Channel Myanmar

Kierston Wareing

Peter Pan’s Neverland Nightmare (2025) 5.0
Peter Pan’s Neverland Nightmare (2025)   Peter Pan's Neverland Nightmare (2025)IMDb Rating (5.1) / Rotten Tomatoes (43%) အခုတစ်ခါ တင်ဆက်ပေးမယ့် ကားလေးကတော့ horror ကားတစ်ကားပဲ ဖြစ်ပါတယ်။သွေးထွက်သံယိုတွေ သတ်ခန်းဖြတ်ခန်း တွေပါတာမို့လို့ ကလေးငယ်ငယ်‌လေးတွေ တော့မကြည့်သင့်ပါ။Peter ဆိုတဲ့ စိတ်တဇ ဆန်ဆန် ဆိုက်ကို ကောင်က ‌ကလေးတွေ ကလေးတိုင်း ပျော်‌ပျော်ရွှင်ရွှင် နေသွားလို့ရမယ့်နေရာကို ‌ပို့‌ပေးမယ်ဆိုပြီး အယုံသွင်းကာအနုနည်းရော အကြမ်းနည်းပါသုံးပြီး လိုက်လံ ဖမ်းဆီး၍ သတ်တာဖြတ်တာတို့ အချိန်အကြာကြီးနှိပ်ဆက်ပိတ်‌ လှောင်ထားတာတို့လုပ်ပါတယ်။တစ်နေ့မှာ Wendy ရဲ့မောင်လေးလည်း အဖမ်းခံခဲ့ရပြီး အမ ဖြစ်သူ Wendy က သူ့ရဲ့မောင်လေးကို အသက်နဲ့ရင်းပြီး ဘယ်လို ကယ်သွားမလဲဆိုတာတွေကို ရင်ခုန် စိတ်လှုပ်ရှားစွာ ကြည့်ရှု့ရမယ့်ကားလေးပါ။နာမည်ကြီး လူကြိုက်များ IT ဆိုတဲ့ ကလေးတွေကိုလိုက်ဖမ်းတဲ့ horror ကားနဲ့ ခပ်ဆင်ဆင်တူပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kafka ...
movie

Peter Pan’s Neverland Nightmare (2025)

2025
Fish Tank (2009) 7.3
Fish Tank (2009) Fish Tank (2009) ================ ဆယ်ကျော်သက်အရွယ်ကို လူတိုင်းဖြတ်ကျော်ခဲ့ကြဖူးမှာပါ။ ဆယ်ကျော်သက်အရွယ်ဆိုတာ အမှားအများဆုံးအရွယ် နဲ့ အများဆုံးသင်ယူတဲ့အရွယ်လို့ပြောရရင် မှားမယ်လို့တော့မထင်ပါဘူး။ကလေးစိတ်နဲ့လူကြီးစိတ် အကူးအပြောင်းမှာ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်ခဲ့ကြတတ်ပြီးတော့ အဲဒီအရွယ်မှာ ရူးရူးမူးမူးဖြစ်ခဲ့သမျှတွေဟာ အသက်ကြီးလာလို့ ပြန်တွေးမိတိုင်း ရယ်စရာအမှတ်တရအနေနဲ့ ဝိုးတဝါးပဲ ကျန်ရှိနေတတ်ပါတယ်။ဆယ်ကျော်သက်ညီငယ်ညီမငယ်တို့ကို မှာချင်တာက ဘာတွေပဲကြုံလာကြုံလာ အရေးအကြီးဆုံးက စိတ်ကိုအလိုမလိုက်ပဲ အဖြစ်သင့်ဆုံးလမ်းကို သေချာစဉ်းစားပြီးတော့မှ လျှောက်ကြရင် နောင်တချိန်ပြန်လှည့်ကြည့်တိုင်းမှာ အရာအားလုံးက အဓိပ္ပါယ်ပြည့်၀နေမှာပါပဲ။ဇာတ်ကားအကြောင်းပြောရရင် မီယာဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ အဖေမရှိတော့တာကြောင့် သူ့အမေရယ် ညီမလေးရယ်နဲ့အတူ နေထိုင်ပါတယ်။ မီယာဟာ ကျောင်းမှာလည်း အင်မတန်ဆိုးတာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီးတော့ လေလွင့်နေခဲ့ပေမယ့် သူဟာ အကဝါသနာပါတာကြောင့် တိုက်ခန်းလေးတစ်ခန်းမှာ အကသွားကျင့်နေလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့အမေက ရည်းစားအသစ် ကော်နာ ကို အိမ်ခေါ်လာတဲ့အခါမှာ မီယာရဲ့စိတ်က စတင်ပြီး တစ်စုံတစ်ရာဖြစ်လာပါတော့တယ်။ ကော်နာဟာ သူတို့မိသားစုကိုဂရုစိုက်ပြီး မီယာရဲ့ဝါသနာပါရာကိုလည်း ဆက်လျှောက်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက်လုံး ကော်နာရဲ့ ဂရုစိုက်မှုတွေကြား မြှောပါသွားခဲ့ပြီး ဘာတွေဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ဒီဇာတ်ကားဟာ IMDb(7.3) အထိရရှိထားပြီး တစ်ကားလုံးကို တစိမ့်စိမ့်နဲ့ အချိန်ကုန်မှန်းမသိအောင် ဆွဲခေါ်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ပါရစေခင်ဗျာ။ File size…1.34Gb / 630MB Quality…1080p ...
movie

