Channel Myanmar

Karunakaran

Retro (2025) 7.9
Retro (2025) Retro (2025) "အချစ်နဲ့စစ်"၂၀၂၅ ရဲ့ ဝင်ငွေအကောင်းဆုံး တမီးလ်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်သလို Jai Bhim ရုပ်ရှင်ထဲကမင်းသား ဆူရီယာနဲ့ ဒီနှစ်ပေါက်ကားဖြစ်တဲ့ Deva ထဲက မင်းသမီး ပူဂျာတို့က ခေါင်းဆောင်ပါဝင်တဲ့ အက်ရှင်/ရိုမန့် ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ပါရီဆိုတဲ့ မိဘမဲ့ကောင်လေးဟာ ဂန်းစတားတစ်ယောက်ရဲ့ မိန်းမက သနားလို့မွေးစားခြင်းခံခဲ့ရပြီး မိခင်မေတ္တာကို အပြည့်အဝရခဲ့ပေမဲ့ မွေးစားအဖေ လူမိုက်ကြီးကတော့ ပါရီကို လက်မရွံ့လက်ပါးစေအဖြစ်သာ သဘောထားခဲ့ပါတယ်ဒီလိုနဲ့ မိခင်သေဆုံးခဲ့ပြီးနောက်မှာ အဖေဖြစ်သူအလိုကျ ရုတ်ရင်းကြမ်းတမ်းတဲ့ လူမိုက်တစ်ယောက်ဖြစ်လာခဲ့တဲ့ ပါရီဟာ တိကုဆရာဝန်မလေး ရုခ်မီနီနဲ့အတွေ့မှာတော့ ဒုစရိုက်လောကကို အပြီးပိုင်ကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်ဒီဆုံးဖြတ်ချက်ကြောင့် သူ့မွေးစားအဖေနဲ့ ပါရီတို့နှစ်ယောက် ရန်ဘက်တွေဖြစ်လာကြပြီးနောက် ဘာတွေဆက်ဖြစ်မလဲ ပရိသတ်တို့ကပဲ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 10 GB / 3.89 GB / 2 GB Quality…WEB DL 4k HEVC / 1080p / 720p Format…mkv/ mp4 Duration….2h 48m Subtitle….Myanmar ...
movie

Retro (2025)

4K HEVC
Leg Piece (2025) 7.2
Leg Piece (2025) Leg Piece (2025) တစ်ပိုင်းတစ်စမွေးတည်းက ရွှေဇွန်းကိုက် မွေးဖွားလာသူမျိုးမဟုတ်ရင် အသက်ရှင်ရပ်တည်ရေးအတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန်ရတာပါပဲ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ရုန်းကန်လှုပ်ရှားနေတဲ့ လူလေးဦးရဲ့ ဘဝကိုယ်စီကို ဖော်ပြထားပါတယ်။ဘယ်သူမဆိုရဲ့အသံကို တုပပြောဆိုနိုင်တဲ့အရည်အချင်းရှိသူတစ်ဦး။ သူက ဈေးထဲကဈေးသည်တွေကိုယ်စား သူတို့လိုချင်တဲ့အသံအတိုင်း ‌ပြောပေးပြီး ကူညီရောင်းချပေးရင်းနဲ့ ဝမ်းစာရှာဖွေရသူပေါ့။နောက်တစ်ဦးကတော့ ဘရိတ်လည်းမကောင်း ဟွန်းလည်းပျက်နေတဲ့ ဆိုင်ကယ် အစုတ်လေးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ဆံပင်လိုက်ဝယ်ရင်း အသက်မွေးဝမ်းကျောင်း နေရသူပါ။နောက်တစ်ယောက်က မွေးတည်းက ထူးခြားတဲ့စွမ်းရည်ရှိတယ်လို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ နာနာဘာဝတွေကိုမြင်နိုင်နေတာပါ။အိမ်ဟောင်း မြေဟောင်းတွေက မကျွတ်မလွတ်သေးတဲ့သူတွေကို ထွက်ခွာစေဖို့လို မကောင်းဆိုးဝါးနှင်တဲ့အလုပ်လုပ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ ကြက်တူရွေးလေးနဲ့ ဗေဒင်ဟောတာပါ။ လက္ခဏာလည်းနည်းနည်းပါးပါး ကြည့်တတ်တဲ့ ဗေဒင်လက္ခဏာပညာရှင်ပေါ့။ဒီလိုနဲ့တစ်နေ့ သူတို့လေးဦးဟာ လမ်းဆုံတစ်ခုမှာအမှတ်မထင်တွေ့ဆုံပါတယ်။ လေးယောက်တစ်ပြိုင်တည်း ပိုက်ဆံကောက်ရဝာာပါ။ညီတူမျှတူဝေခွဲရင်း စားသောက်ဆိုင်တစ်ခုမှာ ဘဝအကြောင်း စကားစမြည်ပြောဆိုရင်း ဘဝအလှည့်အပြောင်း ကြုံလာရပုံကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size…2.6 GB/ 1.1 GB Quality…WEB DL ...
movie

