ့် ဒီဘက်ခေတ် တရုတ်ရုပ်ရှင်တွေဟာ အရင်ကားတွေကို မမှီတဲ့အပြင် ဆေးဆိုးပန်းရိုက်ရုပ်တွေကိုပဲ ဦးစားပေးလာသလိုခံစားရတယ်....ကောင်းတဲ့ကားတွေရှိပေမယ့် ကျွန်တော်တို့အကြိုက်ဖြစ်တဲ့ကားတွေတော့ နည်းလာတယ်ဆိုတာ လက်မခံချင်လည်း လက်ခံရမှာပဲ..... ဒါ့ကြောင့်ပဲ အရင်ခေတ်က ထွက်ရှိခဲ့တဲ့ Blind ...
movie

Blind Detective(2013)

2013
Tik Tok (2016) 5.5
Tik Tok (2016) Tik Tok (2016)_____IMDb - 5.5/10     IMDb 5.5 ရထားတဲ့ တရုတ် - ကိုရီးယားဖက်စပ်အက်ရှင်ဇာတ်ကားအလန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် လူဆိုတာမျိုးကယုံကြည်ချက်သန်ရာသန်ရာကိုလိုက်တတ်တဲ့သူမျိုးပါ ဒါပေမယ့်ဘယ်ကိစ္စမဆို ယုံကြည်ချက်အစွန်းရောက်သွားပြီး နာကျင်မှုတွေပါပေါင်းစပ်လိုက်တဲ့အခါ ရလဒ်မကောင်းတတ်တာကို ဒီကားလေးထဲမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ် ဇာတ်လမ်းကျဉ်းကဆိုရင်ဖြင့် ကိုးတစ်တနဲ့ကိုးကျစ်ဟွားတို့က ညီအစ်ကို ၂ယောက်ထဲက အစ်ကိုဖြစ်သူ ကိုးကျစ်တ က လောင်းကစားအလုပ်ကိုစွဲလမ်းရူးသွပ်သူပါ ဘယ်လောက်တောင်ရူးသွပ်သလဲဆို လူကသာစိတ်ကစဉ့့်ကလျားဖြစ်သွားတယ် လောင်းကစားစိတ်ကပျောက်မသွားပါဘူးတစ်ခုရှိတာက သူ့မှာငယ်ငယ်လေးထဲက အနိုင်ရလိုမှု ဆိုက်ကိုပါ ရှိနေလေတော့ သူ့ရဲ့စိတ်ဝေဒနာဟာတစ်နေ့တစ်ခြားဆိုးရွားလာပါတော့တယ် "ကံဆိုးမသွားရာမိုးလိုက်လို့ရွာ"ဆိုသလိုပဲ ကုမ္ပဏီပျက်စီးပြီးကြွေးတွေပိ လူကလဲစိတ်ဝေဒနာရသွားလေတော့ ညီဖြစ်သူကလည်း ရွာလည်တော့တာပေါ့ ဒီလိုဒုက္ခတွေကြားထဲကရုန်းထွက်နိုင်အောင်လို့ အစ်ကိုဖြစ်သူကိုးကျစ်တကအကြံကြီးကြီးမားမားတစ်ခုအကောင်အထည်ဖော်ခဲ့ပါတယ် လက်တလုံးခြားလှည့်ကွက်တွေနဲ့ ကိုရီးယားရဲတွေဒုက္ခပေးပါတော့တယ် နောက်ပိုင်းကော ကိုးကျစ်တနဲ့ ကိုးကျစ်ဟွားတို့ဘာဆက်ဖြစ်ကြမလဲ ပဲလှော်ကြားဆားညှပ်ခဲ့ရတဲ့သူတွေကကောဘယ်သူတွေဖြစ်မလဲ ကိုရီးယားရဲတွေကကောဘယ်လို ဖြေရှင်းကြမလဲ ပီပြင်လှတဲ့ နောက်ဆုံးလှည့်ကွက်ကြီးကိုကော ဘယ်လိုတောင်တအံ့တသြခံစားကြရမလဲဆိုတာကတော့ ပြီးခါနီးလေးအထိသေချာစောင့်ကြည့်ကြပါစို့ဗျာ တစ်ခုတော့ရှိတယ်ဒေါက်တာမလေးကိုတော့မကြွေမိကြအောင်ထိန်းကြပေါ့ဗျာ....:P   Qty - 720p Web dl Type - Mp4 Duration - 1hr 45min Gern - Crime / Mystery Subtitle - Myanmar Hardsub Translator - Pyae Xein Sett Review - Pyae Xein  Sett Encoder - Kyaw Ye Aung
movie

Tik Tok (2016)

2016
Extraordinary Mission (2017) 6.4
Extraordinary Mission (2017)   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ...သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ်လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့..ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ )သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား???ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ...
movie


2017