Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kenneth Tsang
6.3
The Attorney ( 2021 )
ရှေ့နေလေယိုဟွေဟာ အမှန်တရားထက် အမှုသည်အတွက်အကျိုးရှိမဲ့ လျှောက်ထားချက်မျိုးကို တရားခွင်မှာ တင်ပြပြီး အရှုံးမရှိဘဲအမြဲတမ်း အမှုနိုင်တဲ့ ရှေ့နေတစ်ယောက်ပါ ရှေ့နေဟယ်ကတော့ ဥပဒေရှေ့မှောက်မှာ အပြစ်ရှိတယ်လို့ မဆုံးဖြတ်ရသေးသရွေ့ အဲ့ဒီလူကို ကြိုအကဲဖြတ်တာမျိုးမလုပ်ဘဲ အမှုသည်ဖက်ကနေ အလုံးစုံရပ်တည်ပေးပြီး လိုက်တဲ့အမှုတိုင်းရှုံးတဲ့ အမှန်တရားရဲ့ဘက်တော်သားရှေ့နေတစ်ယောက်ပါဒီလိုမျိုးဆန့်ကျင်ဖက်လူနှစ်ယောက် တစ်ရက်မှာ အမှုတစ်ခုကို တရားခံဖက်ကနေ အပြစ်မရှိကြောင်း အမှုလိုက်ပေးဖို့ဖြစ်လာခဲ့ပါတယ် ဒါ့အပြင် အဲ့ဒီအမှုဟာ အထက်အာဏာရှိသူတွေ ချမ်းသာတဲ့ သူဌေးအသိုင်းအဝိုင်းတွေနဲ့ ပက်သတ်ဆက်နွယ်နေတဲ့အခါမှာတော့... နောက်ကွယ်က အမှန်တရားတွေကိုတဖြည်းဖြည်းချင်းဖော်ထုတ်ပြီး သူတို့အမှုအနိုင်ရအောင် ဘယ်လိုတိုက်ခိုက်သွားမှာလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : 1.24 GB / 705 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama During : 1h 43min Subtitle : Myanmar Subtitle ( Hardsub ) Translated By Yamin Ei Encoded By LK
movie
The Attorney ( 2021 )
6.5
Deliverance ( 2024 )
မှတ်ဉာဏ်က အားနည်းတယ်။ မှတ်ဉာဏ်က လူကို လိမ်နိုင်တယ်။ မှတ်ဉာဏ်က အန္တရာယ်ရှိတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က မိသားစု တစ်စုမှာ အားကုန်ကြိုးစားပြီး ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ......နိုင်ငံခြားက ပြန်လာတဲ့ ဖန်ရွှယ်အာဟာ သူ့ကို ချစ်တဲ့ အစ်ကို ၂ ယောက်နဲ့ ခင်ပွန်းလောင်းတစ်ယောက်ရှိပြီး စိတ်ချမ်းသာစရာ ဘဝကို ပိုင်ဆိုင်ထားရသူတစ်ယောက် ဖြစ်ပါတယ်။ သူ့အတွက် စိတ်မချမ်းမြေ့စရာ တစ်ခုတည်းသော အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမေဆုံးသွားချိန်မှာ ဘေးမှာရှိနေရက်နဲ့ အဲဒီအချိန်ကို မမှတ်မိဘဲ အတိတ်မေ့နေခဲ့တာကြောင့် ဖြစ်ပါတယ်။စိတ်ကျန်းမာရေးပညာရှင်ဖြစ်သူ အစ်ကိုကြီးက အိပ်ငွေ့ချပြီး ကူညီပေးခဲ့တဲ့အချိန်မှာ သူ့အမေက သဘာဝအတိုင်းသေဆုံးသွားတာ မဟုတ်ဘဲ တစ်ယောက်ယောက်က လည်ပင်းညစ်သတ်ခဲ့တာဖြစ်ကြောင်း မြင်ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ အဲဒီ လည်ပင်းညစ်တဲ့လူက အစ်ကို ၂ ရဲ့ ပုံရိပ်လို ပေါ်လာတဲ့အခါ......လွန်ခဲ့တဲ့ ၁၅ နှစ်က အမေ့ကိုသတ်တဲ့ တရားခံက ဘယ်သူဖြစ်မလဲ...... အတိတ်က အကြောင်းအရာတွေကို ပြန်လည်စုံစမ်းခြင်းက သူတို့မိသားစုအတွက် ဘယ်လိုမုန်တိုင်းကြီးတွေ ကျရောက်လာစေမလဲ...... ဆိုတာကို သဲထိတ်ရင်ဖိုရိုက်ကွက်နဲ့ ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြောက်တတ်တဲ့လူတော့ သတိထားဖို့ လိုလိမ့်မယ်နော်။ Filesize ...
