Channel Myanmar

Kiki Narendra

Kaka Boss (2024) 6.9
Kaka Boss (2024)  Kaka Boss (2024)IMDb Rating (6.9) ကာကာဘော့စ်ဆိုတာကတော့ လူမိုက်ကြီးပါ လူမိုက်ကြီးကိုမှ သမီးလေးကိုအရမ်းချစ်တတ်တဲ့လူမိုက်ကြီးပေါ့။ရုပ်အင်္ဂါကလဲ လူမိုက်တို့ရဲ့ရုပ်ရည်နဲ့ ဘော်ဒီကိုပိုင်ဆိုင်ထားတဲ့လူမိုက်ကြီး။လူတိုင်းကမြင်တာနဲ့တင် ဖြဲခြောက်လို့ရတဲ့ရုပ်မျိုး။ဒါပေမဲ့အရင်ကလူမိုက်အလုပ်ကိုစွန့်လွှတ်ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုထောင်ပြီးမိသားစုနဲ့ဘဝကိုဖြတ်သန်းနေတဲ့သူပါ။ဖြစ်ချင်တော့ သမီးဖြစ်သူကိုပညာရေးကောင်းကောင်းရစေချင်လို့ သူဌေးတွေတက်တဲ့ကျောင်းမှာထားလိုက်တာ သမီးဖြစ်သူကကျောင်းမှာသူ့သူငယ်ချင်းတွေကို အဖေဖြစ်သူကိုထုတ်မပြရဲရှာဘူး။လူမိုက်ကြီးဖြစ်နေပေမဲ့ သမီးအတွက် ဖယောင်းလိုပဲ စိတ်ပျော့တတ်တဲ့ကာကာဘော့စ်တစ်ယောက်ကျောင်းကသမီးရဲ့သူငယ်ချင်းတွေ သူ့ကိုလူမိုက်လို့မမြင်တော့အောင်ကြိုးစားရှာပါတော့တယ်။ဒီလိုအကြမ်းပတမ်းအလုပ်တွေကနေပြီးတော့ သူတစ်ခါမှမလုပ်ဖူးတဲ့ငယ်ငယ်ကဖြစ်ချင်ခဲ့တဲ့ အရာတွေကိုလျှောက်လုပ်နေရင်းနဲ့ပဲ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မယ်ဆိုတာကို ဟာသဆန်ဆန်လေးနဲ့ မိသားစုပုံစံမျိုးလေးကြည့်ရှုရမဲ့ အင်ဒိုနီးရှားကားလေးတင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်။)File size…(2.1 GB) / (960 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:01:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by K.Hein
movie

Kaka Boss (2024)

2024
Blood Promise (2024) Janji Darah 5.3
Blood Promise (2024) Janji Darah  Janji Darah (2024)IMDb Rating (5.3)ဒီတစ်ခါမှာတော့ suspenseကောင်းကောင်းနဲ့ ကြည့်လိုကောင်းတဲ့ အင်ဒိုနီးရှားသရဲကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ပထမဆုံးကိုယ်ဝန်ရလို ပျော်နေတဲ့ လင်မယားနှစ်ယောက် Sheren နဲ့ Rayhan က ကလေးရပြီးမကြာခင်မှာပဲ သူတိုအိမ်ကို သရဲခြောက်လှန့်တာတွေ ကြုံလာရတယ်။ခင်ပွန်းဖြစ်သူ Rayhan က ငယ်ငယ်က သရဲတွေမြင်နိုင်တဲ့သူဖြစ်ပြီး အခုအချိန်မှာတော့ အဲဒီစွမ်းအင်ပျောက်သွားတာမို သူတိုအိမ်ကို ခြောက်လှန့်တဲ့သရဲကဘယ်သူလဲ သိရအောင်ကြိုးစားခဲ့တယ်။အစပိုင်းမှာ သာမန်သရဲခြောက်ရုံလောက်ပါဆိုပြီး ငြိမ်နေခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတိုအိမ်က ဇနီး Sheren ကို အဓိကလိုက်ခြောက်နေတဲ့သရဲကRayhan ရဲ့အရင်က အဆက်ဟောင်းဖြစ်နေပြီး Rayhan ပေးခဲ့တဲ့ အတိတ်ကကတိတည်ဖို လာခေါ်ဖိုလုပ်နေတာကို သိပြီးနောက်မှာတော့ Rayhan ဘယ်လိုတွေ ဖြေရှင်းရမလဲ၊သူ့မိန်းမနဲ့ကလေးကို ကာကွယ်နိုင်ပါ့မလားဆိုတာကို ကျောချမ်းချမ်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.5 GB) / (730 MB) Quality….WEB-DL 1080p HEVC ...
movie