Leg Piece (2025)

Thandel (2025) 6.8
Thandel (2025) Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်းIMDb 6.9/10အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစား ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့ သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်း မယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့ မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာက သူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့ သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေ သူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊ မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့ ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲ ဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့......ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊ ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ ...
movie

Thandel (2025)

Soodhu Kavvum 2: Nadum Naatu Makkalum…(2024) 5.3
Soodhu Kavvum 2: Nadum Naatu Makkalum…(2024) Soodhu Kavvum 2 (2024) "မမွှေးသင့်သောမီး"အသစ်ထွက်ရှိထားတဲ့ တမီးလ်အက်ရှင်ဟာသဇာတ်လမ်းလေးကို ပရိသတ်တို့အတွက် တင်ဆက်လိုက်ရပါတယ်၁၉၈၇ ခုနှစ်မှာ ကျင့်ဝတ်စောင့်ထိန်းပြီး အများချစ်ခင်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ တမီးလ်နာဒူပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မတော်တဆ ချော်လဲသွားပါတယ်ကံဆိုးပုံကတော့ သူ့တပည့်တစ်ယောက်က ကျမ်းကျိန်တဲ့နေ့မှာ သားကလေးမွေးလို့ သူ့ကို ကလေးနာမည်ပေးခိုင်းရာမှာ ကလေးက သေးပေါက်ချမိလို့ သေးစိုနေတဲ့ကြမ်းပြင်ပေါ် နောက်ပြန်လဲကျမိကာ ကိုမာဝင်သွားခဲ့ပါတယ်နှစ်များစွာအကြာ ပါတီခေါင်းဆောင် သတိပြန်ရလာချိန်မှာတော့ ခုနက ဂြိုဟ်ကောင် ကလေးက အကျင့်ပျက်ခြစားတဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်နေပြီး သူ့ပါတီကလူတွေလည်း သူ့ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတော့တယ်တစ်ဖက်မှာလည်း ထောင်ကလွတ်လာတဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ကိုင်တတ်တဲ့ ဂုရုနဲ့ သူ့ဘော်ဒါတွေက အာဏာပါဝါရှိတဲ့လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ စီစဉ်တဲ့အခါမှာတော့ ....အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.2 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Soodhu Kavvum 2: Nadum Naatu Makkalum…(2024)