movie
Deliverance ( 2024 )
6.9
Police Story 3: Super Cop (1992)
Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။ဒီဇာတ်ကားမှာတော့.... တရုတ်ပြည်မကြီးက လူဆိုးဂိုဏ်းကို ဖြိုခွင်းဖို့ ဟောင်ကောင်ရဲတွေက ထိုးထည့်လိုက်လို့ ဂျက်ကီချန်းတစ်ယောက် အူကြောင်ကြောင်နဲ့ တရုတ်ပြည်ရောက်လာရာက စပါတယ်။ မင်းသမီးကတော့ မီရှဲယိုပါ။ ရှေ့ကဇာတ်ကားတွေနဲ့ချိတ်ဆက်ထားတာကြောင့်လဲ တချို့နေရာတွေမှာ အတော်လေးရယ်ရပါတယ်။ File size…(1.96 GB)/(1.15 GB GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield
movie
Police Story 3: Super Cop (1992)
1992
4.4
[18+]The Body Is Willing(China Scandal: Exotic Dance) 1983
China Scandal Exotic Dance (1983) စီးပွါးရေးလောကမှာ နာမည်ကြီးပြီး လိုတရဖြစ်နေတဲ့ ဖရန့်စ်... သူ့သီဝရီက ရှင်းတယ် ဘယ်မိန်းမဖြစ်ဖြစ် ပိုက်ဆံနဲ့လဲရင် ရတယ်တဲ့လေ....ဂျပန်အဆိုလောကမှာ နာမည်ကြီးနေတဲ့ ရာမာဇကီ... သူက ဟောင်မှာပါ လက်ရှိနာမည်ရနေသူ သူမရဲ့ အလှပနဲ့ အဆိုကောင်းမှုတွေကြောင့် နာမည် တစတစ ကြီးလာနေသူ အခုလည်း ဟောင်ကောင်ကို ဖျော်ဖြေပွဲ တခုအတွက် ရောက်လာ ချိန်မှာ ဖရန့်နဲ့ တွေ့ပါတော့တယ် ဖရန့်စ်ကလည်း ရာမာဇကီ ကိုမြင်မြင်ချင်းပဲ စိတ်ဝင်စားသွားရာမှ....မာနခဲ ရာမာဇကီ လေးနဲ့ ဖရန့်စ်တို့ရဲ့ အပြိုင်အဆိုင် အားပြိုင်မှုတွေက DS Fans တွေအကြိုက်တွေဖြစ်နေလို့ တင်ဆက်ပေးလိုက်ပါတယ် File size…1.5GB / 743MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle…Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie
[18+]The Body Is Willing(China Scandal: Exotic Dance) 1983
6
A Sealed Book ( 2022 )
ဟိုးတစ်ချိန်တစ်ခါက လောကကြီး တစ်ခုလုံးဟာအလင်းရောင်တွေ ပျောက်ကွယ်သွားပြီး အမှောင်ထုဖုံးလွှမ်းသွားခဲ့ပါတယ် ။ ဒီတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့လူတွေဟာ အမှောင်ထုဖုံးလွှမ်းသွားရခြင်းရဲ့ အကြောင်းပြချက်ကို ရှာဖို့ကြိုးစားခဲ့ကြပါတယ် ။အဲ့ဒီအထဲကမှ ရဲအရာရှိလေး ရှောင်ဝူလဲ အပါအဝင်ပါ ။ အမှောင်ထုဖုံးလွှမ်းရခြင်းရဲ့ အကြောင်းပြချက်ကို ရှာပြီး သူဟာ လောကရဲ့ သူရဲကောင်းဖြစ်ချင်နေခဲ့တာပါ ။ သူတို့တွေ ခရီးဆက်လာခဲ့ပြီး လမ်းတစ်ထောက်မှာတော့ အမှောင်ထုဖုံးလွှမ်းရခြင်းဟာ ရှေးခေတ် ထူးဆန်းလှတဲ့ ကောင်းကင်ဘုံစာအုပ်ကြောင့်ဖြစ်ပြီး အဲ့ဒီစာအုပ်ဟာ မြေအောက်နန်းတော်ကနေ ပျောက်ဆုံးနေခဲ့ပါတယ် ။မြေအောက်နန်းတော်က လူတွေဟာ မသေမျိုးတွေဖြစ်ပြီး အဲ့ဒီထူးဆန်းစာအုပ်ဟာလဲ အဘယ်သူကမှ ရယူနိုင်ခြင်းမရှိတဲ့ အခါမှာ ...? ❏ လောကကို ဖုံးလွှမ်းနေတဲ့ အမှောင်ထုကြီးကို သူတို့တွေ ဖြိုဖျက်နိုင်ပါ့မလား ? ❏ ဒီကိစ္စကြီးဟာ ရှောင်ဝူ နဲ့ပါ သက်ဆိုင်နေတဲ့အခါ နောက်ကွယ်က အမှန်တရားဟာ ဘာများဖြစ်မလဲ ❏ သူရဲကောင်းဖြစ်ချင်ရှာတဲ့ ရှောင်ဝူတစ်ယောက် အဖြစ်မှန်ကို ရှာပေးပြီး လောကအတွက် အလင်းဆောင်ပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL ...
movie
A Sealed Book ( 2022 )
6.4
Last Romance (1988)
Last Romance ( 1988 )ဟောင်ကောင်ဖန်တိုင်း ချစ်ကြတဲ့ မမမက်ဂီချောင်နဲ့ Cherie Chungတို့ အဓိကဇာတ်ကောင်၂ကောင်အဖြစ် တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီးအသားပေး ရုပ်ရှင်ပါပဲ။ ခုနေတော့ မက်ဂီချောင်က နာမည်ပိုကြီးပေမဲ့ ဒီကားထွက်တုန်းကတော့ သူ့မှာ လောက်လောက်လားလား ဘာကားမှမရှိသေးသလို Cherie Chungကလည်း အဲဒီအရင်နှစ်တင် An Autumn's Taleနဲ့ နာမည်ရနေတဲ့ကာလဆိုတော့ သူ့ဇာတ်ကောင်ကိုတော့ နည်းနည်းပိုအသားပေးထားပါတယ်။ဇာတ်လမ်းကတော့ အသက်၁၇မှာ စသိပြီး အခင်ဆုံးတွေဖြစ်ခဲ့ကြတဲ့ သူငယ်ချင်း၂ယောက် ဆယ်ကျော်သက်ဘဝကနေ သက်လတ်ပိုင်းအထိ ရောက်ရှိလာပုံလို့ ပြောရပါမယ်။ ဟောင်ကောင်လူနေမှုစနစ်ထဲက သူတို့ ဒုက္ခတွေကိုရောပေါ့။ သူတို့၂ယောက်ဟာ ကောင်လေးတစ်ယောက်တည်းကို အတူလိုက်တဲ့အထိခင်ခဲ့ကြတယ်။ Cherie Chungရဲ့ဇာတ်ကောင်ဟာ အဲဒီနောက်သိပ်မကြာခင်မှာပဲ သူ့အဖေကို ဆုံးသွားပြီး တစ်ကောင်ကြွက်ဖြစ်သွားရာက နိုက်ကလပ်မှာ အပျော်မယ်လုပ်ရတဲ့ဘဝကိုရောက်သွားခဲ့တယ်။ မက်ဂီကတော့ သူ့သူငယ်ချင်းကို ချစ်မြဲပါပဲ။ ဒီလိုနဲ့ သူတို့အသက်တွေကြီးလာ ကိုယ်စီဘဝတွေမှာ အောင်မြင်လာရင်း တစ်နေ့ သူတို့အတူကြိုက်ခဲ့တဲ့ ...
