Channel Myanmar

Kota Jayaram

KA (2024) 5.2
KA (2024) KA (2024)"စည်း" =============ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းနဲ့ တေလေဂူးစကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဝတ်ချ်မန်းထဲက ရောရှက်လိုဒီဇိုင်းနဲ့လူတစ်ယောက်က ဗာဆူဒေ့ဗ်လို့ခေါ်တဲ့ စာပို့သမားကိုဖမ်းထားပြီး ထူးဆန်းတဲ့မေးခွန်းတွေမေးနေပါတယ်။ဗာဆူဒေ့ဗ်ဟာ အတိတ်မေ့နေတာဖြစ်ပြီး ဘာကိုမှလည်း မမှတ်မိသလို သူဘယ်ရောက်နေလဲဆိုတာလည်းမသိပါဘူး။ဒါပေမဲ့ ရောရှက်ဒီဇိုင်းနဲ့လူက အိပ်ငွေ့ချလို့ရတဲ့နာရီတစ်လုံးနဲ့ ဗာဆူဒေ့ဗ်ကို အိပ်ငွေ့ချပြီး မေးခွန်းတွေမေးတဲ့အခါမှာတော့ ဗာဆူဒေ့ဗ်တစ်ယာက် ဘယ်လိုအဖမ်းခံထားရတယ်၊သူ ဘာတွေကြုံတွေ့ခဲ့ရတယ်၊ ပြီးတော့ သူ့ကိုဖမ်းထားသူတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဒီရုပ်ရှင်ထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.7 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 31min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

KA (2024)

Bachhala Malli (2024) 7.3
Bachhala Malli (2024) Bachhala Malli (2024)"မာလီ" =======================၂၀၂၄ ခုနှစ်က ရုံတင်ခဲ့ပြီး အခုမှ ဒစ်ဂျစ်တယ်ဗားရှင်းထွက်လာခဲ့တဲ့ အက်ရှင်နဲ့ ဒရာမာကို လှလှပပတွဲဖက်ပြီး ပုံဖော်ထားတဲ့ တေလေဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းအစမှာတော့ ပွတ်ရှ်ပါဇာတ်လမ်းအစပိုင်းထဲက အာလူးအာဂျွန်လိုမျိုး မုတ်ဆိတ်ဗရပွ၊ ဆံပင်ဘုတ်သိုက်၊ စုတ်တီးစုတ်ပဲ့အဝတ်အစားနဲ့ ဘာကိုမှထီမထင်တဲ့လူတစ်ယောက်ကို တွေ့ကြရမှာပါ။သူကတော့ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ဘာချလာ မာလီဖြစ်ပါတယ်။ သူဟာ ဂုန်နီအိတ်ချုပ်တဲ့အလုပ်ရုံက အလုပ်သမားတစ်ယောက်ဖြစ်ပြီး ဘာကိုမှအလေးမထားပဲ ပေတေလေလွင့်နေတဲ့သူပါ။အဲဒီလို လေလွင့်လူဖြစ်နေတဲ့ မာလီဟာ တချိန်ကတော့ အင်မတန်လိမ္မာတဲ့သားတစ်ယောက်၊ ခရိုင်အဆင့်ပထမရခဲ့တဲ့ ထူးချွန်ကျောင်းသား၊ ဆရာတွေရဲ့အချစ်တော် စံပြလူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။အဲဒီလိုလူရိုးလူအေး ဘဝကနေ ဘဝမြစ်ပြင်ထဲကို အလျားလိုက်ဖြတ်ကူးနေတဲ့ လေလွင့်လူတစ်ယောက် ဘယ်လိုဖြစ်လာခဲ့တာလဲ၊ ဘယ်လိုစိတ်ဒဏ်ရာတွေက သူ့ကိုလှိုက်စားခဲ့တာလဲ၊ သူ့ရဲ့ ဘဝခရီးမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.3 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Bachhala Malli (2024)

Viraaji (2024) 7.9
Viraaji (2024) Viraaji 2024 ချောက်ချားဖွယ်ရာဆေးရုံကြီးဓာတ်ပုံဆရာ သားဖွားမီးယပ် ဗေဒင်ဆရာ ပရိုဂျူဆာ ရဲ ကြင်စဦးဇနီးမောင်နှံ ဒီလူတွေက ပွဲဖိတ်စာတစ်ခုစီရခဲ့တယ် ဆုပေးပွဲဆိုပြီးတော့ ကားနဲ့တောင်လာခေါ်ပေးပြီး ကြိုဆိုပေးခဲ့ကြတယ်သူတို့ကိုခေါ်သွားတဲ့နေရာကတော့ ဟိုတယ်ဟောင်းကြီးတစ်ခုပါ နေရာ‌ကိုတောင်မသိဘဲလိုက်သွားကြတဲ့သူတို့ ရောက်သွားတဲ့နေရာကလည်း လူသူမနီး ‌ညကြီး၈နာရီလောက်ဆိုတော့ မှောင်မဲနေတဲ့ပတ်ဝန်းကျင်နဲ့ လူတစ်ယောက်မှမရှိတဲ့ဟိုတယ်ကြီးတစ်ခု ဟိုတယ်ထဲပတ်ကြည့်ကြရင်းနဲ့ဒါကဟိုတယ်မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက စိတ်ကျန်းမာရေးလူနာတွေအတွက်ဆောက်ထားခဲ့တဲ့ စိတ္တဇဆေးရုံကြီးဖြစ်နေခဲ့ပါတယ်ဒါ့အပြင် ဒီဆေးရုံကလူနာတွေကိုသရဲပူးနေတယ်ဆိုတဲ့ ကောလာဟလနဲ့ ပြင်းထန်တဲ့နှိပ်စက်မှုတွေလုပ်လို့ ဆေးရုံတစ်ခုလုံးကလူနာတိုင်း အစိမ်းသေသေခဲ့ရတဲ့ဖြစ်ရပ်ဆိုးကိုပါ ထပ်သိခဲ့လိုက်ရတယ် ဖိတ်ကြားခံရတဲ့တစ်ယောက်ချင်းစီကလည်း အတိတ်မှာကိုယ့်ကြောင့်လူသေမှုတွေဖြစ်ဖူးကြတဲ့လူတွေချည်းပဲဆိုတော့ ဒီချောက်ချားဖွယ်ညတစ်ညကို ဆေးရုံထဲလွတ်လမ်းမရှိပိတ်မိနေတဲ့သူတို့ ဘယ်လိုအသက်ရှင်ရာလမ်းကိုရွေးမလဲဆိုတာကိုတော့..( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB /501MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL
movie

Viraaji (2024)