Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Sang-kyung
6.6
The Vanished ( 2018 )
အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့ လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူ ယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်က ခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့ သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်း စုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက် သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာ သည်းထိတ်ရင်ဖိုကားလေးတစ်ကားကို လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married couple ဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-ae ပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-woo စုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။ Filesize ...
movie
The Vanished ( 2018 )
6.5
The 12th Suspect (2020)
The 12th Suspect(2020)*********************** ဆောင်းရာသီ ညတစ်ညမှာ နာမည်ကြီး ကဗျာဆရာ ဘဲ့ဒူဟွမ် အသတ်ခံခဲ့ရပါတယ်.....ကျော်ကြားတဲ့သူဖြစ်သလို အသတ်ခံရပုံကလည်း ဆန်းတဲ့အတွက်ကြောင့်...လူထုအကြား ဒီသတင်းဟာ အရမ်းကိုပျံနှံသွားတယ်...စာပေအသိုင်းအဝန်းအတွက်လည်း သတင်းဆိုးကြီးတစ်ခုပေါ့...ဒီအမှုကိုစုံစမ်းဖော်ထုတ်ဖို့...စုံစမ်းရေးမှူး ဂင်ဂီချာက ကြိုးစားဖော်ထုတ်ပါတော့တယ်....တကယ်ပဲ ဘဲ့ဒူဟွမ်က အသတ်ခံရတာလား......တရားခံက ဘယ်သူဖြစ်မလဲ.....တကယ့်အကြောင်းရင်းမှန်က ဘာဖြစ်မလဲ ...နောက်ကွယ်က တခြားဘာအကြောင်းအရာတွေရှိနေဉီးမလဲဆိုတာကိုတော့..ဆက်လက် ခံစားကြည့်ပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Angel ပဲဖြစ်ပါတယ်.... File Size : 916MB / 385MB Quality :1080p/720p Duration…01:43:00 Genre : History , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Angel Encoded by Heather Oo
movie
The 12th Suspect (2020)
8.1
Memories of Murder (2003)
IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie
Memories of Murder (2003)
2003
7.1
May 18 (2007)
[Unicode]ဒီဇာတ်လမ်းကတော့ 1980 ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက် စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အကြောင်းလေးပါအေးချမ်းနေတဲ့မြို့တစ်မြို့မှာ ရုတ်တရက်ဆိုသလို သူပုန်တွေကိုတိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ်Min Woo ရဲ့တစ်ဦးတည်းသော ညီလေး Jun Woo တစ်ယောက် သူငယ်ချင်းဖြစ်သူ မတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီး တက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတော့တယ်ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာက စစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်...ရုန်းရင်းဆန်ခတ်တွေဖြစ်ရင်းကနေ Jun Woo တစ်ယောက်သေနတ်ပစ်ခံထိပြီး သေဆုံးခဲ့ရပါတော့တယ် အဲ့အချိန်မှာ Min Woo တစ်ယောက် ကြေကွဲမဆုံးဖြစ်ပြီး ဂွမ်ဂျူမြို့သူမြို့သားတွေနဲ့ပူးပေါင်းကာ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ စောင့်ကြည့်ခံစားလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ ) [Zawgyi]ဒီဇာတ်လမ်းကတော့ 1980 ...