movie
Last Romance (1988)
6.7
Once a Thief (1991)
Once a Thief (1991)~ IMDb - 6.7/10, Rotten Tomatoes - 60% ~အနောက်တိုင်းက မာစတာပိစ်ကားတွေလို သတ်မှတ်ခဲ့ကြတဲ့ Léon: The Professional တို့ The Departed တို့လို ကားတွေရဲ့ မြစ်ဖျားခံရာလို့ ပြောလည်းမမှားတဲ့ Heroic Bloodshed Genre ရဲ့ ပဲ့ကိုင်ရှင်နဲ့ ဒီ Genre ကို ပိုထင်ရှားအောင် လုပ်ပေးခဲ့တဲ့သူဖြစ်တဲ့ ဂျွန်ဝူးရိုက်ခဲ့တဲ့ ကားတွေထဲကမှ ဟောင်ကောင် Heroic Bloodshed ကားတွေကို မနှစ်ကတည်းက တဖြည်းဖြည်းချင်းတင်ဆက်ပေးခဲ့တာ A Better Tomorrow ကားတွေ၊ The Killer, Hard Boiled, Bullet in the Head စသဖြင့် အတော်များခဲ့ပါပြီ။ စတီဖင်ချောင်ပါပါတဲ့ Just Heroes နဲ့ ...
movie
Once a Thief (1991)
1991
5.6
Man on the Edge (2022)
“ကျွန်တော်က သာမာန်ပြည်သူတစ်ယောက်ပါ” “ ပြည်သူ့အတွက်ပါ “ဆိုပြီး စွန့်စားမှုကိုစိန်ခေါ်လာခဲ့တဲ့လူအကြောင်းကို ရိုက်ကူးထားတဲ့ ဟောင်ကောင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၀၀ ဝန်းကျင်လောက်က ဟောင်ကောင်အစိုးရအဖွဲ့ရဲ့ အောက်ဖဲတွေကိုပါ ပါးပါးလေးလှပ်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးတစ်ကားပါပဲဗျ ။တရားမဝင်အဖွဲ့အစည်းဆိုတာ အစိုးရဘက်ကသတ်မှတ်ပေးထားတဲ့အဖွဲ့အစည်းတစ်ခု။ အဲ့ဒီအဖွဲ့အစည်းထဲမှာ အားလော့တစ်ယောက် သတင်းပေးလုပ်နေရင်းနဲ့ အဖွဲ့ထဲကညီအစ်ကိုတွေနဲ့ တော်တော်ရင်းနှီးလာခဲ့ပါတယ်။ သူ့အတွက် ရွေးချယ်ရအခက်ဆုံးကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် လျာထားခံရတဲ့အထဲမှာ သူပါသွားတာပါပဲ။သူသတင်းပေးလုပ်ရတဲ့ရည်ရွယ်ချက်က နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ်ချင်တာဖြစ်ပြီး အခုသူကိုယ်တိုင် အဲ့ဒီလက်မည်းကြီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့…. အဖွဲ့အစည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ဆက်ပြီးကြည့်ရှုလိုက်ပါတော့ဗျာ ။ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:57:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt
movie
Man on the Edge (2022)