Blood Promise (2024) Janji Darah

2024
Temurun (2024) 6.6
Temurun (2024)  Temurun (2024)IMDb Rating (6.6)ဒေဝီနဲ့ဆီနာတို့ဟာမောင်နှမရင်းတွေဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးနဲ့အတူနေထိုင်ပါတယ်။ဆီနာကတော့ အစ်ကိုကြီးဖြစ်ပေမယ့် ဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိ လောကကြီးကိုအရွဲ့တိုက်နေပြီးသူတို့မိခင်ကြီးရဲ့ကိစ္စအ၀၀နဲ့ အိမ်ထောင့်တာဝန်တွေကို ဒေဝီကပဲတာဝန်ယူထားရတာပါ။တစ်ညမှာတော့ သူတို့အိမ်ကို မျက်နှာဖုံးစွပ်လူဆိုးတွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့မိခင်သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီလူဆိုးတွေဟာ ဆီနာကိုလာရှာတာဖြစ်ပြီး သူမရှိတဲ့အတွက် တွေ့တဲ့သူကိုရန်ရှာသွားခဲ့တာပါ။မိခင်သေဆုံးသွားတဲ့နောက် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျသွားတဲ့ ဒေဝီဟာ သူတို့အမေရဲ့ဝိဉာဉ်ကိုမကြာခဏမြင်လာရပါတယ်။အဲ့ဒီအခြေအနေမှာပဲ ငယ်စဉ်ကတည်းက မိခင်ကိုရောသူတို့ကိုပါစွန့်ခွာသွားခဲ့တဲ့ သူတို့ရဲ့ဖခင်က သူနဲ့အတူလိုက်ခဲ့ဖို့လာခေါ်တဲ့ အချိန်မှာတော့ဒေဝီအနေနဲ့ ဖခင်ကိုရော အစ်ကိုကိုပါစိတ်နာနေပေမယ့် ရွေးစရာလမ်းမရှိတဲ့အတိုင်း သူတို့ဖခင်ခေါ်ဆောင်ရာ သူတို့ရဲ့ အမွေခံ စံအိမ်ကြီးကိုလိုက်ခဲ့တဲ့နောက်မှာတော့..။အဲ့ဒီအိမ်ကြီးကိုရောက်တဲ့ အချိန်မှာ သူတို့မိခင်ရဲ့ခြောက်လှန့်မှုတွေ ရပ်တန့်သွားမှာလား?သူတို့မိဘနှစ်ပါးကွဲကွာခဲ့တဲ့ ကိစ္စရဲ့အဖြေက ဘာဖြစ်မလဲ?သူတို့ရဲ့ခေါ်ဆောင်လာတဲ့ ဖခင်ဖြစ်သူရဲ့ရည်ရွယ်ချက်တွေကရော ရိုးသားရဲ့လား?... အစရှိတာတွေကိုကျောချမ်းစရာ ရှုစားကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.1 GB) / (550 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:27:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Temurun (2024)

