Channel Myanmar

KC .Prabath

Karuppu Petti (2024) 6.5
Karuppu Petti (2024) Karuppu Petti (2024) လျှို့ဝှက်ချက်လူတိုင်းမှာ ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်ကိုယ်စီ ရှိကြပါတယ်။ ကိုယ်တစ်ဦးတည်းပဲသိတာ၊ ကိုယ့်မိသားစုကပဲသိတာ၊ ကိုယ့်သူငယ်ချင်းကပဲသိတာ အစရှိသည်ဖြင့်ပေါ့လေ။ဒီဇာတ်ကားလေးထဲမှာလည်း လျှိဝှက်ချက်ကြောင့် ဘဝအချိုးအကွေ့ဖြစ်လာပုံကို တင်ဆက်ပြသထားပါတယ်။မဟေ့ရှ်ဆိုတဲ့ ကောင်လေးက ဘဝမှာ သူနဲ့နာမည်တူသူတွေ များလွန်းလို့ သူတိုနဲ့ ကွဲပြား‌ကြောင်း သိရှိရ‌လေအောင် ပူးတွဲခေါ်ဆိုတဲ့ နာမည်ပြောင်တွေ များစွာရှိသူရယ်ပါ။နောက်ဆုံးသူဇနီးနာမည်ကပါ မဟေ့ရှ်ဝါရီ ဖြစ်လို့နေပါတယ်။သူကအလုပ်မှာလည်း ခွင့်တစ်ရက်တောင်မယူဘဲ ကြိုးစားသူပါ။ သူအကြောင်းရင်းရှိလို ခွင့်တစ်ရက်ယူတာတောင် သူဌေးက တစ်ပတ်လောက်ယူလို့ရကြောင်း နားချရတဲ့အထိပါပဲ။တစ်နေ့ သူက အလုပ်ကိစ္စနဲ့ နှစ်ရက်လောက်ခရီးထွက်ရဖို့ ဖြစ်လာပါတယ်။ အလုပ်ခရီးဆိုပေမဲ့ ဘော်ဒီစပရေးပါဖိုလောက်ပဲ အရေးစိုက်နေပြီး ပျော်ရွှင်တက်ကြွစွာ ပြင်ဆင်ပြီး ထွက်သွားတဲ့မဟေ့ရှ်ကို သူ့မိန်းမက သင်္ကာမကင်းဖြစ်နေပါတယ်။အဲဒီအချိန်မှာပဲ မဟေ့ရှ်ဝါရီရဲ့ညီမ၊ သူတိုရဲ့ဇာတိ မြိုလေးမှာနေထိုင်နေသူက ဖုန်းဆက်လာပါတယ်။ မဟေ့ရှ်ဝါရီကို ငယ်ငယ်ကရည်းစားစာပေးဖူးတဲ့ ဘေးအိမ်ကကောင်လေး ကာသီက လယ်အလုပ်လုပ်ရင်း ပိုးထိသေဆုံးသွားပါတယ်တဲ့။မဟေ့ရှ်ဝါရီကို အခုထိမမေ့နိုင်သေးလို အိမ်ထောင်တောင်မကျသေးကြောင်း သိသွားတဲ့အခါမှာတော့ စိတ်မကောင်းအလွန် ဖြစ်သွားပါတော့တယ်။သူ့ယောက်ျားမဟေ့ရှ် အလုပ်ခရီးကပြန်လာတော့လည်း အိမ်ဟာရှုပ်ပွလို သူကိုယ်တိုင်လည်း နွမ်းနယ်ပင်ပန်းနေပါတယ်။ကာသီရဲ့သတင်းကိုကြားတာနဲ့ မဟေ့ရှ်ဝါရီက ဘာဖြစ်သွားတာလဲ၊ မဟေ့ရှ်ကရော တကယ်ပဲ ...
movie

Karuppu Petti (2024)

Angaaragan 8.7
Angaaragan Angaaragan 2023 (တောနက်ထဲကပဟေဠိစံအိမ်) IMDb - 8.7/10Halloween ပွဲလည်းနီးကပ်လာပြီဆိုတော့ တမူထူးလို့ ဘောလိဝုဒ်ဟော်ရာလေးနဲ့ငြိမ့်ချင်တဲ့ စီအမ်ပရိသတ်ကြီးအကြိုက် Horror, Thriller ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။သရဲကားဆိုပေမဲ့ နည်းနည်းလည်းအခွီဓာတ်လေးနှောထားတာဆိုတော့ မျက်နှာကွယ်ထားစရာရင်ခွင်ကြီးမရှိတဲ့ အက်ဖ်အေတစ်သိုက်အတွက်လည်း အဆင်ပြေပါကြောင်း ထပ်လောင်းပြောရင်းနဲ့....ဇာတ်လမ်းအကျဉ်း ကူရင်ဂျီမာလဲအပန်းဖြေစခန်းဟာ တောထဲမှာရှိတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး တစ်ချိန်က သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေအလှကိုနှစ်သက်တဲ့ ခရီးသွားတွေကြားမှာ တော်တော်ကို ရေပန်းစားခဲ့တဲ့နေရာတစ်ခုပေါ့။ တစ်‌နေ့မှာ ဒီအပန်း‌ဖြေစခန်းရဲ့ပိုင်ရှင် ပျောက်ဆုံးသွားတဲ့အပြင် တောလမ်းကိုဖြတ်ရတာကြောင့် ကားတွေကလည်း လိုက်မပို့ချင်ကြတော့ အပန်းဖြေစခန်းကို လာတဲ့လူလည်းတဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ ရှီဗာဟာ အပန်း‌ဖြေစခန်းပိုင်ရှင်ရဲ့ဇနီးဖြစ်သူနဲ့ ဆွေနီးမျိုးစပ်တော်စပ်သူဖြစ်ပြီး ‌‌အဒေါ်ဖြစ်သူနေမကောင်းတာကြောင့် အပန်းဖြေစခန်းကို ကြီးကြပ်ဖို့ရောက်နေတဲ့သူပါ။အဲဒီမှာ ရှီဗာလည်း အပန်း‌ဖြေစခန်းကိုလိုက်ကြည့်ရင်းနဲ့ ထူးဆန်းတဲ့အိမ်တစ်လုံးကိုမြင်ခဲ့ပေမဲ့ ဒီအိမ်ထဲကိုဝင်ခွင့်မရှိဘူးဆိုလို့ ဝင်ခွင့်မရခဲ့ပါဘူး။ တစ်နေ့.. အပန်းဖြေစခန်းမှာလာတည်းနေတဲ့ ပူဂျီသာဆိုတဲ့မိန်းကလေး ပျောက်ဆုံးရာကနေ ဧည့်သည်ချင်းရန်ဖြစ်တာကြောင့် ကိုမြညွန့်တို့အဖွဲ့ရောက်လာပြီ စစ်လားဆေးလားလုပ်ရာကနေ ဒီတောတွင်းအပန်း‌ဖြေစခန်းမှာ ခြေချုပ်မိဖို့ဖြစ်လာတဲ့ သူတို့တစ်သိုက်... လူသူအဝင်အထွက်တားမြစ်ထားတဲ့ အိမ်ကြီးမှာ ဘာတွေရှိနေတာလဲ။ ကောင်မလေးကရော ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ။ ကိုမြညွန့်တို့အဖွဲ့ကရော အမှုစစ်ရင်းဘယ်လိုဖြစ်ရပ်ဆန်းတွေကြုံရမလဲ‌ဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie

Angaaragan

2023