Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kwak Do-won
7.0
Man in Love (2014)
Man in Love (2014)ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ...အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ...။မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-minမင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin...ဇာတ်လမ်းကတော့...ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။အဲ့ဒီအပေးအယူကဘာလဲ...လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ....ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။ File size…(1.8 GB )/(880 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myat Chel
movie
Man in Love (2014)
6.6
The Berlin File (2013)
IMDb Rating (6.6)မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ဇာတ်လမ်းအကျဉ်းကတော့...မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာတိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ....အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ....။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:00:36 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sherlock Holmes
movie
The Berlin File (2013)
6.9
Tazza: The Hidden Card (2014)
Tazza; The Hidden Card (2014) =========================IMdb Rating (6.9)ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့်မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)2006 မှာထွက်ခဲ့တဲ့ Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။ "High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ...
movie
Tazza: The Hidden Card (2014)
2014
7.5
Steel Rain 2: Summit(2020)
Steel Rain 2: Summit(2020)ဒီကားက (2017) ကထွက်ရှိခဲ့တဲ့ Steel Rain နဲ့ အဆက်အစပ်မရှိပါဘူး...ဇာတ်လမ်းကတော့ ပထမကားလိုပဲ နိုင်ငံရေးအခြေပြုပြီးရိုက်ကူးထားတာဖြစ်တဲ့အပြင် သရုပ်ဆောင်ပေါင်းများစွာကလည်းအရင်လူတွေနဲ့ ရိုက်ကူးထားတာပါ...ဇာတ်ရုပ်တွေတော့ပြောင်းလဲမှုရှိပါတယ်....ဘယ်နိုင်ငံပဲဖြစ်ဖြစ် စစ်မဖြစ်ချင်ကြပါဘူး..အဘက်ဘက်က အထိနာတဲ့အပြင်အရာအားလုံးမူလ ပထမ အတိုင်းပြန်ဖြစ်ဖို့ နှစ်ပေါင်းအတော်ကြာအောင်တည်ဆောက်ဖို့ အချိန်အတော်ယူပါတယ်...သို့ပေမယ့်လည်း အကယ်၍များစစ်ဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံစစ်ရေးအရ အရေးမနိမ့်စေဖို့ အင်အားကြီးနိုင်ငံတွေနဲ့မဟာမိတ်ကိုမဖြစ်မနေဖွဲ့နေကြတာအားလုံးသိမှာပါ...ဒီဇာတ်ကားမှာအဲ့ဒီအပိုင်းကိုအဓိကထားရိုက်ကူးထားပြီးတရုတ် ၊ ဂျပန် ၊မြောက်ကိုရီးယား နဲ့အမေရိကန်တို့ အဓိက ပါဝင်ကြပါတယ်..ပထမကားထက် ဇာတ်အိမ်ပိုကျယ်သလိုရိုက်ကူးထားတာတွေကလည်း တကယ့်ကိုခမ်းနားပါတယ်...အဓိက မင်းသားကြီး Woo-sung Jung ပါတာနဲ့တင်ကြည့်ရကျိုးနပ်ပါတယ်..ဗဟုသုတများစွာရသလို တောင်ကိုရီးယားရဲ့ ကောင်းမွန်သောရည်ရွယ်ချက်နဲ့ဒီဇာတ်ကားကြီးကိုရိုက်ခဲ့တယ်လို့ပြောလို့တောင်ရပါတယ်...ဇာတ်လမ်းအကြောင်းတော့ သီးခြားမညွှန်းတော့ပါဘူး...လက်မလွှတ်သင့်တဲ့ဇာတ်ကားြကီးလို့ပဲညွှန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Zwe Zan Aung,MarTizas & Ei Phyu Khin တို့ပဲဖြစ်ပါတယ်....File Size : (1.01 GB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…02:12:00 Genre : Action , ...