Miss You (2024) 7.4
Miss You (2024) Miss You (2024) "လွမ်း" IMDb - 7.5/10တောင်ပိုင်းမင်းသားချော ဆစ်ဒါးရဲ့ အသစ်ထွက် ဒရာမာအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဆီဘယ်ဝယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ကြုံရာရထားစီးဖို့စောင့်နေတဲ့ ဗာဆူ။ရထားစင်္ကြံက ခုံတန်းလျားမှာ တစ်ယောက်တည်းထိုင်ဘူနေတဲ့ လူတစ်ယောက်ကိုတွေ့လို့ အာသွားဖုတ်ရင်း ခင်မင်သွားခဲ့ရာကနေ သူ့ခရီးစဉ်က ဘန်ဂလောကိုရောက်သွားခဲ့။မြို့ကိုရောက်ရောက်ချင်းမှာ ဆန္ဒပြနေတဲ့ မိန်းကလေးတစ်ယောက်ကို ဖြတ်ခနဲမြင်လိုက်ရာကစလို့ လမ်းမှာခဏခဏဆုံပြီး ဗာဆူ့ရင်ထဲကို ရောက်လာခဲ့ပါတော့တယ်။ဦးတည်ရာခရီးမရှိဘဲ ဗာဆူ ဘာလို့ မြို့ကနေထွက်လာခဲ့တာလဲ။ သူ့ရင်ထဲကို တိုးဝင်လာတဲ့ မိန်းကလေးကိုရော ပိုင်ဆိုင်ခွင့်ရမှာလား။ ဒါတွေသိချင်ရင်တော့ အချစ်၊ အလွမ်း၊ အက်ရှင်ရောပြွန်းနေတဲ့ ဒီရုပ်ရှင်ကို ခံစားကြည့်ကြဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.3 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Miss You (2024)

Meiyazhagan (2024) 7.5
Meiyazhagan (2024) Meiyazhagan(2024) စစ်မှန်သောအလှပိုင်ရှင် လူသား မီယာဇ်ဟာဂန်၂၀၂၄ ထွကိ ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဆွေမျိုးတွေအကြား အမွေစားအမွေခံခွဲဝေမှုတွေကြောင့်ဘိုးဘွားပိုင်အိမ်လေးနဲ့ မွေးရပ်မြေမြို့လေးကို စိတ်နာနာနဲ့ခွဲခွာနှုတ်ဆက်ပြီး အပြီးအပိုင်ထွက်သွားခဲ့တဲ့ အာရူလ်တစ်ယောက် ...တစ်ဝမ်းကွဲညီမဖြစ်သူမှ သူ့ရဲ့မင်္ဂလာဆောင်ကို တက်ပေးဖို့ စာပို့လာတဲ့အခါမှာတော့ နှစ်ပေါင်း(၂၀) အကြာခွဲခွာခဲ့ရတဲ့ မွေးရပ်မြေဇာတိမြို့လေးကို ပြန်ရဖို့အကြောင်းဖန်လာပါတော့တယိ။ဘဝမှာထပ်မတွေ့ချင်တော့တဲ့ လူတွေရှိတဲ့ ချစ်ရတဲ့မြို့လေးကို အာရူလ်တစ်ယောက်ပြန်ရောက်အပြီး တစ်စုံတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံပြီးတဲ့နောက်မှာ သူ့ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာရတဲ့အခါ.....ကြည့်ပြီးရင် နောင်တမရစေမယ့် မိသားစု ဒရမ်မာကားကောင်းလေးတစ်ကားမလို့ ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကရေးသားပေးထားခြင်းဖြစ်ပါတယ်) File size… 3.00 GB / 1.27 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Meiyazhagan (2024)