2024
Innocent Vengeance (2023) 7.5
Innocent Vengeance (2023) Innocent Vengeance (2023)ဂျာကာတာမြို့က ဗိသုကာပညာရှင်တစ်ယောက်ရဲ့ တစ်ခုသောမွေးနေ့ကို ဇနီးနဲ့သားနဲ့အတူတူ ကြည်ကြည်နူးနူး ဖြတ်သန်းနေတဲ့ တစ်ညမှာပေါ့။ အိမ်ရှေ့ကတံခါးခေါက်သံကြားလိုက်ရလို့ ဗိသုကာပညာရှင်ဟာ ဒယ်လီသမားလာတယ်ထင်ပြီး တံခါးသွားဖွင့်ပေးလိုက်တယ်။မထင်မှတ်ထားတဲ့ လူသုံးယောက်ကို တွေ့လိုက်ရလို့ တံခါးကိုပိတ်လိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ... တံခါးကိုအတင်းတွန်းဝင်လာပြီး အဆိုပါလူ၃ယောက်ဟာ သူ့မိန်းမနဲ့ကလေးကို သတ်သွားကြတယ်။ဒီလိုအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် ရှင်ကျန်ခဲ့တဲ့သူဟာ အသက်ရှင်တယ်လို့ကို မခံစားရတော့ဘဲ ခေါက်ဆွဲပြုတ်ပဲစားရင်း အလုပ်ပဲလုပ်နေရင်း ထရော်မာအပြည့်နဲ့ရှင်သန်လာခဲ့တယ်။ ဒီလိုနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတစ်‌ယောက်ဆီသွားဖို့ မိတ်ဆွေတစ်ယောက်က အကြံပေးလို့ သွားခဲ့တဲ့နောက် ဆရာဝန်မလှလှလေးကို တွေ့လိုက်ရတဲ့အခါမှာတော့...လူသတ်ခန်းတွေပါသလို Sex Scenes တွေပါ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 870MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 49Min Genre - Drama, Mystery, Thriller Subtitle ...
movie

Innocent Vengeance (2023)

2023
Crazy Awesome Teachers 2020 6.1
Crazy Awesome Teachers 2020 ကမ္ဘာပေါ်မှာ သူအချစ်ဆုံးက ပိုက်ဆံနဲ့ အမုန်းဆုံးက ကျောင်းဆရာတွေ လို့ခံယူထားတဲ့ Mr.Taat ။ မမျှော်လင့်ဘဲ အငှားကျောင်းဆရာ အလုပ်လည်းလုပ်လိုက်ရတယ် ။ ကျောင်း၀န်ထမ်းတွေရဲ့ လစာတွေ အကုန်ခိုးခံ လိုက်ရတဲ့အချိန်မှာတော့ သူ အဲ့ပိုက်ဆံတွေကိုပြန်ရှာဖို့ ကြိုးစားပေးမှာလား သူကိုယ်တိုင်ကလည်း ပိုက်ဆံမက်တဲ့သူဆိုဖြစ်နေတော့ သူခိုးတွေနဲ့ပဲ ပေါင်းကြံမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြည့်ပါဦးခင်ဗျာ.... Netflix မှာ ထွက်ထားတာပူပူ‌နွေးနွေးရှိသေးတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပြီး Gading Marten , Dian Sastrowardoyo ,Faradina Mufti တို့ကအဓိက သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးက မိဘနဲ့ သားသမီးကြားက ပြသာနာလေးတွေ ဆရာတွေရဲ့ဘ၀ ဆရာနဲ့ တပည့်တွေကြားက မေတ္တာ စတာတွေကို ဟာသ‌နှောပြီး တင်ဆက်ပြသထားလို့ တကယ်ကိုကောင်းတဲ့ ရသစုံခံစားရတဲ့ ဇာတ်ကားတစ်ကားပါ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Oo Lwin ပဲဖြစ်ပါတယ် File Size   ...
movie

