Channel Myanmar

Kieran Culkin

A Real Pain (2024) 7.3
A Real Pain (2024)  A Real Pain (2024)IMDb Rating (7.3) / Rotten Tomatoes (96%) ဒီရုပ်ရှင်ကတော့ 2024 ရဲ့ထိပ်တန်းစာရင်းဝင် (၁၀) ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး Golden Globe မှာလည်း ဆုတွေ တစ်သီကြီးရရှိထားပါတယ်။Now You See Me, Social Network တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Jesse Eisenberg ပါဝင်သရုပ်ဆောင်ထားပြီး ဆုရမင်းသား Kieran Culkin က ဦးဆောင်ထားပါတယ်။ဇာတ်လမ်းက ပိုလန်နဲ့ အမေရိကန် ရုပ်ရှင်ကုမ္ပဏီ ပူးပေါင်းရိုက်ကူးတာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်က နာဇီဂျူးတပ်စခန်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေရဲ့ မျိုးဆက်တွေဖြစ်လာတဲ့ကမ္ဘာအနှံ့က ဂျူးမျိူးနွယ်ဝင် လူတစ်စုက သူတို့ဘိုးဘေးတွေရဲ့သမိုင်းကြောင်းခြေရာပြန်ကောက်ဖို့ ပိုလန်ကိုခရီးထွက်ခဲ့ကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ဒီထဲမှာ ဂျူး-အမေရိကန် တွေဖြစ်တဲ့ ဒေးဗစ်နဲ့ ဘန်ဂျီတို့ ဝမ်းကွဲညီအစ်ကိုကလည်း သူ့အဖွားနေခဲ့တဲ့ ပိုလန်ကအိမ်နဲ့ ဂျူးတွေရဲ့သမိုင်းကိုလေ့လာဖို့ ခရီးထွက်ရင်း ...
movie

A Real Pain (2024)

2024
4K HEVC
The Dangerous Lives of Altar Boys (2002) 6.9
The Dangerous Lives of Altar Boys (2002)  The Dangerous Lives of Altar Boys (2002)IMDb Rating (6.9) / Rotten Tomatoes (76%) 2002ခုနှစ်က ထွက်ရှိထားတဲ့ လူငယ်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားထဲမှာဆိုရင် ပြီးရင် Autospy of Jane Doe ဇာတ်ကားထဲက မင်းသား Emile Hirsch နဲ့ The Silence of Lambs ဇာတ်ကားထဲမှ မင်းသမီး Jodie Foster တို့ ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်သလစ်ကျောင်းတတ်နေကြတဲ့ ကောင်လေးအုပ်စုဟာ ညစ်ညမ်းတဲ့ ကာတွန်းစာအုပ်တွေဆွဲတာကို ကျောင်းကမိသွားပါတယ်။အဲ့တာကို သူတို့က ကျောင်းက စစ္စတာကို prank ပြန်လုပ်ကြမှာကို ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မင်းသား၊ မင်းသမီးတွေရဲ့ ငယ်ဘ၀ပုံရိပ်လေးတွေကို ဇာတ်ကားကြည့်ရင်း ပြန်လည်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)File size…(1.7 GB) ...
movie

The Dangerous Lives of Altar Boys (2002)

2002
Scott Pilgrim vs. the World (2010) 7.5
Scott Pilgrim vs. the World (2010) Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie

Scott Pilgrim vs. the World (2010)

2010
4K HEVC