Iru Mugan (2016) 6.3
Iru Mugan (2016) Iru Mugan (2016) မလေးရှားမစ်ရှင်IMDb 6.3/10မလေးရှားနိုင်ငံရှိ အိန္ဒိယသံရုံးကိုအမည်မသိလူတစ်ဦး တိုက်ခိုက်တာခံရပြီးနောက် အိန္ဒိယကတာဝန်ရှိသူတွေက အေးဂျင့်ဟောင်းတစ်ဦးကိုပြန်ခေါ်ပြီး တာဝန်ပေးရန်စီစဉ်ကြပါတော့တယ် ‌ အာကီလန်ဟာ လွန်ခဲ့တဲ့လေးနှစ်ကနောက်ဆုံးမစ်ရှင်မှာ သူ့မိန်းမကိုဆုံးရှုံးခဲ့ပြီးနောက်ဒီလောကကထွက်ခဲ့သူတစ်ဦးပါမငြင်းဆန်နိုင်တဲ့အဆုံးလက်ရှိမစ်ရှင်ကို မလေးရှားမှာတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတော့တယ် ရန်သူဟာအန္တရာယ်ရှိတဲ့ရှူဆေးတစ်မျိုးကို ထုတ်လုပ်နေသူဖြစ်ပြီး ထိုရန်သူကိုစုံစမ်းနေရာမှသူလိုက်နေတဲ့လူဟာ တစ်ချိန်ကသူ့ရဲ့မိန်းမကိုသတ်သွားတဲ့ ရန်သူတော်ကြီးဖြစ်နေတဲ့အခါ.....ခါးကုန်းမင်းသားကြီးဗစ်ရမ်နဲ့ မင်းသမီးချော နေရမ်သရာပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ် File size… 3.05GB / 1.5GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Iru Mugan (2016)

Double Tuckerr (2024) 8.4
Double Tuckerr (2024) Double Tuckerr (2024)"ကံဆိုးသူ အာရဗင်" ==================================လူနဲ့ animation တွဲဖက်ရိုက်ကူးထားတဲ့ IMDb 8.4 ရ တမီလ်စကားပြော စိတ်ကူးယဉ် ဟာသဒရာမာရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အာရဗင်ဟာ ငယ်စဉ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။အဲဒီမတော်တဆမှုကြောင့် အာရဗင်ဟာ မိဘမဲ့ဖြစ်သွားရုံတင်မကဘဲ မျက်နှာတခြမ်း မီးလောင်ကာ အရုပ်ဆိုးကျည်းတန်သွားခဲ့တဲ့အတွက် အားလုံးကလည်း အာရဗင့်ကို ခွဲခြားဆက်ဆံကြပါသေးတယ်။ဒါပေမဲ့ ဘယ်သူမှ မသိကြတာကတော့ အာရဗင့်မှာ သူ့ကို မွေးကတည်းက စောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်နှစ်ပါး ရှိနေတယ်ဆိုတာပါပဲ။ဒါပေမဲ့ အာရဗင့်ရဲ့ ကံဆိုးမှုတွေဟာ မရပ်တန့်သွားဘဲ အဲဒီထဲက ကိုယ်စောင့်နတ်တစ်ပါးရဲ့ အမှားကြောင့် အနိစ္စရောက်သလို စိတ်နဲ့ ခန္ဓာကွဲသွားခဲ့ရပါတယ်။အာရဗင်ဟာ အဲဒီနတ်နှစ်ပါးနဲ့အတူ အချိန်မနှောင်းခင် စိတ်နဲ့ခန္ဓာကို ပြန်ပေါင်းဖို့ကြိုးစားရင်း ထူးဆန်းတဲ့အဖြစ်တွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.14GB / 1.06GB Quality…WEB DL 1080p / 720p Format.... mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Double Tuckerr (2024)

