Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Eui-sung
6.8
The Face Reader (2013)
The Face Reader (2013)_____IMDb - 6.8/10အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Saw Wuua ပါ)File size… 1.9 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ..... History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna
movie
The Face Reader (2013)
2013
7.6
Extreme Job ( 2019 )
Extreme Job (2019) IMDb 7.3 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် အမှုလိုက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်ပြီးရာထူးမတိုးပဲ အဖွဲ့ခေါင်းဆောင်သာ ဖြစ်နေတဲ့စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ဖြစ်လာတဲ့အခါမှာ..တော့ တလွဲတွေဆက်ဖြစ်ကြပြန်တာပါပဲ လီမွန်ဘယ်ကို အနီးကပ်စောင့်ကြည့်ဖို့ ကြက်ကြော်ဆိုင်မှာစောင့်ကြည့်ရင်းနဲ့ကြက်ကြော်ဆိုင်ကလည်းရောင်းထုတ်ရမယ့်အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…တလွဲတွေလုပ်တတ်တဲ့ စုံထောက်ဂိုတစ်ယောက် လီမွန်ဘယ်ကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ 2019 အသစ်ထွက် ကိုရီးယားစုံထောက်ကားလေးပဲဖြစ်ပါတယ် This Movie is Brought To You By Channel MyanmarReview By Ei PyaeGenre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size…1.77GB | 792MB | 366MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Zoey Encoder ..... August
movie
Extreme Job ( 2019 )
2019
6.3
Tabloid Truth (2014)
Tabloid Truth 2014ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါအခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ...လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ်အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း...တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး...အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ...ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie
Tabloid Truth (2014)
5.3
Trade Your Love (2019)
[Unicode]ဒီတစ်ခေါက်မှာတော့ 2019 တုန်းက ထွက်ထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးပါမယ်ဒီဇာတ်ကားထဲမှာ Find me in your memory မင်းသား Kim Dong-Wook နဲ့ My Holo Love က မင်းသမီး Ko Sung-Hee တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျောင်ဆောင်းဆော့ဟာ လေကြောင်းလိုင်းတစ်ခုပိုင်ရှင် ရဲ့ သားဖြစ်ပါတယ်ချစ်သူနဲ့ သဘောမတူတဲ့ အဖေဖြစ်သူကြောင့် blind date တွေ ခဏခဏတွေ့နေရပါတယ်ဂယ်ဂျူကတော့ ပြေးခုန်ပစ် အားကစားသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာကြောင့် ပြိုင်ပွဲတွေကို လက်လျှော့လိုက်ရတဲ့သူပါလက်ထပ်သင့်တဲ့ အရွယ်ဆိုပေမယ့် ချစ်သူ မရှိသေးတာကြောင့် မိဘတွေစီစဉ်ပေးတဲ့ blind date တွေကို အမြဲသွားနေရပါတယ်တစ်နေ့မှာတော့ ဆောင်းဆော့နဲ့ ဟယ်ဂျူတို့ blind date မှာတွေ့ကြတဲ့အခါဘယ်လိုအပေးအယူတွေနဲ့ သူတို့တွေ လက်ထပ်ဖို့ စီစဉ်မှာလဲအဆင်ပြေသွားမှာလားတကယ်ချစ်သူတွေ ဖြစ်သွားမလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါ...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ...
