Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kerr Hsu
6
The Post-Truth World ( 2023 )
မီဒီယာတွေက အမှန်ပြောနေတာလား...တရားစီရင်ချက်တိုင်းက ဖြောင့်မတ်မှန်ကန်နေလား.... ဒီအဖြေမသိတဲ့ ပုစ္ဆာနှစ်ပုဒ်ကို The Post Truth World ဆိုတဲ့ ကားလေးက စဉ်းစားစရာတချို့ပေးသွားမှာပါ.... ဇာတ်လမ်းလေးကတော့ တက်လမ်းတွေအပြည့်ရှိတဲ့ ဘေ့စ်ဘောကစားသမားလေး ကျန်းကျန်ယိတစ်ယောက်က သူ့အိပ်မက်ကို အကောင်အထည်ဖော်မယ့် အမေရိကန် ကစားသမားအဖွဲ့ထဲ ပါဝင်ခွင့်ရချိန်မှာပဲ.... သူချစ်ရတဲ့ ချစ်သူ သေဆုံးသွားခဲ့ပြီး... သူကလည်း လူသတ်သမားအဖြစ်နဲ့ သံတိုင်အနောက်ကို ရောက်သွားခဲ့ပါတယ်...၇ နှစ် ကြာတဲ့အထိ သေဒဏ်ပေးမယ် တစ်သက်တစ်ကျွန်းချမယ်နဲ့ မပြတ်သားနိုင်တဲ့ ဆုံးဖြတ်အမိန့်ကို စောင့်ရင်း... လျိုလီမင် ဆိုတဲ့ မီဒီယာသမား တစ်ဦးကို အသုံးချပြီး ထောင်အပြင်ကို ထွက်ပြေးနိုင်ခဲ့ပြီး... သူသဲလွန်စတွေကိုရှာဖွေခဲ့တယ်....ထူးဆန်းတာက သူအသုံးချတဲ့ မီဒီယာသမားကလည်း သူ့အမှုကို ပြန်လည်တူးဆွပြီး သူအပြစ်မဲ့ကြောင်းကို သက်သေရှာနေတာတဲ့.... သူတို့ချင်း ယုံကြည်မှုရပြီး ပူးပေါင်းမိမှာလား... တကယ်ပဲ ကျန်းကျန်ယိက သူအပြစ်မရှိကြောင်း သက်သေပြဖို့ ထွက်ပြေးခဲ့တာလား...သူတကယ်ပဲ အပြစ်မရှိဘူးလား....နောက်ပြီး လျိုလီမင်ကရော ဘာလို့ ဒီအမှုကို ပြန်တူးဆွတာလဲ...ရဲဖက်ဆိုင်ရာနဲ့ တရားရုံးကတော့ ကျန်းကျန်ယိက လူသတ်သမားလို့ တစ်ထစ်ချဆုံးဖြတ်ခဲ့တာပဲ... ဒါက မှားယွင်းနေခဲ့တာလား... ဒီအမှုကို ပြန်တူးဆွလို့ ဘာနောက်ဆက်တွဲတွေ ကြုံတွေ့ရဦးမှာလဲ...စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးမို့ CM ချစ်ရတဲ့ ပရိသတ်တို့လည်း အတူကြည့်ပြီး ဦးနှောက် ...
movie
The Post-Truth World ( 2023 )
6
Breaking and Re-entering ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ချမ်းသာတဲ့သူတွေဆီကနေပိုက်ဆံခိုးပြီး ဆင်းရဲသားတွေကို ပြန်လည်ခွဲဝေပေးတဲ့ သူငယ်ချင်း၄ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရရင် ဒီသူငယ်ချင်း၄ယောက်က မတူညီတဲ့အရည်အချင်းတွေနဲ့ ခိုးတဲ့အလုပ်ကို professional ကျကျလုပ်ဆောင်နေကြတာပေါ့။ တနေ့မှာဝမ့်ရှင်းဘဏ်က ပရဟိတ ရန်ပုံငွေပရောဂျက်အတွက်ငွေတွေအများကြီးထည့်ထားတာကို မျက်စိကျလာခဲ့တယ် သူတို့ ၄ယောက်က ဒီလိုနဲ့တနေ့အဲ့ပိုက်ဆံကို ခိုးတဲ့အခါမှာ မထင်မှတ်ဘဲ ရှန်ရှူးဝန်ဆိုတဲ့ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ပေါ်ကျွင့်နဲ့အဆက်သွယ်ပြတ်သွားခဲ့တဲ့ ကောင်မလေးနဲ့ပြန်ဆုံခဲ့ပါတယ်ရှန်ရှူးဝန်နဲ့ပြန်တွေ့ကြတဲ့အခါမှာတော့ သူ့ကို ဝမ့်ရှင်းဘဏ်ရဲ့ ဥက္ကဌက နှုတ်ပိတ်ဖို့ ကြိုးစားနေတဲ့အချိန်ပေါ့ အဲ့ဒါကို ပေါ်ကျွင့်တစ်ယောက် လက်ပိုက်ကြည့်မနေဘဲနဲ့ ဝင်ကူညီပေးရာကနေမှ သူတို့ခိုးယူလာတဲ့ငွေတွေကို ဘဏ်ဆီကို ပြန်မပို့ဘဲ ဥက္ကဌချန်ဟိုင်ရွေ့အိမ်ကို အရောက်ပို့ပြီး သူ့ရဲ့ မကောင်းမှုကို ဖော်ထုတ်ဖို့ကြိုးသူတို့၅ယောက် အတူတူကြိုးစားကြတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒါကြီးကအမှုဆိုပေမဲ့သူတို့တွေက သမာသမတ်ကျတဲ့နည်းလမ်းအတိုင်း ကျင့်သုံးကြတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရူလိုက်ရအောင်နော် Filesize : 1.51 GB / 859 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 49 min Subtitle : Myanmar ...
