Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kumer So
6.3
The White Storm 3: Heaven or Hell ( 2023 )
The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားသုံးကားလုံးကိုဒီနေရာမှာရှာနိုင်ပါတယ် ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့ Louis Kooတစ်ယောက်ပဲပြန်ပါလာပြီး မင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Filesize : 1.88 GB / 1.04 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama , Crime Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu ...
movie
The White Storm 3: Heaven or Hell ( 2023 )
7.2
Limbo ( 2021 )
ဟောင်ကောင်တွေကThrillerတွေရိုက်တာပိုင်နိုင်တယ်ဆိုတာဒီကားကိုကြည့်ပြီးတပ်အပ်ပြောလို့ရပါတယ်။အဖြူအမဲဆိုပေမယ့်အရာရာကိုရိုက်ပြထားတာပြတ်သားလွန်းပါတယ်။ရှင်းလင်းပြတ်သားလွန်းလို့ တရုတ်ပြည်မမှာပြသခွင့်မရပါဘူး။ဆိုပေမယ့် ၇၁ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသခွင့်ရခဲ့ပါတယ်။အဲဒါအပြင် Far East Film Festival မှာဆုရခဲ့တဲ့ အများချီကျူးမှုတွေရခဲ့တဲ့ ကားကောင်းတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အရာရှိသင်တန်းဆင်း ဝါနုအရာရှိ ရန်ဝေဟာ ဝါရင့်ရဲအရာရှိအကိုချန်ရှိတဲ့မှုခင်းဌာနမှာတာဝန်ကျပါတယ်။ အကိုချန်ကဝါရင့်ပြီး တစ်မူထူးတဲ့နည်းတွေနဲ့အမှုလိုက်တတ်ပါတယ်။ဆင်တူတဲ့လူသတ်ပုံနဲ့အမှုတွေတစ်ခုပြီးတစ်ခုတိုးလာပြီး စုံစမ်းနေချိန်မှာ ရဲအရာရှိချန်ရဲ့မိန်းမကိုကိုမာဖြစ်အောင်ကားနဲ့တိုက်ခဲ့တဲ့ ကလေကချေမလေး ဝမ်ထောင်ကိုပြန်တွေ့လိုက်ရတော့အရာရှိချန်ကနာကျည်းမှုတွေနဲ့ အထိန်းချုပ်မဲ့သွားပြီး ဝမ်ထောင်ကိုသတ်မိမလိုဖြစ်သွားပါတယ်။ဝမ်ထောင်ကပြန်ပေးဆပ်တဲ့အနေနဲ့ မူးယစ်မှောင်ခို၊ ကားသူခိုးစတာတွေရဲ့သတင်းပေးလုပ်ပေးပါ့မယ်လို့ပြောလာပါတယ်။ဒီလိုနဲ့ ကိုကိုးဆိုတဲ့ တရားခံလက်ဖြတ်တာခံရပေမယ့် အသက်ရှင်နေသေးတဲ့တစ်ဦးသောသူကိုတွေ့လိုက်ရပြီး ဘာတွေဆက်ဖြစ်သလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်ရှုလိုက်ပါနော်။Limbo ကတရုတ်ဝတ္ထု(အံသွား)ဆိုတာကိုပြန်လည်ရိုက်ကူးထားတာပါ။အံဆုံးပေါက်တဲ့အခါနာကျင်ရသလို လူတွေရင်ထဲကနှုတ်လို့မရဖျောက်လို့မရတဲ့နာကျင်မှုမျိုးကို ဖော်ပြထားတာဖြစ်ပါတယ်။ဒါရိုက်တာကရှင်းရှင်းလင်းလင်းရဲရဲတင်းတင်းရိုက်ပြထားသလိုသရုပ်ဆောင်တွေကလဲတော်တော်ကောင်းတဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောချင်ပါတယ်ရှင်။ Quality : WEB-DL 1080pFormat : mp4During :1h 58minGenres : DramaSubtitle : Myanmar Subtitle ( Hardsub )Translated By Nu MonEncoded By LK
movie
Limbo ( 2021 )