movie
May 18 (2007)
6.3
The Deal ( 2015 )
The Deal ကတော့ ၂၀၁၅ ထွက် Crime, Dramaဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDB Rating 6.3 ထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ Deal with the devil ဆိုတဲ့စကားလေးကြားဖူးကြလားမသိဘူး။ မကောင်းဆိုးရွားနဲ့အပေးအယူလုပ်တာကို ပြောတာပါ။ ဒီဇာတ်ကားထဲမှာမကောင်းဆိုးရွားတစ်ကောင်ကို နှိမ်နင်းဖို့တခြားမကောင်းဆိုးရွားတစ်ကောင်နဲ့အပေးအယူလုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့လူတစ်ယောက်ကို တွေ့ရမှာပါ။ နားရှုပ်သွားလားမသိဘူး။ဇာတ်လမ်းအကျဉ်းလေးပြောပါမယ်။အဓိက ဇာတ်ဆောင်ဖြစ်တဲ့ စုံထောက် မင် ကအတွဲလိုက်လူသတ်သမားတစ်ယောက်ကို ဖမ်းမိချိန်မှာလူသတ်သမားနောက်ဆုံးသတ်သွားတဲ့သူက သူ့ရဲ့ညီမဖြစ်သူဖြစ်နေတာကို သိလိုက်ရပါတယ်။သူ့ကိုဖမ်းနိုင်ခဲ့ပေမယ့် သူ့ရင်ထဲက အပူမီးက မငြိမ်းနိုင်ခဲ့ပါဘူး။နောက်ထပ် သောကမီးတောက်နေရသူကတော့ယောက်ဖဖြစ်သူ ဆန်းဟွန်းပါ။ ဆန်းဟွန်းတစ်ယောက်လူသတ်သမားကိုသတ်ဖို့ ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲဒါကြောင့် ကိုယ့်ဘာသာကိုယ်သတ်သေပေမဲ့လည်းမအောင်မြင်တဲ့အချိန်မှာ လူသတ်သမားကိုသတ်ဖို့ တဖန်ပြန်ကြိုးစားခဲ့ပါတယ်။ သူပြန်ပြီးလက်စားချေနိုင်မှာလား။စုံထောက်ကြီးကရော ဘယ်နေရာက ပါဝင်နေမလဲ။စိတ်ဝင်စားစရာ စုံထောက်ကားလေးပါပဲ။ Review & Translated By D3mon
movie
The Deal ( 2015 )
2015
6.6
The Tower (2012)
The Tower (2012)_______IMDb - 6.6/10၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ... File Size - 929 MB File Format - mp4 IMDb rating - 6.6/10 Quality - Blu-ray1080p Running Time - 2h 1min Translated by Amara Encoded by sithu
movie
The Tower (2012)
2012
6.2
The Princess and the Matchmaker (2018)
Imdb 6.2ထိရရှိထားတဲ့ comedy, history, romanceကားကောင်းလေးတကားပါဒီကားလေးကတစ်မျိုးလေးဆန်းထားတယ် ဖူးစာတွေဓာတ်သဘောသဘာဝတွေကိုဦးတည်ပြီးပြထားတယ်ဇာတ်ကားနာမည်နဲ့လိုက်အောင်ပေါ့မင်းသမီးလေးတစ်ပါးဟာမွေးလာကတည်းကကံဆိုးတယ်ဆိုပြီးနန်းတော်ထုတ်ခံထားရတယ်တစ်နေ့ဗေဒင်ပညာရှင်တွေရဲ့အကြံပေးမှုကြောင့်နန်းတော်ပြန်လာခွင့်ရခဲ့တယ်သူရောက်လာပြီးမကြာခင်ပဲတိုင်းပြည်ကမိုးခေါင်မှုနဲ့ကြုံရတယ်ဘယ်လိုဖြေရှင်းရပါ့ပေါ့ဗေဒင်ပညာရှင်ကြီးတွေကမင်းသမီးကိုလက်ထပ်ခိုင်းလိုက်ရင်မိုးပြန်ရွာလာပါလိမ့်မယ်တဲ့အဲ့တော့မင်းသမီးပျားတုပ်ပြီပေါ့ဇာတ်လိုက်သူကလည်းဗေဒင်ပညာရှင်ပဲ သူကဖူးစာတွက်တဲ့နေရာမှာဆရာတစ်ဆူမွေးရက်ရယ်မျက်နှာရယ်မြင်တာနဲ့နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာသေချာပြောနိုင်တယ်သူကHwayugiထဲကမင်းသားလေးပါ မိန်းကလေးတွေရဲ့အသည်းစွဲပေါ့သူတို့၂ယောက်ဘယ်လိုစုံဖြစ်ကြပြီးဘာတွေဆက်ဖြစ်မလဲတော့ဒီကားလေးကိုဆက်ကြည့်လိုက်ပါနော် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ May Nandar Kyaw ပါ) File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Comedy, History, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264.DTS-FGT Translated by May Nandar Kyaw Encoded by Thanhtike Zaw
movie
The Princess and the Matchmaker (2018)
2018