Pizza (2012) 7.9
Pizza (2012) Pizza (2012) ဆန်းကြယ်လေစွ ပရလောက Genre – Thriller, Horror IMDB – 7.9/10ခုတလော နာမည်ကြီး လူကြိုက်များနေတဲ့ Maharaja ရဲ့ မင်းသားကြီး ဗီဂျေးစည်သူပတိတစ်ယောက် ငယ်ရွယ်နုပျိုစဉ်တုန်းက ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးကို ဗီဂျေးပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါပြီဗျာ။ ၂၀၁၉ ခုနှစ်တုန်းက ဗီဂျေးပါဝင်ထားတဲ့ Petta ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Karthik Subbaraj ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဗီဂျေးနဲ့ တွဲလုံးစထုတ်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာဆိုလည်း မမှားပါဘူး။နောက်ပိုင်းရုပ်ရှင်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှယ်ဖြုတ်ပြတဲ့ ဘဲကြီးပုံစံတွေ သရုပ်ဆောင်ထားပေမဲ့ ဒီကားလေးမှာတော့ ချစ်သူနဲ့ တူတူ ပျော်ရွှင်ကြည်နူးပြီး ပီဇာပို့နေတဲ့ လူငယ်လေးအဖြစ် လန်းဆန်းတက်ကြွစွာ သရုပ်ဆောင်ထားတာပါ။ မင်းသားက ဗီဂျေးဆိုတာနဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေက ခန့်မှန်းမရပဲ အဆုံးထိ မြုပ်ကွက်ချုပ်ကွက်တွေနဲ့ သယ်ဆောင်သွားပြီး အဆုံးကျမှ ဟာခနဲ ဟင်ခနဲ ဖြစ်မယ့် သည်းထိတ်ရင်ဖိုကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို မိုက်ကယ်ဆိုတဲ့ကောင်လေးဟာ ပီဇာဆိုင်က ဒယ်လီဝန်ထမ်းလေး ဖြစ်ပြီး ချစ်သူ ...
movie

Pizza (2012)

2012
Ayalaan (2024) 6.3
Ayalaan (2024) Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb - 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်‌ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ...သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ...
movie

Ayalaan (2024)

2024
Iruttu Araiyil Murattu Kuthu (2018) 5
Iruttu Araiyil Murattu Kuthu (2018) Iruttu Araiyil Murattu Kuthu (2018) "လာဆင်သရဲ" ========================================၂၀၁၈ က ထွက်ခဲ့တဲ့ တမီလ်စကားပြော သရဲဟာသ လူကြီးရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗီရာနဲ့ ဗာဆူဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ရည်းစားကိုယ်စီနဲ့အတူ ဘန်ကောက်မှာ အိမ်ကြီးတစ်လုံးငှားကာ အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်။အခန့်မသင့်ချင်တော့ အဲဒီအိမ်ကြီးမှာ မကောင်းတဲ့ဝိညာဉ်တွေ ကိန်းအောင်းနေပြီး အဲဒီမှာရှိတဲ့ သရဲမတစ်ကောင်က ယောက်ျားလေးနှစ်ယောက်ကို ဘာညာဘာညာဖို့ကြိုးစားလာတဲ့အခါမှာတော့...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.1GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Iruttu Araiyil Murattu Kuthu (2018)

2018
Jigarthanda (2014) 8.2
Jigarthanda (2014) Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာ‌‌တွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB  / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie

Jigarthanda (2014)

2014
Karungaapiyam (2023) 7.7
Karungaapiyam (2023) Karungaapiyam(2023) IMDb 7.7/10 တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်‌နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်း မပါမဖြစ်‌ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့ မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့ သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ …အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကို အသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။ (အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်) File size…2.13GB / 863MB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ Voldemort~ Cherry
movie

Karungaapiyam (2023)

