Channel Myanmar

Kevin Allen

The Skulls (2000) 5.6
The Skulls (2000)  The Skulls (2000)IMDb Rating (5.6) / Rotten Tomatoes (9%) ၂၀၀၀ ပြည့်နှစ်မှာ ထွက်​ရှိခဲ့တဲ့ ဒီရုပ်ရှင်က အမေရိကန်​ အိုင်​ဗီလိဂ် တက္ကသိုလ်​တွေရဲ့​ အထူး​လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​ အကြောင်း​နဲ့ အဲဒီ​အဖွဲ့​မှာ ပါဝင်​ပတ်သက်​မိတဲ့ ကျောင်း​သား​တစ်ဦး​ အကြောင်း​ကို တင်ဆက်​ထားတာ​ဖြစ်ပါတယ်​။Fast and Furious ဇာတ်ကားတွေရဲ့ သရုပ်ဆောင်​တစ်ဦး​ဖြစ်​တဲ့ Paul Walker နဲ့ Joshua Jackson တို့က​ အဓိက​ပါဝင်ထားပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Luke ဟာ ဆင်းရဲနွမ်းပါးပေမဲ့ ထူးချွန်​တဲ့ ကောလိပ်​ကျောင်းသား​တစ်ဦး​ဖြစ်ပြီး အိုင်​ဗီလိဂ်​လို့ခေါ်တဲ့​ အမေရိက အရှေ့မြောက်ပိုင်းက ထိပ်​သီး​တက္ကသိုလ်​ရှစ်ခုထဲက တစ်ခုမှာ တက်​ရောက်​နေသူ​ဖြစ်​ပါတယ်​။ကြီး​လေးတဲ့ ကျောင်း​စရိတ်​အတွက် စကောလားရှစ်တွေနဲ့ အချိန်​ပိုင်း​အလုပ်​တွေကို​ လုပ်​ကိုင်​ပြီး ရုန်းကန်​နေရ​သူဖြစ်ပါတယ်။ တစ်ညမှာတော့ Luke ကို Skulls​ လို့​ခေါ်​တဲ့ လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​က အသင်း​ဝင်​အဖြစ် ကမ်း​လှမ်း​လာပါ​တယ်။Skulls အဖွဲ့​အစည်း​က တက္ကသိုလ်​ကျောင်းသား​တွေ​ကြား​မှာ ဒဏ္ဍာရီ​လိုလို​ ...
movie

The Skulls (2000)

2000
Save the Cinema (2022) 6.7
Save the Cinema (2022) ပြဇာတ်ဆန်ဆန် ​အေး​အေးငြိမ့်ငြိမ့်​လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်​လေးတစ်ကားကို တင်​ဆက်​ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အ​ခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb - 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီး​ချော Erin Richards နဲ့Draco Malfoyအ​နေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်​ပေါင်းများစွာတည်းက စင်တင်ပြဇာတ်​​တွေနဲ့ ​အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို ​နောက်ပိုင်းနှစ်​တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့​​ပေမယ့် လာ​ရောက်ကြည့်ရှုသူ မရှိသ​လောက်နည်း​နေသလို ၂လ၃လ​နေမှ တစ်ခါပြတဲ့ ​ပြဇာတ်​တွေနဲ့ အသက်ဆက်​နေရတာပါ။ဒီလို​ဒေဝါလီခံရကာနီး​နေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ​ဈေးဝယ်စင်တာ ​ပြောင်း​ဆောက်ဖို့ ကြံ​နေသူ​တွေက​တော့ ကာမာသန်မြို့​တော်ဝန်နဲ့သူ့ရဲ့ ခရိုနီ​တွေပါ။ လစ်ရစ်ရုံဟာ ဝင်​​ငွေမရ​တော့​ပေမယ့် မြို့​ခံလူ တချို့​အတွက်​ မ​​မေ့နိုင်တဲ့အမှတ်တရ​များစွာ ရှိ​နေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်​လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါ​ပေမဲ့ ...
movie

Save the Cinema (2022)