movie
Steel Rain 2: Summit(2020)
7.3
The Man Standing Next (2020)
ဒီကားကတော့ ၂၀၂၀ခုနှစ်အစောပိုင်းကပဲ ထွက်ရှိထားတဲ့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ History/Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးဒီကားထဲမှာ တခြားဇာတ်ရုပ်တေနဲ့မတူပဲ တမူထူးခြားစွာ သရုပ်ဆောင်ထားတဲ့ လီဗြောင်ဟွန်းရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။IMDB 7.3 ထိရရှိထားပြီး MDL(My Drama List)မှာ 6.4ထိရရှိထားတဲ့ ကိုရီးယားနိုင်ငံရေးသရုပ်ဖော် ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းက တောင်ကိုရီးယားနိုင်ငံ ရဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးအရှုပ်တော်ပုံ၊နိုင်ငံအကြီးအကဲတွေရဲ့ လှည့်ကွက်တွေကိုအခြေခံထားပြီး ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအစမှာ အမေရိကန်နိုင်ငံ တရားခုံရုံးထက်မှာ KCIA(Korea Central Intelligence Agency)ရဲ့ ဦးစီးမှူးဟောင်းပတ်ယွန်းဂတ်ဆိုသူက တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးကို တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကတောင်ကိုရီးယားမှာဒီမိုကရေစီမရသေးချိန်ဖြစ်လို့ KCIA ကဦးစီးမှူးဟောင်းကတောင်ကိုရီးယားသမ္မတကို ပြည်သူတွေအပေါ် အာဏာရှင်စနစ်ကိုဆွဲကိုင်ထားခြင်းတခြားသော ငွေကြေးအရှုပ်များရှိနေခြင်းစတဲ့ပြစ်ချက်တွေနဲ့စွဲချက်တင်လိုက်ပါတယ်။ဒီလိုဖွင့်ဟထုတ်ဖော်ပြောလိုက်လို့လည်းအဲ့အချိန်ကစပြီးအဲ့ဒီလူကံဆိုးမိုးမှောင်စကျပါတော့တယ်။သူနောက်မှာ KCIA ရဲ့ဦးစီးမှူးအသစ် ဖြစ်လာသူ ကင်ဂူဖြောင်းကတော့ သမ္မကြီးအပေါ်သစ္စာရှိသူ၊ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ပါ။အဲ့ဒီအချိန်က KCIA ဆိုတာ ကိုရီးယားသမ္မတရဲ့အတွင်းရေးကိစ္စမှန်သမျှလုပ်ဆောင်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုပါ။ဒါပေမယ့် မထင်မှတ်ထားစရာတစ်ခုက အဲ့လိုသမ္မတလက်စွဲအဖွဲ့အစည်းထက်မှာ တခြားသောလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထပ်ရှိနေတယ်ဆိုတာပါပဲ။ဒီအဖွဲ့က သမ္မတကြီးက KCIAကိုတိုက်ရိုက် ခိုင်းစေဖို့မသင့်လျော်တဲ့ ...
movie
The Man Standing Next (2020)
2020
6.6
Asura: The City of Madness(2016)
Asura: The City of Madness(2016)IMDb...6.6,,,Rotten..80%" ကျုပ်ရဲအဖြစ်အလုပ်လုပ်တဲ့ အန်နမ်မြို့က အကျင့်ပျက်တဲ့သူတွေနဲ့ပြည့်နှက်နေပြီ..ဒီနောက်ပိုင်းပြန်လည်ဖွံ့ဖြိုးခြင်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ခြိ်မ်းခြောက်လာကြတယ်..အန်နမ်ရဲ့မြို့တော်ဝန် ပါ့ခ်ဆွမ်ဘဲဆိုတာရှိတယ်..သူက တစ်မြို့လုံးကို၀ါးမြိုချင်နေတာ...သူ့ပြိုင်ဘက်ကလည်း ဘယ်ငြိမ်နေပါ့မလဲ...နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်လို့...ကျုပ်ကတော့ အနိုင်ရတဲ့သူနဲ့ပဲပူးပေါင်းတယ်..."ဒါကတော့ ရဲတစ်ဦးဖြစ်တဲ့ ဟွမ်ဒိုဂျောင်ရဲ့အယူအဆပါပဲ....