movie
Trade Your Love (2019)
7.0
The King(2017)
The King(2017) IMDb ...7 ,,,,,Rotten 83 ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ'' မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး.....ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ် သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ် တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ..... ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများ သိကြမှာပါ..... File Size…(900MB) Quality…WEBDL 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe vs Phyo Pyae
movie
The King(2017)
2017
6.3
The Deal ( 2015 )
The Deal ကတော့ ၂၀၁၅ ထွက် Crime, Dramaဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDB Rating 6.3 ထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ Deal with the devil ဆိုတဲ့စကားလေးကြားဖူးကြလားမသိဘူး။ မကောင်းဆိုးရွားနဲ့အပေးအယူလုပ်တာကို ပြောတာပါ။ ဒီဇာတ်ကားထဲမှာမကောင်းဆိုးရွားတစ်ကောင်ကို နှိမ်နင်းဖို့တခြားမကောင်းဆိုးရွားတစ်ကောင်နဲ့အပေးအယူလုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့လူတစ်ယောက်ကို တွေ့ရမှာပါ။ နားရှုပ်သွားလားမသိဘူး။ဇာတ်လမ်းအကျဉ်းလေးပြောပါမယ်။အဓိက ဇာတ်ဆောင်ဖြစ်တဲ့ စုံထောက် မင် ကအတွဲလိုက်လူသတ်သမားတစ်ယောက်ကို ဖမ်းမိချိန်မှာလူသတ်သမားနောက်ဆုံးသတ်သွားတဲ့သူက သူ့ရဲ့ညီမဖြစ်သူဖြစ်နေတာကို သိလိုက်ရပါတယ်။သူ့ကိုဖမ်းနိုင်ခဲ့ပေမယ့် သူ့ရင်ထဲက အပူမီးက မငြိမ်းနိုင်ခဲ့ပါဘူး။နောက်ထပ် သောကမီးတောက်နေရသူကတော့ယောက်ဖဖြစ်သူ ဆန်းဟွန်းပါ။ ဆန်းဟွန်းတစ်ယောက်လူသတ်သမားကိုသတ်ဖို့ ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲဒါကြောင့် ကိုယ့်ဘာသာကိုယ်သတ်သေပေမဲ့လည်းမအောင်မြင်တဲ့အချိန်မှာ လူသတ်သမားကိုသတ်ဖို့ တဖန်ပြန်ကြိုးစားခဲ့ပါတယ်။ သူပြန်ပြီးလက်စားချေနိုင်မှာလား။စုံထောက်ကြီးကရော ဘယ်နေရာက ပါဝင်နေမလဲ။စိတ်ဝင်စားစရာ စုံထောက်ကားလေးပါပဲ။ Review & Translated By D3mon
movie
The Deal ( 2015 )
2015
7.1
Steel Rain (2017)
ဒီဇာတ်ကားလေးမှာ နိုင်ငံရေးလှည့်ကွက်တွေ၊ ကွန်မြူနစ်နဲ့အရင်းရှင်ကွာခြားမှုတွေ၊ လူသားဆန်မှုတွေ စတာတွေကို အချိတ်အဆက်မိမိ ရိုက်ပြထားပါတယ်တောင်နဲ့မြောက်ဆိုပြီး တိုင်းပြည်ကွဲနေပေမယ့် ကံအကြောင်းတိုက်ဆိုင်ပြီး သက်ဆိုင်ရာအစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နာမည်တူလူနှစ်ယောက်ကွက်ချိုလ်ယူနဲ့ အွမ်ချိုလ်ယူမြောက်ကိုရီးယားမှာ သုတ်သင်ရှင်းလင်းရေးဖြစ်ပြီး နံပါတ်တစ်ခေါင်းဆောင် လုပ်ကြံခံရပါတယ်ဒါပေမယ့် အွမ်ချိုလ်ယူတစ်ယောက် ကယ်တင်ပြီး တောင်ကိုရီးယားဖက်ထွက်ပြေးသွားပါတယ်နံပါတ်တစ်ခေါင်းဆောင်တစ်ယောက် အသက်ရှင်နိုင်ပါ့မလား.......အွမ်ချိုလ်ယူတစ်ယောက် သူနဲ့နာမည်တူတဲ့လူနဲ့ ဘယ်လိုများသွားဆုံမလဲ.......သုတ်သင်ရှင်းလင်းရေးကရော တောင်နဲ့မြောက်ဆက်ဆံရေးကြား ဘယ်လိုရှုပ်ထွေးလာစေမလဲမဟာမိတ်နိုင်ငံတွေကရော ဘယ်လိုပါဝင်ပက်သက်ကြမလဲတောင်နဲ့မြောက် ချစ်ကြည်ရေးပြန်လည်တည်ဆောက်နိုင်မလား ပိုဆိုးရွားသွားမလားဒီဇာတ်ကားက နိုင်ငံရေးဇာတ်ကားဆိုပေမယ့် ကိုရီးယားကားပီပီ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး ပျင်းစရာမကောင်းပါဘူူးIMDB Rating ကလဲ 7.2/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းဖြစ်တယ်ဆိုတာ ငြင်းစရာမလိုတော့ပါဘူးနော်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)နဏဖတ်ခဲ့သည်။File Size : (0.99 GB) Quality : WEBRip 720p Running Time : 2hr 19min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source :1080p NF ...
