Channel Myanmar

KPY Ramar

Baby & Baby (2025) 5.7
Baby & Baby (2025) Baby And Baby (2025)"က.. ကလေးငယ်" =================================ရုပ်ရှင်တိုင်းမှာ ဆံပင်အကြေဖွလေးနဲ့ ကာရိုက်တာပြောင်းပေမဲ့ ရူပါမပြောင်းတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတဲ့ တမီလ်စကားပြော ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ရုပ်ရှင်ခေါင်းစဉ်အတိုင်းပါပဲ။လေဆိပ်တစ်ခုမှာ ကလေးချီထားတဲ့ ကလေးအဒေါ်ကောင်မလေးကိုကျူချင်လို့ အစ်မဖြစ်သူရဲ့ သမီး တူမသေးသေးလေးကို ချီပြီး ကလေးရဲ့ ဦးလေးဖြစ်သူက ဖွန်သွားကြောင်ပါတယ်။အဲဒီလိုကျူနေရင်း လေပေးဖြောင့်နေတုန်းမှာ ကလေးချီပြီး ဓာတ်ပုံရိုက်ချင်တဲ့ အမွှာနှစ်ယောက်ကြောင့် ကလေးချင်းလွဲသွားရာကနေ မိသားစုနှစ်ခုရဲ့ဟာသအလွဲတွေကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 12min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Baby & Baby (2025)

Rooban (2024) 7.5
Rooban (2024) Rooban 2024 (အပစ်ပယ်ခံ လူသားတစ်ယောက်) IMDb - 8.6/10တောအုပ်ကြီးတစ်ခုရဲ့ ဘေးကရွာလေးတစ်ရွာ ရှန်မူဂမ်ဆိုတဲ့လူတစ်ယောက် သူ့ရဲ့အမျိုးသမီးဖြစ်သူ နဲ့အတူ နေထိုင်ပါတယ်။သူတို့အိမ်ထောင်သက်က အနည်းငယ်ကြာပြီဆိုပေမဲ့ သားသမီးမထွန်းကားတာကြောင့် သူတို့ကို လာဘ်မကောင်းဘူး နမိတ်မကောင်းဘူးဆိုပြီး တစ်ရွာလုံးက သာရေးနာရေးကိစ္စ အဝဝမှာ လူလုပ်ပြီးမဖိတ်ဘဲ ပစ်ပယ်ထားကြပါတယ်။ဒါတင်မကသေးဘဲ အတင်းအဖျင်းတွေပါပြောသေးတော့ ရှန်မူဂမ်တစ်ယောက် စိတ်ထဲသိမ်းထားရတာတွေများလာတဲ့နောက် မဖြေသိမ့်နိုင်တော့ဘဲ အရက်တွေသောက်ပြီး တစ်ရွာလုံးကို ငိုပြီးသူ့ခံစားချက်တွေကို ပြောပါတော့တယ်။အဲ့လိုပြောရင်းပဲ သူ့ကိုဒီလိုပစ်ပယ်ထားတဲ့ ရွာသားတွေ တစ်နေ့သူ့ခြေရင်းမှာခပြီး ဝပ်တွားတောင်းပန်လာစေရမယ်လို့ ကျိန်ဆိုသွားခဲ့ပါတယ်။ ဆိုတော့ အပစ်ပယ်ခံဆင်းရဲသား ရှန်မူဂမ်တစ်ယောက် သူပြောသလိုဖြစ်သွားမှာလား ဘာတွေလုပ်ပြီးဖြစ်အောင်လုပ်မှာလဲဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။) File size…3GB / 1.5GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Rooban (2024)

2024