သူက ငွေရဖို့ဆိုဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းပြီး ခွေးတစ်ကောင်လိုအလုပ်လုပ်မယ့်သူ....ဒီကားကတော့ အန်နမ်မြို့တော်ဝန်နဲ့ အတိုက်အခံပါတီတွေကြားမှာ လူမိုက်ဂန်းစတားတွေ..စုံထောက်တွေနဲ့ရှေ့နေတွေကြားကို ကောင်းကောင်းကြီးရိုက်ပြထားတာ..သူတော်စင်တွေ ယုန်ကလေးလိုကောင်တွေတစ်ယောက်မှ မပါဘူး..ယုံပုံစံဖြစ်နေရင်တောင် ယုန်ယောင်ဆောင်ထားတဲ့ ကျားတွေ မြေခွေးတွေပဲဖြစ်တယ်...သွေးထွက်သံယိုခန်းပေါင်းများစွာပါသလို နိုင်ငံရေးရဲ့ ပဋိပက္ခပေါင်းစုံကို အလွှာစုံ နယ်ရုပ်စုံရဲ့ ရွှေ့ကွက်ပေါင်းများစွာကိုတွေ့မြင်ရမယ်..နောက်ပြီးဒီကားက ဇာတ်လမ်းအစမှ အဆုံး Tempo ကျသွားတယ်လို့ရယ်မရှိဘူး...ကြည့်ရင်းကျော်ထဲစိမ့်အောင်လန့်လာသလို ဆက်လည်းမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတယ်..သရုပ်ဆောင်တွေကလည်း ကိုရီးယားတကယ့်အထင်ကရ လူတွေကြီးပဲ...The king,The Divine Moveနဲ့ Cold eye တို့မှာ ကြမ်းခဲ့ ရမ်းခဲ့တဲ့မင်းသားကြီးWoo-sung Jungကိုတော့ထွေထွေထူးထူးထပ်မိတ်မဆက်တော့ဘူး..စပွိုင်လာမပါလေ..ဘာဇာတ်လမ်းအကြောင်းမှမပြောလေကြည့်လို့ကောင်းတဲ့ဇာတ်ကားမို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (2.13GB),(1.03GB) and ...
movie
Asura: The City of Madness(2016)
2016
7.7
The Attorney(2013)
The Attorney(2013)IMDb...7.7,,,Rotten...73%ကိုရီးယားရဲ့ နာမည်ကျော်သရုပ်ဆောင်ဖြစ်တဲ့ Song Kang-ho ကို မသိရင်သာနေမယ်..သူသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးကားတွေဖြစ်တဲ့A Taxi driver,Memories of Murder ,The Host ,The Good, The Bad, the Weird ,Thirst စတဲ့ ဇာတ်ကားတွေကိုတော့မြန်မာ ပရိတ်သတ်တွေအနေနဲ့ သိကြမယ်ထင်ပါတယ်.. နှုတ်ခမ်းနီမလေးတွေ စွဲမက်လောက်စရာရုပ်ရည်မျိုးမရှိပေမယ့် ကျရာစရိုက်ကိုသူမတူအောင်အပီအပြင်ဆုံးသရုပ်ဆောင်နိုင်စွမ်းရှိလေတော့ သဘာဝမင်းသားကြီးလို့တောင် တင်စားကြပါတယ်...အခုလည်းThe Attorney(2013) မှာ ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်....Rating တွေကလည်းမြင့် ဇာတ်လမ်းကလည်း ကောင်းတဲ့အပြင် သရုပ်ဆောင်ကလည်းမင်းသားကြီး Song Kang-ho ဆိုတော့ ထွေထွေထူးထူးတော့ညွှန်းစရာမလိုတော့ဘူးထင်ပါတယ်...အထက်တန်းကျောင်းသာ အောင်တဲ့ ဆုန်းဝူရှစ် ဟာ တစ်ဆင့်ချင်းကြိုးစားပြီးနောက် ဝတ်လုံတော်ရ ရှေ့နေဖြစ်လာခဲ့ပါတယ် လက်ရှိမှာတော့ဘူဆန်မြို့မှာ အခွန်ဥပဒေနဲ့ပတ်သက်တာကို အဓိကထားလုပ်ဆောင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ် သူရှေ့နေဖြစ်လာရတဲ့ တစ်ခုတည်းသော အကြောင်းက မိသားစုအတွက်ဝမ်းစာရှာနိုင်ဖို့ ငွေရဖို့ပါ ....ဒါကြောင့် သူဟာ ငွေရဖို့ဆို ဘာမဆိုလုပ်ပြီး သူ့ရုံးခန်းလူသိဖို့ လုပ်ငန်းလိပ်စာကဒ်တွေ လိုက်ဝေခဲ့ပါတယ်....သူ့ပုံစံက ရှေ့နေဆိုတာထက် စီးပွားရေးသမားတစ်ယောက်နဲ့ ...
