Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kaushik Sen
6.4
Tekka (2024)
Tekka 2024 ကောက်ရိုးတစ်မျှင်IMdb 6.4/10လောကကြီးက တစ်ခါတလေ အရာရာကိုစွန့်လွှတ်ဖို့ တွန်းအားပေးလာချိန်မှာ ဆင်ခြင်တုံတရားကို အမှောင်ဖုံးလို့ လုပ်မိလုပ်ရာ ကောက်ရိုးတစ်မျှင်ကို ဆွဲမိတတ်ကြပါသတဲ့။လူ့အဆင့်အတန်းရဲ့ အောက်ဆုံးအလွှာက ဒေါသအိုး သန့်ရှင်းရေးသမားလေးအစ်လက်ခ်တစ်ယောက် အထက်လူကြီးတွေရဲ့ သက်သက်မဲ့စော်ကားမှုတွေကို ဒေါသနဲ့တန်ပြန်မိတဲ့အတွက် အလုပ်ပြုတ်သွားတော့တာပေါ့။အဲဒါနဲ့ပဲ အိမ်ကိုပြန်ရောက်လာတော့ သားဖြစ်သူကလည်း ကျောင်းလခမပေးနိုင်လို့ ကျောင်းထုတ်ခံလိုက်ရတဲ့အဖြစ်ဆိုးကို ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ။ စိတ်ပျက်နာကျည်းမှုတွေနဲ့ အထက်တန်းလွှာတွေရဲ့ နင်းပြားဘဝကို စိတ်ကုန်နေတဲ့ အစ်လက်ခ်တစ်ယောက် သူ့ရဲ့ရုံးအဆောက်အဦထဲမှာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အထိ ဖြစ်သွားပါတော့တယ်။ဒီတော့ ACP မာယာတို့လည်း အစ်လက်ခ်ဆီကနေ ကလေးမလေးကိုကယ်ဖို့ ညှိနှိုင်းမှုလုပ်ဖို့လာရာကနေ အစ်လက်ခ်ရဲ့တောင်းဆိုမှုက ငွေမဟုတ်ဘဲ သူ့ရဲ့သန့်ရှင်းရေးအလုပ်ပဲဆိုတာကို သိလိုက်ရတာဖြစ်လို့ အားလုံး အဆင်ပြေလုဆဲဆဲမှာပဲ သမီးကိုကယ်ဖို့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ ကလေးမလေးရဲ့အမေ ပူဂျာကလည်း အစ်လက်ခ်ကိုခြိမ်းခြောက်ဖို့ သူ့သားကိုပါ ပြန်ပေးဆွဲထားတာကို သိလိုက်ရချိန်မှာတော့...ဖခင်မေတ္တာနဲ့ မိခင်မေတ္တာရဲ့ အားပြိုင်မှုကြားမှာ ဒီကလေးနှစ်ယောက် မြေစာပင်မဖြစ်ရေးအတွက် ACP မာယာတို့အရာရှိတစ်သိုက် ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.33 GB / 832 MB Quality…WEB DL 1080p HEVC/ ...
movie
Tekka (2024)
7.6
A Holy Conspiracy (2022)
A Holy Conspiracy (2022) "ဘာသာရေးနဲ့ သိပ္ပံကြားက တရားခွင်"IMDb-7.6/10အိန္ဒိယတရားခွင်ဇာတ်ကားတွေထဲကမှ ဒီတစ်ခါရှုစားရမှာတော့ သိပ္ပံပညာနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတရားခွင်ပဲဖြစ်ပါတယ်။ခရစ်ယာန်အထက်တန်းကျောင်းတစ်ခုမှာ ချားစ်ဒါဝင်ရဲ့ သီအိုရီကို မသင်ခင် သမ္မာကျမ်းစာမှာပါတဲ့ ကမ္ဘာဦးကျမ်းအခန်းကြီး အရင်သင်ဖို့ စည်းကမ်းသတ်မှတ်တာကို လက်မခံတဲ့ ကျောင်းဆရာတစ်ယောက်။လူနည်းစုဘာသာရေးအသိုင်းအဝိုင်းကို စော်ကားတယ်၊ ကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ ကျောင်းအုပ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတဲ့စွဲချက်တွေနဲ့ အဖမ်းခံပြီးတဲ့နောက် နှစ်လကြာတဲ့ထိ ဘာစစ်မေးမှုမှလည်းမရှိသလို အသနားခံစာတွေလည်း ပယ်ချခံရ၊ အစားအသောက်ကောင်းကောင်းမစားရနဲ့ ပြစ်မှုကြီးရာဇဝတ်သားလို ခံစားနေရတဲ့ ကျောင်းဆရာတစ်ယောက်။ဒီအမှုအတွက် တရားလိုရှေ့နေလိုက်မဲ့သူက နယူးဒေလီက ခရစ်ယာန်တွေရဲ့ အလေးထားကိုးကွယ်ကြတဲ့ဘုန်းတော်ကြီး ဘာဆန်တာကူးမားချက်တာဂျီး...။ကျောင်းဆရာဘက်ကလိုက်ပေးမဲ့ရှေ့နေကတော့ တစ်ချိန်က အထူးတရားရုံးက အမှုတွေထိဖြေရှင်းခဲ့တဲ့ အငြိမ်းစားရှေ့နေကြီး အန်တွန်ဒီဆူဇာ.....။ဘုန်းတော်ကြီးဘက်မှာက ဘာသာရေးသမားက နိုင်ငံရေးသမားအလယ် ဝန်ကြီးအဆုံး အကြီးအကဲအစုံရှိတယ်။ ဒီအမှုမှာလည်း ရုံးတင်စစ်ဆေးတာနဲ့ချက်ချင်း သူပဲ အနိုင်ရမယ်လို့ ယုံကြည်နေတာပေါ့။ရှေ့နေကြီးဒီဆူဇာကလည်း သူ့ရဲ့ပညာနဲ့ အမှန်တရားကို တထစ်ချယုံကြည်သူဆိုတော့ ဒီနှစ်ယောက်ကြားမှာ တရားခွင်ပေါ်က အမှန် အမှား ပြတ်ပြတ်သားသားဆုံးဖြတ်လို့မရတဲ့ သိပ္ပံနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတွေအပြင် ပညာနဲ့ သိက္ခာအားပြိုင်မှု၊ အမှန် နဲ့ အမှားဆိုတာထက် ပိုရှုပ်ထွေးတဲ့ ...
movie
A Holy Conspiracy (2022)