Fish Tank (2009)

2009
Avengement (2019) 6.8
Avengement (2019) Action ကားကောင်းကြိုက်သူတွေအတွက် 2019 ထွက် Action ကားအသစ်စက်စက်ကြမ်းကြမ်းရမ်းရမ်းဇာတ်ကားလေးတစ်ခုပါ။ဇာတ်လမ်းအစမှာတစ်မျိုးပေမဲ့ ဇာတ်လမ်းကဆွဲခေါ်သွားပုံလေးကစိတ်ဝင်စားစရာကောင်းပါတယ်။ကိန်းဆိုတဲ့ထောင်သားတစ်ယောက် ဆေးရုံကအမေဖြစ်သူကို အစောင့်အရှောက်တွေနဲ့ လာတွေ့တာကနေစပါတယ်။ဆေးရုံအဝင်ဝမှာပဲ မိခင်ဖြစ်သူဆုံးသွားပြီဆိုတာ သိလိုက်ရတော့ မိခင်ရဲ့နောက်ဆုံးအချိန်ကိုမမှီလိုက်သူတစ်ယောက်အနေနဲ့မျှော်လင့်ထားတဲ့အတိုင်း လုံခြုံရေးတွေကိုလှဲသိပ်ပြီး ပြေးပါလေရော။ဒီထိမထူးခြားပေမဲ့ ကိန်းဆိုသူရဲ့နောက်ကြောင်းကို ဖြေးဖြေးစီ ထိုးပြလာတဲ့အခါမှာတော့ကိန်းဟာဘယ်လိုလူမျိုးဆိုတာ သိလာရပြီး ဇာတ်ရည်လည်လာသလို ဘာကြောင့်လဲဆိုတဲ့အဖြေတွေကိုဖြေးဖြေးချင်းတွေ့ရမှာပါ။တိုက်ခိုက်ပုံအကြမ်းစားအလန်းစားတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။Rating ကလည်း 6.7 နဲ့ ဇာတ်ဆောင်မင်းသားကလည်း လူသိများပြီး မင်းသားပဲဖြစ်တဲ့အတွက် အကြောင်းသိပရိသတ်တွေကျေနပ်စေမဲ့ကားပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Thura Zarni Aung ပါ)File Size : (1.50 GB) , (750 MB) and (380 MB) Quality : WEB-DL (1080p 5.1,720p,480p) Running Time : 1hr 30min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle (Hard ...
movie

Avengement (2019)

2019