movie
The Attorney(2013)
2013
7.1
Steel Rain (2017)
ဒီဇာတ်ကားလေးမှာ နိုင်ငံရေးလှည့်ကွက်တွေ၊ ကွန်မြူနစ်နဲ့အရင်းရှင်ကွာခြားမှုတွေ၊ လူသားဆန်မှုတွေ စတာတွေကို အချိတ်အဆက်မိမိ ရိုက်ပြထားပါတယ်တောင်နဲ့မြောက်ဆိုပြီး တိုင်းပြည်ကွဲနေပေမယ့် ကံအကြောင်းတိုက်ဆိုင်ပြီး သက်ဆိုင်ရာအစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နာမည်တူလူနှစ်ယောက်ကွက်ချိုလ်ယူနဲ့ အွမ်ချိုလ်ယူမြောက်ကိုရီးယားမှာ သုတ်သင်ရှင်းလင်းရေးဖြစ်ပြီး နံပါတ်တစ်ခေါင်းဆောင် လုပ်ကြံခံရပါတယ်ဒါပေမယ့် အွမ်ချိုလ်ယူတစ်ယောက် ကယ်တင်ပြီး တောင်ကိုရီးယားဖက်ထွက်ပြေးသွားပါတယ်နံပါတ်တစ်ခေါင်းဆောင်တစ်ယောက် အသက်ရှင်နိုင်ပါ့မလား.......အွမ်ချိုလ်ယူတစ်ယောက် သူနဲ့နာမည်တူတဲ့လူနဲ့ ဘယ်လိုများသွားဆုံမလဲ.......သုတ်သင်ရှင်းလင်းရေးကရော တောင်နဲ့မြောက်ဆက်ဆံရေးကြား ဘယ်လိုရှုပ်ထွေးလာစေမလဲမဟာမိတ်နိုင်ငံတွေကရော ဘယ်လိုပါဝင်ပက်သက်ကြမလဲတောင်နဲ့မြောက် ချစ်ကြည်ရေးပြန်လည်တည်ဆောက်နိုင်မလား ပိုဆိုးရွားသွားမလားဒီဇာတ်ကားက နိုင်ငံရေးဇာတ်ကားဆိုပေမယ့် ကိုရီးယားကားပီပီ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး ပျင်းစရာမကောင်းပါဘူူးIMDB Rating ကလဲ 7.2/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းဖြစ်တယ်ဆိုတာ ငြင်းစရာမလိုတော့ပါဘူးနော်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)နဏဖတ်ခဲ့သည်။File Size : (0.99 GB) Quality : WEBRip 720p Running Time : 2hr 19min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source :1080p NF ...
movie
Steel Rain (2017)
2017
6.7
A Company Man (2012)
ဒီကားလေးဟာကိုရီးယားအက်ရှင်ကားတွေထဲမှာတည်တည်ငြိမ်ငြိမ်နဲ့သရုပ်ဆောင်တတ်တဲ့ တောင်ကိုရီးယားဝါရင့်မင်းသားSo-Ji_Subပါဝင်သရုပ်ဆောင်ထားတဲ့၂၀၁၂ထွက်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးကိုကြေးစားလူသတ်သမားအဖွဲ့အစည်းတစ်ခုနဲ့စတင်ထားပါတယ်။ Heyong-Doဟာအပြင်ပန်းကကြည့်ရင်တော့သတ္တုလုပ်ငန်းတစ်ခုရဲ့ဝန်ထမ်းတစ်ယောက်လို့ပဲမြင်ရမှာပါတယ်။ တကယ်တော့အဲဒီသတ္တုလုပ်ငန်းဆိုတာကိုအယောင်ပြပြီးအဖွဲ့အစည်းအလိုက်အလုပ်လုပ်တဲ့ကြေးစားလူသတ်သမားအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်တစ်ပါပဲ။ မိမိလုပ်ငန်းမှာကျွမ်းကျင်ပိုင်နိုင်စွာသွေးအေးစွာလုပ်ဆောင်နိုင်ပြီးအတော်ဆုံးကြေးစားလူသတ်သမားဖြစ်ပေမယ့်အချစ်ဆိုတဲ့အရာသူ့ဘ၀ထဲကိုဝင်လာချိန်မှာတော့အရာအားလုံးပြောင်းလဲကုန်ပါတော့တယ်။ Single