movie
Breaking and Re-entering ( 2024 )
5.9
S-Girl ( 2022 )
နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးမှာ ပတ်ဝန်းကျင်နေရာတိုင်းလိုလို စက်ပစ္စည်းတွေနဲ့ အစားထိုးလို့လာခဲ့ပါတယ် ။ လျိုကျားချီလို့ ခေါ်တဲ့ အမျိုးသားဟာ မိသားစုတွေကိုလဲ အချိန်မပေးပဲ သူ့ရဲ့ စက်ပစ္စည်းတွေနဲ့ပဲ အချိန်တွေကုန်ဆုံးလို့နေခဲ့ပါတယ် ။ တစ်နေ့မှာတော့ ဇနီးဖြစ်သူဟာ ရောဂါနဲ့ ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ် ။ဇနီးသည်ဆုံးပါးသွားပြီးတဲ့နောက်မှာလဲ ကျန်ရစ်တဲ့ သမီးငယ်လေးတွေကို ကလေးထိန်းနဲ့ ထားကာ သူကတော့ မိသားစုကို အချိန်မပေးပဲ အလုပ်တွေနဲ့ ဗျာများနေတုန်းပါပဲ ။ ဒီလို ကြပ်တည်းနေတဲ့အချိန်မှာ သူတို့ ကုမ္ပဏီကနေပြီးတော့ လူသားလို တစ်ထပ်ထဲ ပြုမူနိုင်တဲ့ လူသားစက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ပါတယ် ။စက်ရုပ်ကို ဒီဇိုင်းရေးဆွဲသူ လျိုကျားချီဟာ သေဆုံးသွားတဲ့ ဇနီးသည်နဲ့ ဆင်တူ စက်ရုပ်တီထွင်ပြီး အိမ်မှာ သမီးလေးတွေကို စေ ာင့်ရှောက်ဖို့ ထားခဲ့တဲ့အခါမှာတော့...? အသက် ၁၇ နှစ်အရွယ် သမီးအကြီးဖြစ်သူဟာ ဒီစက်ရုပ်ကို လုံးဝလက်မခံနိုင်ပေမဲ့ ဘာမှမသိနားမလည်တဲ့ ၅ နှစ်အရွယ် ညီမလေးကြောင့် လက်ခံခဲ့ပါတော့တယ် ။ ဒီတော့ ...-❏ မိသားစုကို အချိန်မပေးနိုင်တဲ့ ဖခင် နဲ့ သမီးလေး ၂ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ ...
movie
S-Girl ( 2022 )
6.1
Terrorizers (2021)
Terrorizers 2021ဒီကားကပြောရမယ်ဆိုရင်တော့ မိဘတွေဆီကအချစ်မခံရတဲ့ broken familyတွေက ကလေးတွေအကြောင်းပေါ့ကျောင်းမင်လန်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက အိမ်မှာမနေချင်ဘူး သူ့မိဘတွေကပိုက်ဆံချမ်းသာပေမဲ့အိမ်ထောင်ရေးအဆင်မပြေဘူး သားဖြစ်သူကိုအရမ်းချစ်အရမ်းအလိုလိုက်ပေမဲ့ သူလိုချင်တဲ့မေတ္တာတော့မပေးနိုင်ကြဘူးချန်ယွီဖုန်းကလည်းအဲ့လိုပဲ ကျောင်းမင်လန်နဲ့မောင်နှမဝမ်းကွဲ သူ့အမေကသူငယ်ငယ်ထဲကထားသွားတယ် အဖေကလည်းရာထူးနေရာအတွက်ပဲဂရုစိုက်ပြီး သူ့လက်ထောက်နဲ့နောက်အိမ်ထောင်ပြုသွားတယ် အမေလည်းမရှိ အဖေလည်း နောက်အိမ်ထောင်ပြုတဲ့အချိန်မှာ တစ်ယောက်ထဲအထီးကျန်ပြီး မေတ္တာငတ်နေခဲ့တယ်မောင်နှမနှစ်ယောက်တစ်အိမ်ထဲအတူနေကြပေမဲ့စကားမပြောကြဘူး ဒါပေမဲ့ကျောင်းမင်လန်ကြိုက်နေတဲ့သူက porn star ယွီဖုန်းရဲ့သူငယ်ချင်း... အဲ့သူငယ်ချင်းကိုလည်းယွီဖုန်းက မေတ္တာငတ်နေမှာ ဒုက္ခရောက်နေမှာစိုးပြီး ကူညီပေးဂရုစိုက်ပေးရင်း ချစ်မိသလိုဖြစ်သွားတဲ့အခါ...ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အစ်မကသူ့ချစ်သူကိုခိုးတယ်ထင်ပြီး ထင်ရာတွေလုပ်ရင်း ဘာတွေဆက်ဖြစ်သွားလဲဆိုတာ ဇာတ်ကားထဲကြည့်ရှုပေးပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:07:00 Type__Drama, Romance, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie
Terrorizers (2021)