Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kou Shibasaki
6.3
47 Ronin (2013)
47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ်အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာ ဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံက ငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ ငါတို့ထဲကဘယ်သူမှ ဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ဒါပေမယ့် အနှေးနဲ့အမြန် ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာ လက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင် ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကို ကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကို ရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။ သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုထားနေေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာ ရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်ေယာက်ဟာ သတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ် တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာ တာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာ သူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက် ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့ သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။ တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်က ပြင်ထန်လွန်းလှတယ်။ဒီဇာတ်လမ်းမှာ အာကိုဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့ သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်း သခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။ အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာ သခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ အရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့ သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ သူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလား အဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။ ---------------- ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့ John Wickဇာတ်ကားေတွနဲ့ကျွန်တော်တို့ရဲ့ အချစ်တော်ကြီးဖြစ်လာတဲ့ ...
movie
47 Ronin (2013)
2013
4K HEVC
6.6
The Island of Cats 2019
ဒီဇာတ်ကားလေးက ၂၀၁၉ကထွက်ရှိထားတဲ့ဇာတ်ကားလေးပါ လူတွေနဲ့ ကြောင်တွေကြားကချစ်ခြင်းမေတ္တာကိုဖော်ကျူးထားတဲ့လုံး၀မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ တိရစ္ဆာန်ချစ်သူတွေအတွက် သေချာပေါက် ချစ်ခြင်းမေတ္တာကိုခံစားမိပြီးမျက်ရည်ကျရမဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ ဇာတ်လမ်းအကျဥ္းကတော့ ကြောင်ကျွန်းလေးမှာနေထိုင်တဲ့အသက်၇၀အရွယ် ဟာရူယာမာ ဒါအီကိချီ ဆိုတဲ့အဘိုးကြီးမှာ တာမာ အမည်ရှိတဲ့ကြောင်မလေးတစ်ကောင်ရှိပါတယ် ဒါအီကိချီဟာလွန်ခဲ့တဲ့၂နှစ်ကဆုံးပါးသွားတဲ့သူ့မိန်းမကိုအမြဲလိုလိုသတိရနေတဲ့သူပါ တာမာအမည်ရှိတဲ့ကြောင်လေးဟာ လူနားနီးပီးအသိဉာဏ်အတော်ရှိတဲ့ကြောင်လေးပါ လူတိုင်းနဲ့ခင်မင်ရင်းနှီးလိုစိတ်ရှိပါတယ် သခင်အခက်အခဲတွေ့တဲ့အခါတိုင်းပါးစပ်ကမပြောတတ်ပေမဲ့အမူအရာလေးတွေနဲ့ကူညီတတ်တဲ့ကြောင်လေးပါ တစ်နေ့တော့ သူ့သခင်နှလူံးဖောက်ပြီးဆေးရုံတက်ရပါတာ် ဆေးရုံကပြန်ဆင်းလာပီး၁ရက်လောက်အကြာမှာကြောင်လေးပျောက်သွားခဲ့ပါတယ် ကြောင်လေးဘာလို့ပျောက်သွားလဲ ပြန်တွေ့မှာလားမတွေ့ဘူးလားဆိုတာကိုတော့ ကရုဏာသက်စွာ ရင်ခုန်စွာစေ File Size : 1GB and 500mb Quality : webrip 1080p/720p Format…mp4 Duration…1hr43min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie
The Island of Cats 2019
6.4
Dororo (2007)
Dororo (2007) IMDb 6.4/10_____Rotten Tomatoes 54% ဒီကားလေးဟာဆိုရင် 1960 တုန်းကထုတ်လွှင့်ခဲ့တဲ့ Manga series လေးကို 2007 မှာပြန်ပြီး အသက်သွင်းရိုက်ကူးထားတဲ့ ဆာမူရိုင်း ကားလေးပဲဖြစ်ပါတယ်... အကျဉ်းချုံးလေးပြောရမယ်ဆိုရင်တော့ ဆယ်စုနှစ်ကြာအောင်ဖြစ်ပွားနေတဲ့ စစ်ပွဲကြီးမှာ စစ်ရှုံးလာတဲ့ စစ်သူကြီးတစ်ယောက်ဟာ တိုင်းပြည်ကို အုပ်စိုးချင်တဲ့အတွက် နတ်ဆိုးတွေနဲ့ ကြောက်မယ်ဖွယ်အပေးအယူကြီးတစ်ခုပြုလုပ်ခဲ့ပါတယ် အဲ့ဒါကတော့ သူ့မိန်းမကိုယ်ဝန်ဆောင်ထားတဲ့ သားရဲ့ ခန္ဓာကိုယ်ကို 48 ပိုင်းပိုင်းပြီး နတ်ဆိုးတွေကို ပူဇော်လိုက်တာပဲဖြစ်ပါတယ်... မမွေးခင်ထဲက ယစ်ပူဇော်ခံရတဲ့ ကလေးဟာ အသားလုံးလေးအဖြစ်မွေးဖွားလာပြီး ရေထဲမျှောခံလိုက်ရပါရော မှော်ဆေးဆရာကြီးက ဆယ်ယူမွေးစားပြီး ကိုယ်လက်အင်္ဂါအတုတွေတပ်ပေးလိုက်ပါတယ် အရွယ်ရောက်လာတော့ အဖြစ်မှန်တွေအကုန်သိပြီး ဟိရခိမာယု ဓားနဲ့ နတ်ဆိုးတွေကိုသုတ်သင်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရယူပါတော့တယ် သူ့လက်ထဲမှာတပ်ထားတဲ့ ဟီရခိမာယုဓားကို လိုချင်နေတာကတော့ သူ့ကိုယ်သူယောကျ်ားလေးလိုနေထိုင်တဲ့ အလစ်သုတ်သမလေးပဲဖြစ်ပါတယ် သူတို့နှစ်ယောက်ပေါင်းပြီး နတ်ဆိုးတွေသတ်ရာမှာ ခြေထောက်ယူထားတဲ့ နတ်ဆိုးကိုသတ်ပြီးတာနဲ့ ခြေထောက်အတုကပြတ်ကျပြီး အစစ်ပြန်ထွက်လာတာတွေကတော်တော်မိုက်ပါတယ် အခွေခေတ် စာတန်းထိုးတွေမပါတုန်းကတောင် တော်တော်ကြည့်လို့မိုက်တဲ့ကားလေးမို့ မင်းသားလေးကလည်း အရမ်းချောလို့ Dororo ကားလေးကို ညွှန်းလိုက်ရပါတယ်နော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ Cafeo Wine ဖြစ်ပါတယ်။) File size…(1.16 GB) Quality…WEB-DL Rip 720p Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Cafeo ...
movie
Dororo (2007)
2007