Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kottayam Nazeer
7.1
Alappuzha Gymkhana (2025)
Alappuzha Gymkhana (2025)"အာလာပူဇာ အားကစားရုံ" ==============================================ဘောက်ဆင်ဖိုက်တင်ခန်းတွေကြည့်ရတာကြိုက်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အားကစား ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ Manjummel Boys လိုမျိုး ငယ်သူငယ်ချင်းတွေကိုလွမ်းစရာ သည်းထိတ်ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခါလစ်ရာမန်က ပဲ့ကိုင်ထားတာပါ။ဇာတ်လမ်းကတော့ အပြင်ကျောင်းတစ်ကျောင်းမှာ တက်ပြီး ကောလိပ်ဝင်ခွင့်ဖြေနေတဲ့ သူငယ်ချင်းတစ်သိုက် အုပ်စုလိုက်ကြီး စာမေးပွဲကျကြပါတယ်။သူတို့သူငယ်ချင်းအဖွဲ့ဟာ စာလည်းမလုပ်၊ ကောလိပ်ဝင်ဖို့လည်းဂရုမစိုက်ဘဲ အရက်သောက်လိုက် စော်ပတ်လိုက်နဲ့ အာဝါဒါးလုပ်နေကြတာပါ။ဒါပေမဲ့ သူတို့ထဲက သူငယ်ချင်းတစ်ယောက်က ကံကောင်းထောက်မပြီး ကောလိပ်ဝင်ခွင့်အောင်သွားတဲ့အတွက် မခံချင်စိတ်နဲ့ စာမလုပ်နိုင်ရင်လည်း အားကစားလုပ်နိုင်တယ်ဆိုပြီး ဘောင်ဆင်လို့ခေါ်တဲ့အင်္ဂလိပ်လက်ဝှေ့ထိုးဖို့ကြံစည်ပြီး သူတို့မြို့က အားကစားရုံမှာ စာရင်းသွားသွင်းကြပါတယ်။ပြည်နယ်အဆင့် အားကစားသမားဖြစ်ရင် အော်တိုမစ်တစ် ကောလိပ်ဝင်ခွင့်ရတဲ့သဘောရှိတဲ့အတွက် သူတို့လေလွင့်ကျောင်းသားတစ်သိုက် ကောလိပ်ဝင်ဖို့ကြိုးစားရင်း ဝါသနာကို ရှာတွေ့သွားပုံတွေ၊ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ကြပုံတွေ၊ လက်ဝှေ့ထိုးခန်း ခပ်မိုက်မိုက်တွေကို စိတ်အားတက်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တဲ့အတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4 GB / 1.2 GB Quality…WEB DL 1080p HEVC / ...
movie
Alappuzha Gymkhana (2025)
7.9
Jerry (2024)
Jerry (2024)"ဂျယ်ရီ" ==================2024 ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ကျေးလက် ဟာသဒရာမာ ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာ အရိုးရဲ့ ဥ သီချင်းနဲ့ ဇာတ်လမ်းကျောရိုးဆင်ပါတယ်။ခင်ခင်မင်မင်ရှိခဲ့တဲ့ မိသားစုနှစ်ခု အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလို အသေးအမွှားကိစ္စတစ်ခုကနေ တဖြည်းဖြည်း တုတ်ဆွဲဓားဆွဲ တွေ့တဲ့နေရာချဆိုတဲ့အဆင့်ထိ ပြဿနာတွေတက်ကြပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာ။ဇာတ်ကောင်စရိုက် တစ်ယောက်တမျိုးဆီနဲ့ အဓိပ္ပါယ်ရှိပြီး ရယ်ရတဲ့ကျေးလက်ဟာသကားလေးဖြစ်လို့ ပရိသတ်တွေအတွက် စီအမ်မာဆလာအဖွဲ့သားတွေကနေ ရှာဖွေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 1.5 GB / 750 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM B Team
movie
Jerry (2024)
La Tomatina (2023)
La Tomatina (2023)"ပဉ္စမ မဏ္ဍိုင်" ===========================၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော နိုင်ငံရေး လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲက လာတိုမာတီနာဆိုတာကတော့ ဆိုရှယ်မီဒီယာမှာအခြေစိုက်တဲ့ အလွတ်တန်း သတင်းဌာနတစ်ခုပဲဖြစ်ပါတယ်။သတင်းဌာနဆိုပေမဲ့ အဲဒီသတင်းဌာနကို လူတစ်ယောက်တည်းက လည်ပတ်နေတာပါ။သူ့ရဲ့ သတင်းဌာနဟာ အစိုးရကို ဆန့်ကျင်ထောက်ပြတဲ့ ဟောဟောဒိုင်းဒိုင်း သတင်းတင်ဆက်မှုတွေကြောင့် နိုင်ငံပိုင်သတင်းဌာနတွေထက်တောင် လူတွေရဲ့ယုံကြည်မှုကို ပိုမိုရရှိလာပါတယ်။ဒါပေမဲ့ သူတင်တဲ့တချို့သတင်းတွေထဲမှာ အစိုးရရဲ့ အထူးလျှို့ဝှက်အချက်အလက်တွေပါ ပါဝင်လာတာကြေင့်အစိုးရဘက်က အေးဂျင့်လေးယောက်ပါဝင်တဲ့ အထူးတပ်ဖွဲ့တစ်ခုဖွဲ့ပြီး သူ့ကို ထောက်လှမ်းဖို့ကြိုးစားရင်း နောက်ကွယ်ကရှုပ်ထွေးမှုတွေတဖြည်းဖြည်းပေါ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym ~ Star ~ KKKZ နဲ့ Zwe Yan တို့ပါ။) File size…1.3 GB / 679 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK
movie
La Tomatina (2023)
7.3
Anand Sreebala (2024)
Anand Sreebala (2024) "အဖြစ်မှန်"ပရိသတ်အကြိုက်ဖြစ်စေမယ့် မလေယာလမ် မှုခင်းဒရာမာ ရုပ်ရှင်လေး လာပါပြီဇာတ်လမ်းအကျဉ်းကိုပြောရရင် တစ်ညမှာ မိဘနှစ်ပါးက ဥပဒေကျောင်းသူသမီးပျောက်လို့ ရဲစခန်းကိုလာတိုင်ပေမယ့် ရဲတွေက ချက်ချင်းတာဝန်ယူဖြေရှင်းဖို့ နှောင့်နှေးနေခဲ့ပါတယ်နောက်တစ်ရက်မှာတော့ ရဲတွေက မိန်းကလေးအလောင်းကို ရှာတွေ့ခဲ့ပြီး အမှုစုံစမ်းမှုက သိပ်မကြာလိုက်ဘဲ သေကြောင်းကြံမှုအဖြစ်သာ အမှုပိတ်ခဲ့ရာမှာတစ်နှစ်ကြာတော့ သတင်းရှာနေတဲ့ တီဗွီသတင်းထောက်မလေးဟာ အဆိုပါအမှုကို လူစိတ်ဝင်စားအောင် ပြန်လုပ်ဖို့အကြောင်းဖန်လာတဲ့အခါ ရဲတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ သူ့ကောင်လေး အာနန့်ကို အလွတ်စုံထောက်လုပ်ခိုင်းပါတော့တယ် အမှုမှန်ပေါ်ပေါက်လာမှာလားဒီဇာတ်လမ်းထဲမှာ ပရိသတ်တို့ ဆက်လက်အဖြေရှာလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ File size… 1.6 GB / 827 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Anand Sreebala (2024)
7.4
Vaazha: Biopic of a Billion Boys (2024)
Vaazha - Biopic of a Billion Boys(2024) "အပယ်ခံသူငယ်ချင်းများ"IMDb 7.4ပရိသတ်တို့အတွက် မလေယာလမ် coming-of-age ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်လိုက်ပါတယ်လူတိုင်းခံစားနားလည်နိုင်မယ့် ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁၀ ဆ ပြန်ရထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ပတ်ဝန်းကျင်က ဖယ်ကျဥ်ထားတဲ့ သူငယ်ချင်းငါးယောက် ကျောင်းသားလူငယ်ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ...ကျောင်းစာလည်းမတော်သလို ကျောင်းအုပ်ရုံးခန်းကို အိမ်ဦးကြမ်းပြင်လို ထပ်ချည်တလဲ သွားနေရတဲ့ သူတို့ဘော်ဒါတွေ အချစ်ကို စတင်ထိတွေ့တာစလို့ ကျောင်းရန်ပွဲတွေအလယ်နဲ့ ...ငယ်ရွယ်စဥ်ကလေးဘဝမှသည် ကြီးကောင်ဝင်တဲ့ လူပျိုအရွယ်၊ ဒီမှတစ်ဆင့် လူလတ်ပိုင်းအထိ ပြောင်းလဲရင့်ကျက်လာပုံ၊ အချစ်၊ အလွမ်းအလီလီတို့အဆုံး တွေ့မြင်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ File size… 2.6 GB/ 1.13 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vaazha: Biopic of a Billion Boys (2024)
8
Rani Chithira Marthanda (2023)
Rani Chithira Marthanda (2023)IMDb 8/10 .....ဘဝဇာတ်ခုံ....CM ပရိသတ်ကြီးကို ထူးခြားကောင်းမွန်တဲ့ မလေယာလမ်းဘာသာစကားပြော အိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်တောင်ပိုင်း မဆလးယာလမ်းသရုပ်ဆောင်တွေပဲ ပါဝင်ထားပြီး နာမည်မကြီးဝိတ်မရှိပေမဲ့ သူ့နေရာနဲ့သူတော့ ဇာတ်ကြောင်းကိုကောင်းမွန်စွာ ပုံဖော်သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုမရှိဘူးပဲ ပြောပါရစေအိန္ဒိယကားတွေကို အိုဗာအိုက်တင်တွေ မင်းသားအသားပေးဇာတ်ကောင်တွေကြောင့် ကြိုက်တဲ့သူရှိသလို တစ်ခါတလေစိတ်ကုန်မိတဲ့သူတွေလည်း ရှိမှာပါဒီကားလေးမှာတော့ လှပတဲ့ရှုခင်းတွေရယ် ရိုးရှင်းတဲ့ဇာတ်ကောင်တွေရယ် သဘာဝကျတဲ့ဇာတ်အိမ်ရယ် သုံးခုကိုသုံးနာညီတြိဂံလို အချိုးကျကျပေါင်းစပ်ကာ ပရိသတ်ကြည့်နေကျ ဘောလီးဝုဒ်ကားတွေနဲ့ ရသတစ်မျိူး တမူထူးကာပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အဖေကိုအရမ်းကြောက်ရတဲ့ အန်ဆွန်ရယ် သူ့အဖေရယ် သူတို့ရဲ့ဆေးဆိုင်လေးရယ် နိစ္စဓူဝနေ့စဉ်ဘဝလေးမှာ အန်ဆွန်နဲ့ ကောင်မလေးတစ်ယောက် စတင်သိကျွမ်းသွားပြီးတဲ့နောက်တော့ .... ဘာဆက်ဖြစ်မလဲကတော့ သိသာရင်လဲ သိသာမှာပါဒါပေမဲ့တချို့ဇာတ်ကားတွေက ဘာဆက်ဖြစ်မလဲဆိုတာထက် ဘယ်လိုဖြစ်သွားလဲရိုက်ပြတာကို ကြည့်နေရတာကလည်း ရသတစ်မျိုးပဲမို့ CM ပရိသတ်ကြီးကို ဘဝသရုပ်မှန်ပုံဖော်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…1.75GB / 750MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Rani Chithira Marthanda (2023)
2023
5.5
Thundu (2024)
Thundu (2024) ရဲအရာရှိဘေဘီIMDb-5.7/10ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်းလုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး...။ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size…1.5GB / 771MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie
Thundu (2024)
2024
7.9
Janaki Jaane (2023)
Janaki Jaane ( 2023 ) ================== IMDb 8.5/10အသစ်ထွက်လာတဲ့ မာလေယာလမ်စကားပြော ရိုမန်းတစ်အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာနာကီဆိုတာ နယ်မြို့လေးကကောင်မလေးတစ်ယောက်။ငယ်ငယ်ကကြုံခဲ့ရတဲ့အဖြစ်အပျက်တခုကြောင့် ထရော်မာဝင်ပြီး တစ်ယောက်ထဲမနေရဲတာ အမှောင်ကြောက်တတ်တာမျိုးကို အလွန်အကျွံခံစားနေရရှာသူလေး။ သစ်ကိုင်းခြောက်ကလေး ပြုတ်ကျတာတောင်သတိလစ်သွားတဲ့အထိအသဲငယ်ရှာသူလေး။အဲဒီလို အသည်းငယ်တာကြောင့် အိမ်ထောင်ဖက်တွေ့တိုင်း အဆင်မပြေဘဲ အပျိုကြီးဖြစ်နေရတယ်။အဲဒီလိုအသည်းငယ်တဲ့သူ့ကို ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်တဲ့ ပါလေရာငပိဇာတ်လိုက်ကျော်က မြင်မြင်ချင်းကြွေသွားပြီး လူကြီးတွေကနေတဆင့်နားဖောက်ဖို့ကြိုးစားပါတော့တယ်။တောင်ပိုင်းအချစ်ကားတွေ ကောင်းပြီဆိုရင် တော်ရုံကားလိုက်မမီတာကြောင့် ဒီဂျာနာကီရဲ့ အချစ်ဇာတ်လမ်းကရော ပရိသတ်တွေကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ ရှုမြင်ခံစားလိုက်ရအောင်လား။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, Moon, Cherry နဲ့ Zwe တို့ပဲဖြစ်ကြပါတယ်။ ) File size…2.03GB / 853MB Quality…1080p WEB DL /720p Format…mp4 Duration…. 2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ Moon~ Cherry ~ Zwe
movie
Janaki Jaane (2023)
7.9
Rorschach (2022)
Rorschach (2022) Action, Mystery, Thriller IMDb 7.9/10 (2.2K)လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်....သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့....။မိန်းမဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ် မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်....။သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာဖွေနေခဲ့ပါတယ်။| နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်...။ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား...။ ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ...။ ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ...။ သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့ လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်...။မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့ mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…2.5GB / 1GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Rorschach (2022)
2022