Channel Myanmar

Kelly Preston

Jack Frost (1998) 5.5
Jack Frost (1998) Jack Frost (1998)IMDb Rating (5.5) ဟိုး... 1998 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jack Frost ဆိုတဲ့ မိသားစုဒရာမာကားလေးအကြောင်း ပြောပြမယ်နော်။ဒီဇာတ်ကားက နွေးထွေးတဲ့ မိသားစုအချစ်အကြောင်းနဲ့ ခရစ္စမတ်ရဲ့ မှော်ဆန်တဲ့ခံစားချက်ကို ရောစပ်ထားတဲ့ ကားလေးပါ။နည်းနည်းတော့ ရင်ထဲထိမယ် ဒါပေမယ့် ရယ်လည်းရယ်ရတယ် ကလေးတွေရော လူကြီးတွေရော ကြည့်လို့အဆင်ပြေတဲ့ ဇာတ်လမ်းမျိုးပေါ့။ဇာတ်လမ်းက ဂျက် ဖရော့စ် (မိုက်ကယ် ကီတန်) ဆိုတဲ့ ဂီတသမားတစ်ယောက်အကြောင်းပါ။ ဂျက်က သူ့ရဲ့ ဂီတအဖွဲ့နဲ့ နာမည်ကြီးဖို့ အမြဲအိပ်မက်မက်နေတဲ့သူ။ဒါပေမယ့် သူ့ရဲ့ အိပ်မက်တွေနဲ့ တစ်ခါတလေ သူ့မိသားစုကို မေ့သွားတယ်။ သူ့မှာ ချစ်စရာဇနီးလေး ဂါဘီ နဲ့ သားလေး ချာလီ ရှိတယ်။ဂျက်က ချာလီကို အရမ်းချစ်ပေမယ့် အလုပ်ကိစ္စတွေကြောင့် သားဖြစ်သူနဲ့ အချိန်မပေးနိုင်ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကံဆိုးစွာနဲ့ ဂျက်တစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားပါလေရော။ဒါပေမယ့် ...
movie

Jack Frost (1998)

1998
The Last Song (2010) 6.0
The Last Song (2010) The Last Song (2010)IMDb Rating (6.0)Miley Cyrus နဲ့ Liam Hemsworth တို့ရဲ့ 2010 တုန်းက ထွက်ခဲ့တဲ့ "The Last Song" ဆိုတဲ့ romantic drama ကားလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်နော်.... ဒီဝတ္ထုကိုတော့ "The Notebook" ," A,Walk To Remember" တို့လို နာမည်ကြီးဝတ္ထုတွေရေးတဲ့ စာရေးဆရာ Nicholas Sparks ကရေးသားခဲ့တာပါတယ်။သူ့ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာ ပါဝင်ခဲ့ကြတဲ့ Miley ကော Liam ကောဟာ အပြင်ဘဝမှာပါ နှစ်ပေါင်း 10 နှစ်ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ ချစ်သူသက်တမ်းတလျှောက် အနိမ့်အမြင့်အခြေအနေတွေ ဖြတ်ကျော်ခဲ့ပြီး သူတို့ရဲ့ ခိုင်မာတဲ့အချစ်တွေနဲ့ ဘဝခရီးလမ်းကိုစိုက်ထူပြီး ရွှေလက်တွဲခဲ့ကြပါတယ်။ဒါကြောင့် စာရေးဆရာက သူတို့ကို ကြည့်ရတာ ပျော်ရွှင်ကြည်နူးစရာကောင်းတာမို့ "ဒါဟာ ငါ့ကို အလွန်ပဲ ပျော်ရွှင်ကြည်နူးစေပါတယ်" ဆိုပြီး ...
movie

The Last Song (2010)

2010
Sky High (2005) 6.3
Sky High (2005)  ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(915 Mb) Quality….Blu-Ray 1080p / 720p Format… ...
movie

Sky High (2005)

Jerry Maguire (1996) 7.3
Jerry Maguire (1996) Jerry Maguire (1996)IMDb Rating (7.3) / Rotten Tomatoes (85 %) ဒီကားထဲမှာ မင်းသား Tom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ် စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေး ကစားနေတဲ့သူတစ်ယောက်ပေါ့....အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ..... သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်......... ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှာ အချစ်ရယ် အလုပ်ရယ် ငွေကြေးရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်........ နှလုံးသားနဲ့ဦးဏှောက်ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်.... တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ် နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေအတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်...ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့ အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလို ကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်... ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင် ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ်ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award ...
movie

Jerry Maguire (1996)

1996
4K HEVC