Yaanai Mugathaan (2023) 9.5
Yaanai Mugathaan (2023) Yaanai Mugathaan (2023)IMDb-9.6/10ခါတိုင်းအရွှတ်အနောက်နေရာကပါဝင်နေကျ ဘာဘူက ဒီကားထဲမှာ တည်တည်တံ့တံ့သရုပ်ဆောင်ထားတာမို့ မတူညီတဲ့ပုံစံနဲ့ရှုစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း အဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်၀င်ယုံကြည်သူ ဖြစ်တာကြောင့် သူ့သားကို ဂန်နက်စန် ဆိုပြီး နာမည်ပေးခဲ့တယ်။ ဂန်နက်စန် လုပ်တတ်တာ နှစ်ခုရှိတယ် "သူများကို လိမ်ရင်လိမ် မဟုတ်ရင် သူ့ကိုယ်သူ ပြန်လိမ်နေတာ" တဲ့။ ဂန်နက်စန်က သုံးဘီးသမား၊အကြွေးပေးစရာရှိတဲ့ဟာကို ဟိုလူ့ဆီက ပတ် ဒီလူ့ဆီက ဝိုက်နဲ့ အကြွေးပတ်ချာဝိုင်းနေသူ။ တခုခု အဆင်မပြေတိုင်း အရှင်ဗင်နာယာဂါဆီမှာ တိုင်တည်ပြီး မြည်တွန်တောက်တီးနေတတ်တယ်။ တစ်ရက် သူကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါရုပ်ထုကို ဘုရားစင်ပေါ်မှာလည်း မမြင်ရ၊ ဘုရားကျောင်းမှာလည်း မမြင်ရ၊ပုံတော်တွေမှာလည်း မမြင်ရနဲ့ သူတစ်ယောက်ပဲ မမြင်ရတော့တဲ့ဘ၀ ရောက်သွားရော။ ဘယ်သူကမှလဲ သူပြောတာ မယုံကြဘူး။ဒီလိုနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူက အရှင်‌ဗာနာယာဂါ ဆိုပြီး ရောက်လာရာကနေစပြီး သူ့ဘ၀ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လူတယောက်ရဲ့ လူသားဆန်မှုနဲ့အကျင့်စရိုက်တွေကို ဘာသာရေးပါးပါးသုံးပြီး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။"ဘုရားရှာ ကိုယ်မှာရှိ တရားရှာ ကိုယ်မှာသိ" ဆိုတဲ့အတိုင်း ဂန်နက်စန်တယောက် သူ့မျက်စိရှေ့မှာ ပျောက်နေတဲ့ ဘုရားကိုလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးခင်ဗျ။ (အညွှန်းကို chiclon3 ...
movie

Yaanai Mugathaan (2023)

2023
Soppana Sundari (2023) 7.6
Soppana Sundari (2023) Soppana Sundari 2023 IMDb - 7.8/10တေလဂူး မင်းသမီး‌‌ချော Aishwarya Rajesh က မိသားစုအပေါ်သိတတ်တဲ့ အဂါလယာအဖြစ် အဓိကပါ၀င်ထားပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ ပဋိပက္ခတသီတသန်းနဲ့ ကြည့်ရှူရမယ့် တေလဂူးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ကြတဲ့ အဂါလယာတို့မိသားစုဟာ ကံကောင်းထောက်မစွာနဲ့ စိန်ရွှေရတနာဆိုင်ကနေကျင်းပတဲ့ ကံစမ်းမဲပွဲမှာ ကံထူးရှင်ဖြစ်သွားပါတယ်။ ကံထူးရှင်ဖြစ်လို့ နောင်ရေးအတွက်တွေးရင်း ပျော်မယ်ကြံခါမှ ပဋိပက္ခတွေတစ်ခုပြီး တစ်ခုဖြစ်ရင်း ကြာကြာမပျော်နိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ ကံထူးရှင်အစစ်က ငါပါ နင်ပါ...ဆိုပြီးတော့ မဆိုင်တဲ့သူတွေပါ ဆုတွေငမ်းငမ်းတက် လိုချင်လာကြတဲ့ချိန်မှာတော့... အဂါလယာဟာဆုကိုလက်လွှတ်ပေးလိုက်မှာလား...သူကရော ကံထူးရှင်အစစ်လားဆိုတာကို အဖြေရှာရင်း လူ့ဘောင်လူ့ဘဝမှာကြုံတွေ့ရတတ်တဲ့ ကိစ္စအဝဝကို တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…2.5GB  / 986MB Quality…1080p WEBDL / 720p pFormat…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin ~Nyein~BpL~Cherry
movie

Soppana Sundari (2023)