motherတစ်ယောက်ဖြစ်သူMi-Yeonနဲ့တွေ့ကာချစ်မိပြီးတဲ့နောက်Heyongဟာသူ့ရဲ့အတိတ်ကမကောင်းမှုတွေကိုစက်ဆုပ်လာပါတော့တယ်။ အဲဒါနဲ့အခိုင်အမာတည်ရှိနေတဲ့သူ့ရဲ့ကြေးစားလူသတ်ဂိုဏ်းကနေထွက်ဖို့ကြိုးစားတဲ့နောက်မှာတော့ အဖြစ်အပျက်တွေဟာမုဆိုးဘ၀ကနေသားကောင်ဘ၀အဖြစ်သို့နေ့ချင်းညချင်းရောက်သွားသလိုပါပဲ။ Heyongတစ်ယောက်နွံထဲကနေရုန်းထွက်နိုင်မလား။သူမျှော်လင့်တဲ့ငြိမ်းချမ်းတဲ့ဘ၀လေးထူထောင်နိုင်မလား။ အတိတ်အရိပ်ဆိုးကိုကျော်ဖြတ်နိုင်မလားဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်ကြတာပေါ့ဗျာ။ မင်းသားကောင်းတလက်ဖြစ်တဲ့အတွက်အက်ရှင်ကားကောင်းတစ်ကားကိုစိတ်ကျေနပ်မှုအပြည့်အ၀နဲ့အားလပ်ချိန်စိတ်အပန်းပြေကြည့်နိုင်မှာဖြစ်ပါတယ်။ Ratingအနေနဲ့လည်6း.7ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ CM မှ Translator တစ်ဦးဖြစ်သူ Thinzar Thaung Htike San ပဲဖြစ်ပါတယ်) File Size : (700 MB) and (280 MB) Quality : Bluray720p Running Time : 1hr 36minutes Format : Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated By Thinzar Thaung Htike San Encode By Thanhtike Zaw
movie
A Company Man (2012)
2012
6.1
Love Fiction (2012)
Love Fiction (2012)_____IMDb - 6.1/10 Goo Joo-wol ...အူကြောင်ကြောင် နိုင်ပြီး အသားမစားတဲ့ စာရေး ဆရာ ပါ။ နောက်ဆုံး တွဲနေတဲ့ ချစ်သူက ရှင်သာ အသား စားရင် ဆိုတဲ့ စကားသုံးခွန်းပဲ ပြောပြီး လမ်းခွဲတာ ခံခဲ့ရသူပါ။ Goo Joo-wol က အချစ်ရေးမှာ သိပ်ကံမကောင်း ပါဘူး။ ကလေး ဘဝကထဲက ချစ်သူ ရှိခဲ့ဖူးပါတယ်။ နင့်ရဲ့ ရှုရှုးပေါက်တဲ့ နေရာ ငါ့ကို ပြပါ ပြောလို့ ကလေးဘဝ အချစ်ဦးနဲ့ လမ်းခွဲ ခဲ့ရပါတယ်။ ဆယ်ကျော်သက် အရွယ်မှာလဲ ခပ်ကြမ်းကြမ်း ချစ်သူဖြစ်နေလို့ လမ်းခွဲ ခဲ့ပြီး။ နောက်ဆုံး ချစ်သူ မတိုင်ခင် ရှေ့တစ်ယောက်က မယ်သီလရှင် ဝတ်သွားလို့ အချစ်ရေး ကံမကောင်းဘူး ဆိုတာ ယုံကြည်ပြီး ခပ်ကြောင်ကြောင် ...
movie
Love Fiction (2012)
2012
7.1
Nameless Gangster: Rules of the Time (2012)
1961 ခုနှစ်မှာ ကိုရီးယားနိုင်ငံအတွင်းရှိ မြေအောက်ဂိုဏ်းတွေ ဖြိုခွင်းခဲ့တာကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ လူ့သဘော လူ့သဘာဝတွေ ထင်ဟပ်နေတဲ့ ဇာတ်ကားဖြစ်ပြီး IMDb Rating (7.2/10) ရရှိထားပါတယ်။File size...994MB Quality....Blu-ray Rip 720p Format...mp4 Duration....02:13:49 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung
movie
Nameless Gangster: Rules of the Time (2012)