Channel Myanmar

Lamorne Morris

Game Night (2018) 7.4
Game Night (2018)  Game Night (2018)IMDb Rating (6.9) / Rotten Tomatoes (85%) ဒီ ရုပ်ရှင်လေး အကြောင်း မပြောမှီ ကျနော်တို့ ဆယ်ကျော်သက်တွေကစားလေ့ ရှိတဲ့ ဂိမ်းတွေ အကြောင်းအရင် ပြောရမယ်ဆိုရင်ဖဲရိုက်မယ် ၊ မိုနိုပိုလီဆော့မယ် ၊ ဒိုးဇက်ဆော့မယ် ၊ ဒီလောက်တွေပဲ ဆော့ဖြစ်မယ်ထင်တယ်။ဒါပေမယ့် ဒီ ရုပ်ရှင်ထဲက လူတွေကတော့ သူတို့ အားလပ်ချိန်တွေကို ဂိမ်းအသစ်အဆန်းတွေနဲ့ဆော့ပြီး ပျော်ရွှင်စွာ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ကိုယ်မသိသေးတဲ့ ဂိမ်းကစားနည်းတွေပါအတော်များများ သိလိုက်ရပါတယ်။ရုပ်ရှင်ကား အစမှာ ပေါတောတော ဖြစ်မယ်လို့ ထင်ထားမိပြီး သရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက် နဲ့ ဟာသ ဒိုင်ယာလော့ခ် တွေက ကောင်းလွန်းတော့လုံး၀ ကို ဇာတ်လမ်း အဆုံးထိ စွဲဆောင်သွားခဲ့ပါတယ်။February 22, 2018 မှာ ရုံစတင်ခဲ့ပြီး Budget ကို37 million USD လောက်သုံးခဲ့ပြီးBox office ...
movie

Game Night (2018)

2018
4K HEVC
Bloodshot (2020) 5.6
Bloodshot (2020) ဗန်ဒီဇယ်ကြီးရဲ့ အက်ရှင်ဇာတ်ကားအသစ် ထွက်လာပါတယ်။ဒီဇာတ်လမ်းကတော့သိပ္ပံစိတ်ကူးယဉ်လို့ ပြောရမှာပဲ။ဗန်ဒီဇယ်ဟာ အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ယောက်။ထုံးစံအတိုင်းပဲ စစ်ဆင်ရေးတွေမှာ အလွန်တော်တဲ့ ဆရာကြီးပေါ့။တစ်နေ့မှာတော့ လူတစ်ယောက်ကသူ့ရဲ့ ဇနီးကိုသူ့ရှေ့မှာတင် သတ်ပြီး သူ့ကိုပါ ပစ်သတ်သွားခဲ့တယ်။ဒါပေမယ့်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ကျေးဇူးကြောင့် ပြန်ရှင်သန်လာပြီး ပိုသန်မာတဲ့၊ဒဏ်ရာတွေအလိုလိုကောင်းလာတဲ့စက်ရုပ်တစ်ပိုင်း လူသားတစ်ယောက် ဖြစ်လာပါတော့တယ်။ဒါပေမယ့် သူနိုးထလာချိန်မှာ သူ့ရဲ့အတိတ်ကို ရုတ်တရက်မမှတ်မိပါဘူး။အဲဒီနောက်မှ ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ပါ။ဇာတ်လမ်းနဲ့ အက်ရှင်ခန်းတွေ မဆိုးတာမို့ ကြိုက်ကြမယ်ထင်ပါတယ်။ File size…(5.9 GB)/ (1.7 GB)/ (1.1 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….01:49:19 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo
movie

Bloodshot (2020)

4K HEVC
Desperados (2020) 7.3
Desperados (2020) ဒီတစ်ခါတော့ Netflix ကနေ ဇူလိုင်လ (၃)ရက်နေ့ ပူပူနွေးနွေး ထုတ်လွှင့်ပြသထားတဲ့ ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးပါရစေ။ Desperados ဆိုတဲ့ ဇာတ်လမ်းလေးပါ။ နမူနာ ထွက်လာကတည်းက အတော်ခွီရမယ့်ကား ဆိုတာ တော်တော်များများ သိထားကြမှာပါ။ တကယ် ပြတော့လည်း အဲဒီအတိုင်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အပျိုကြီးမမတစ်ယောက် ယောကျာ်းလိုချင်ရာကနေ စတဲ့ဇာတ်လမ်းပါပဲ။ ဘဝကို ပေါ့ပေါ့ပါးပါး နဲ့ တလွဲတွေ ဖြတ်သန်းနေတဲ့ အပျိုကြီး မမတစ်ယောက်။ အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ အပျိုကြီး မမတစ်ယောက်။ အလုပ်အကိုင်လည်း အဆင်မပြေ၊ အချစ်ရေးလည်း အဆင်မပြေ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တော့ စိတ်ဓာတ်တွေ အကြီအကျယ် ကျနေခဲ့ရတာပါ။ ဒီအချိန်မှာပဲ သူ့အတွက် လက်တွဲဖော်ကောင်းတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတော့တယ်။ ဒီအမျိုးသားရှေ့မှာတော့ ဒီအမျိုးသားကို လက်မလွှတ်ရဖို့အရေး သူက အိန္ဒြေကြီးတဲ့ အမျိုးသမီးအနေနဲ့ ဟန်ဆောင်ပါတော့တယ်။ ဒါပေမယ့် သူတို့ ရည်းစားဖြစ်ပြီး တစ်နေ့မှာတော့ သူ့ရည်းစားက ၅ ရက်လောက် ပျောက်သွားခဲ့ပါတယ်။ အပျိုကြီးက ပေါက်ကွဲပြီး ရည်းစားဆီကို ဆဲရေးထားတဲ့ အီးမေးလ်တစ်စောင် ပို့လိုက်ပြီးတဲ့အချိန်မှာပဲ ရည်းစားဆီက ဖုန်းဝင်လာပါတော့တယ်။ သူ့ရည်းစားက မက္ကဆီကိုမှာ မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့ သိရတဲ့အချိန်မှာ မက္ကဆီကို ကို လိုက်ပြီး လက်ပတော့ထဲက အီးမေးလ်ကို ဖျက်ဖို့ ကြိုးစားရပါတော့တယ်။ ဟာသကားတစ်ကား အနေနဲ့ တော်တော်လေး ကောင်းတဲ့အပြင် အချစ်ကို ...
movie

Desperados (2020)

2020