2023
Manmatha Leelai (2022) 6.0
Manmatha Leelai (2022) Manmatha Leela (2022)IMDb 6/10 ပညာပေးဇာတ်လမ်းသဘောမျိုးဖြစ်ပြီး Romance/Comedy/ Thriller အမျိုးအစားဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းက ဖြစ်ရပ်နှစ်ခုကိုယှဉ်ပြီးရိုက်ပြထားတာပါ ရာနဲ့ ဆာသရာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ တစ်ချိန်တည်းမှာပဲလုပ်မိကြတဲ့အမှားတွေကိုယှဉ်ပြထားပါတယ် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ဆာသရာက ဒိတ်ဒိတ်ကြဲနာမည်ကြီးသူတစ်ယောက်ပါရာကတော့သာမန်လူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာပဲ မိန်းကလေးနှစ်ယောက်နဲ့ပတ်သက်မိသွားပါတယ် ရာတို့အတွဲကလိုင်းပေါ်ကနေချစ်ကြိုက်ပြီး အပြင်မှာသွားတွေ့တဲ့အချိန်မှာ မထင်မှတ်တာတွေဖြစ်ပေါ်လာပါတော့တယ် အချဉ်ဖမ်းမယ်လို့ရည်ရွယ်ပြီး ဘယ်သူမှမရှိချိန်ကောင်မလေးအိမ်ကိုလိုက်သွားခဲ့တဲ့ ရာတစ်ယောက် ဘယ်လိုတွေကြုံတွေ့ရမလဲ တစ်ချိန်တည်းမှာပဲ ဆာသရာ့ဆီ ညဘက်မိုးရွာနေချိန်အိမ်လိပ်စာမှားပြီး အလန်းစား ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပြီးနောက် သူရောဘာတွေဆက်ဖြစ်သွားမလဲ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတဲ့အခါ သူတို့တွေဘယ်လိုကြံကြံခံသွားမလဲ ဟာသခန်းတွေကိုတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်အပိုင်းတွေပါဝင်တာကြောင့် စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်   File size…1.96GB / 950MB Quality…1080p TRUE WEB DL AAC5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honeyey & Yunni & GuuGuu
movie

Manmatha Leelai (2022)

Vivegam (2017) 6.1
Vivegam (2017) အဂျေးကူမား အရေးကြီးသဲလွန်စတစ်ခုရတာနဲ့ သေနတ်နဲ့အပစ်ခံရ လုပ်ကြံဇာတ်ခင်းခြင်းခံရနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမှာဖြစ်ပါတယ်ရင်ဆိုင်နေရတဲ့ရန်သူတွေက ဘယ်ကလဲ ဒီကိစ္စတွေရဲ့လက်မည်းကြီးကဘယ်သူလဲ ဆက်လက်ကြည့်ရှုသွားရမှာဖြစ်ပါတယ်Storylineကတော့ ပုံမှန်ထက်မပိုတဲ့ဇာတ်လို့ပဲ ပြောရမှာပါPlot twistကလည်းသိပ်မထူးဆန်းပါဘူးအိန္ဒိယကားတွေအကြည့်များသူတွေအတွက်ကတော့ ခန့်မှန်းနိုင်မှာပါတမီးလ်ကားဖြစ်တာနဲ့အညီ အက်ရှင်ခန်းတွေကတော့ မင်းသားအသားပေးဖြစ်ပါတယ်သေမင်းကလာခေါ်ချင်တောင် လက်ဖက်ရည်တိုက်ပြီး လိုက်ခဲ့ပါကွာ ပြောရမယ့်အထိကို မင်းသားက ကြမ်းတာပါအေးဂျင့်တွေပြေးလိုက်လွှားလိုက်နဲ့ဖိုက်နေရတဲ့ကြားကမှာ ဇနီးတစ်ယောက်ရဲ့ခင်ပွန်းအပေါ်ဘယ်လိုချစ်လဲဆိုတာလေးတော့ တော်ကီအကောင်းစားတွေနဲ့ရိုထားတာကတော့ သဘောခွေ့စရာလေးပါဘာပဲပြောပြော ကြည့်ပျော်ပြီး စိတ်ချမ်းသာရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့......QTY - 720p HDripDuration - 2hr 04minGern - Action/ ThrillerTranslator - Soe Bo BoEncoder - Kyaw Ye Aung
movie

Vivegam (2017)

2017