movie
Steel Rain (2017)
2017
6.8
The Truth Beneath (2016)
တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁ရာစု အထွေထွေရွေးကောက်ပွဲကြီးအတွက် အပြိုင်အဆိုင်ဒိတ်ဒိတ်ကြဲဖြစ်နေတဲ့ အမတ်လောင်း ကင်ဂျုံချန်နဲ့ အမတ်လောင်း နိုဂျယ်ဆွန်းတို့နှစ်ယောက်။ပထမဦးဆုံးမဲဆွယ်စည်းရုံးတဲ့နေ့မှာဘဲ အမတ်လောင်းကင်ဂျုံချန်ရဲ့ သမီးလေးကင်မင်ဂျင်ပျောက်ဆုံးသွားခဲ့တယ်။သမီးလေးကင်မင်ဂျင်ပျောက်ဆုံးသွားတာနဲ့ပက်သက်ပြီး သောကရောက်နေတဲ့မိခင် မစ္စကင်နဲ့ သမီးပျောက်တာကိုသိပ်အရေးမစိုက်ဘဲ မဲဆွယ်စည်းရုံးတဲ့အလုပ်ကိုဆက်လုပ်နေတဲ့ ဖခင်ကင်ဂျုံချန်တို့ရဲ့အိမ်ထောင်ရေးအခြေအနေကတော့ သမီးဖြစ်သူသေဆုံးသွားသည်ကိုသိပြီးနောက်ပိုင်း ပိုဆိုးဝါးလာခဲ့တယ်။အရမ်းကိုပူဆွေးသောကရောက်ပြီးရူးမတတ်ဖြစ်နေတဲ့မိခင်မစ္စကင်ကတော့ သမီးနဲ့ပက်သက်သမျှအချက်အလက်တွေကို ပိုက်စိပ်တိုက်နည်းအမျိုးမျိုးဖြင့်လိုက်ရှာကာ သမီးဖြစ်သူ၏အချစ်ဆုံးသူငယ်ချင်းချွဲမီအို့ကို မသင်္ကာသူလို့ထင်ပြီးစစ်ဆေးမှုတွေလုပ်ခဲ့တယ်။သမီးလေးရဲ့အခန်းမှာခိုးပြီးတပ်ထားတဲ့အသံဖမ်းစက်တွေက သူတို့ရဲ့ပြိုင်ဖက်နိုဂျယ်ဆွန်းတို့နဲ့ပက်သက်နေတယ်လို့လဲသိထားခဲ့တယ်။ဒါဆိုရင် ဒီသမီးဖြစ်သူကင်မင်ဂျင် အသတ်ခံရတဲ့အကြောင်းအရင်းနဲ့ သတ်ခဲ့တဲ့အဓိကတရားခံဟာ သူ့အချစ်ဆုံးသူငယ်ချင်းလား?ဒါမှမဟုတ် အမတ်လောင်းနိုဂျယ်ဆွန်းတို့ဘက်ကလား ဆိုတာကတော့.... (ဘာသာပြန်သူကတော့ Htet Thin Zar Maung ပါ) File Size : (850 MB) Quality : WEB-DL 720p Running Time : 1hr 42min Format : Mp4 Genre :Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Thin ...
movie
The Truth Beneath (2016)
2016