Crazy Awesome Teachers 2020

Impetigore (2019) 7.3
Impetigore (2019) ဒီကားက​တော့ အင်ဒိုသရဲကားပါ ကျိန်စာ​တွေ, အောက်လမ်း​တွေ, ​မှော်​တွေ, ရုပ်​သေးပညာ​တွေနဲ့ ပတ်သတ်ပြီးစိတ်ဝင်စားတဲ့သူ​တွေဆိုရင် ဒီကားကလက်မလွတ်သင့်တဲ့ကားပါ မင်းသမီးနဲ့သူ့သူငယ်ချင်းတို့က အထည်​ရောင်းတဲ့စီးပွား​ရေးလုပ်ဖို့ အတွက်၂​ယောက်သား​ရှိသမျှ​ငွေအကုန်ရင်းလိုက်ကြတယ် ကံဆိုးစွာနဲ့ ဂျင်းမိပြီး သူတို့မှာထားတဲ့အထည်​တွေက Qualityအရမ်းညံ့​တော့ဘယ်သူမှမဝယ်ကြဘူး အဲ့မှာ၂​ယောက်လုံးမွဲပြာကျ​နေတဲ့အချိန် မင်းသမီးကသူ့မိဘ​တွေ​နေခဲ့တဲ့ရွာမှာအ​မွေပြန်သွား​တောင်းမယ်ဆိုပြီး သူငယ်ချင်း၂​ယောက်သားဆုံးဖြတ်လိုက်ကြတယ် ရွာကလည်း​တော်​တော်ကို​ဝေးပြီး လူ​တော်​တော်များများမသိတဲ့ရွာကြီးပါ သူတို့အဲ့ရွာလည်း​ရောက်​ရောရွာကြီးက​ခြောက်ကပ်​နေပြီ ကြက်သီးထစရာအပြည့်နဲ့သူတို့ကိုကြိုဆို​နေပါတယ် ​ အဲ့က​နေစပြီး မင်းသမီးသူအ​မွေရမယ့်ဟာကိုစုံစမ်းရင် းသူ့သူငယ်ချင်းနဲ့အတူ အဲ့ရွာက​နေလွတ်မှာလား မလွတ်ဘူးလားဆိုတာ ကြည့်ကြပါဦးလို့... File Size - 1.14 gb Quality - web-dl 1080p Subtitle -  burmese Translator - Dolly Encoder - Thit San Khant
movie

Impetigore (2019)

2019
Suzzanna: Buried Alive (2019) 6.1
Suzzanna: Buried Alive (2019) Suzzanna Buried Alive ဆိုတဲ့ ၂၀၁၈ ထွက် Indo ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။Drama, Thriller အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 6.5 ရရှိထားပါတယ်။အင်ဒိုနီးရှား တစ္ဆေပုံပြင်တွေထဲမှာပါပါနေတဲ့ Sundel bolong ဆိုတဲ့ ကိုယ်ဝန်ဆောင် သရဲအကြောင်း ဇာတ်လမ်းတစ်ပုဒ်ပါ။ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိစ္စနဲ့ ခင်ပွန်းဖြစ်သူ အဝေးရောက်နေချိန်မှာ Suzzanna တစ်ယောက် သူ့အိမ်ကို ဝင်ခိုးတဲ့သူတွေနဲ့ တွေ့မိပြီးဝင်ခိုးတဲ့သူတွေက မတော်တဆ သတ်မိရာက Sundel bolong တစ်ကောင်ဖြစ်လာပြီး သူ့နဲ့ သူ့ရဲ့ကလေးကို အသက်ဆုံးရှုံးစေခဲ့တဲ့သူတွေကို ပြန်ပြီးလက်စားချေတာပါ။သူ့ကိုသတ်မိတဲ့သူတွေကလည်း ပယောဂဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကိုတားဆီးဖို့ ကြိုးစားကြပါတယ်။Suzzanna ရဲ့ခင်ပွန်းဖြစ်သူလည်း ခရီးကပြန်လာပြီး ဇနီးသည်နဲ့တွေ့တဲ့အခါမှာ အရင်လိုမဟုတ်တော့တဲ့ ဇနီးသည်နဲ့ ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့ ကြည့်လိုက်ပါတော့ဗျာ။ (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (950 MB) and (450 MB) Quality : NF ...
movie


2019