Channel Myanmar

Kazuhiko Inoue

Detective Conan: Black Iron Submarine (2023) 7.2
Detective Conan: Black Iron Submarine (2023) Detective Conan: Black Iron Submarine (2023)~ IMDb – 7.2/10, MyAnimeList– 8.4/10 ~၂၀၂၃ ခုနှစ် ဧပြီလကမှထွက်ခဲ့တဲ့ ၂၆ ကားမြောက် “Detective Conan: Black Iron Submarine” ဟာ ကိုနန် (Conan) ရဲ့ မဟာရန်သူတော်အဖွဲ့ကြီးဖြစ်တဲ့ “ကူရိုအဖွဲ့အစည်း (Black Organization)” ကို အဓိကဗီလိန်အဖြစ် ထပ်မံမြင်တွေ့ရမယ့် Movie ဖြစ်ပါတယ်။ဇာတ်ကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်...အင်တာပိုလ် (Interpol) က တစ်ကမ္ဘာလုံးက လုံခြုံရေးကင်မရာတွေကို ချိတ်ဆက်ပြီး မှုခင်းတွေကို နည်းနိုင်သမျှနည်းအောင် တားဆီးနိုင်ဖို့ဆိုပြီးတော့ All Ages Recognition System (အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်) ကိုအသုံးပြုသွားမယ့် “ပစိဖိတ်ဗော်ယာ (Pacific Buoy)” ဆိုတဲ့ ပင်လယ်ရေအောက်အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ခဲ့တာကနေ စတာပါ။အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်ကို ဖန်တီးခဲ့တဲ့ “နာအိုမီ အာဂျန်တို (Naomi Argento)” ...
movie

Detective Conan: Black Iron Submarine (2023)

2023
Your Name (2016) 8.5
Your Name (2016) Your Name (2016) =============================== (Kimono Na wa) ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့...အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ...
movie

Your Name (2016)

2016
The Place Promised in Our Early Days(2004) 7.1
The Place Promised in Our Early Days(2004) The place promised in our early days (2004)IMDB Rating... 7.1 Rotten Tomatoes.... 80%စာရေးဆရာကြီးမင်းလူက ဘယ်စာအုပ်ထဲမှာလဲမသိဘူးရေးဖူးတယ်...တကယ်တော့ အချစ်ဆိုတာခွေးလျက်ခံရတဲ့ ထန်းလျှက်ခဲလိုပဲ ကြာလေ လုံးပါး ပါးရလေတဲ့... သူပြောတာလည်း ဟုတ်သလိုလိုပင်..သို့ပေမယ့် ကျွန်တော်တို့အားလုံး ရနံတွေနဲ့ကင်းလို့ရချင်ရမယ်... အရောင်တွေနဲ့ကင်းလို့ရချင်ရမယ်..အချစ်ဆိုတာကြီးကိုတော့ ကင်းကွာဖို့ ခဲယဉ်းလွန်းလှပါတယ်... ဒီအချစ်ကြီးကို အချိန်မရွေးဖန်ဆင်းဖို့ နှလုံးသားကြီးကကျွန်တော်တို့ရဲ့ ဘယ်ဘက်ရင်အုံကြီးထဲမှာရှိနေတာကိုး....ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အပြီး 1996ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့  ကျောင်းသားလေးတစ်ယောက်နဲ့ ကျောင်းသူလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ...ကျောင်းသား ကျောင်းသူဘဝ အစပိုင်းမှာရိုးစင်းစွာခင်ခဲ့ကြပေမယ့် နောက်ပိုင်းတော့ သူတို့နှလုံးတွေကသံစဉ်တွေပြောင်းကုန်တယ်..သို့ပေမယ့်  သာမန်သူငယ်ချင်းတွေလိုပဲဖြတ်သန်းခဲ့ကြတယ်..သူတို့နေတဲ့ နေရာမှာ မျှော်စင်ကြီးတစ်ခုရှိတယ်...  ငယ်ရွယ်တဲ့သူတွေအဖို့ သူတို့မှာအိပ်မက်တွေလည်းရှိကြတယ်..အဲ့ဒါကတော့ လေယာဉ်တည်ဆောက်ဖို့ပါပဲ.. ပြီးတော့ ထူးခြားတဲ့ မျှော်စင်ရဲ့ လျို့ဝှက်ချက်ကို သူတို့ဖော်ဖို့လုပ်နေတုန်းမှာပဲကောင်မလေးက ရုတ်တရက်ပျောက်သွားတယ်...ကောင်မလေး ဘာကြောင့်ပျောက်သွားတာလဲ ...သူတို့ပြန်လည် ဆုံတွေ့နိုင်ဦးမလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...အိပ်မက်ဆန် လှအလွန်းတဲ့ တိမ်ရှု့ခင်းတွေနဲ့ IMDb rating အနေနဲ့ 7.1 အထိရထားတဲ့ Drama ,Romace,Sci-fi Anime ...
movie

The Place Promised in Our Early Days(2004)

2004