Channel Myanmar

Karl Aquino

[18+] Silip (2024)
[18+] Silip (2024)  Silip (2024)ဂျိုဝယ်ဟာ လမ်းဘေးစားသောက်ဆိုင်လေးတစ်ခုမှာအလုပ်လုပ်ရင်ကျောင်းတက်ဖို့ငွေစုနေတဲ့ကောင်လေးတစ်ယောက်ပါ။သူနဲ့အတူတူတွဲအလုပ်လုပ်တဲ့ ကန်ဒီဆိုတဲ့ကောင်မလေးက သူ့ကိုကြိတ်ကြွေနေပေမယ့် နည်းနည်းမှစိတ်မဝင်စားပဲ တကယ်တမ်း သူမှန်းနေတဲ့သူကတော့သူတို့မျက်နှာချင်းဆိုင်တိုက်မှာနေတဲ့ ကြေးကြီးဇိမ်မယ်လေးတစ်ယောက်ဖြစ်တဲ့ ရိုစ့် ဖြစ်ပါတယ်။တစ်ခါမှအတွေ့အကြုံမရှိတဲ့ မနူးမနပ်ကလေးဟာ ဂျိုဝယ်ဟာ သူ့အနေအထားနဲ့ မှန်းလို့မရတဲ့ ဇိမ်မယ်လေးကိုဒီဘ၀ကနေ ဆွဲထုတ်ကယ်တင်ရှင်ကြီးလုပ်ဖို့စိတ်ကူးတွေပေါ်ပေါက်လာချိန်မှာတော့ စပြီး ဇယားတွေရှုပ်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(870 MB) / (440 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:03:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

[18+] Silip (2024)

2024
[18+] Krista (2024)
[18+] Krista (2024)  [18+] Krista (2024)Makoy နဲ့ Krista တို့ဟာ ကြက်ပွဲလောင်းကစားကို အကြီးအကျယ်လုပ်ဆောင်နေတဲ့ ဆမ်မျူရယ်ဆိုတဲ့လူတစ်ယောက်ဆီမှာ လက်တိုလက်တောင်းအလုပ်လုပ်ကြတာပါ။Krista ကလက်ရှိဘ၀မှာရောင့်ရဲနိုင်ပေမယ့် Makoy ကတော့ ဒီအနေအထားကနေ လွတ်မြောက်ဖို့အမြဲမျှော်လင့်နေပါတယ်။အဲ့ဒီလိုမျှော်လင့်လို့ပဲ ရှိသမျှငွေစကြေးစတွေကို ကြက်တိုက်တဲ့နေရာမှာလောင်းရင်း လုံးခြာလိုက်နေတာပါ။တစ်နေ့တော့ သူတို့ဘယ်လိုမှပြန်ပေးဆပ်ဖို့မဖြစ်နိုင်တဲ့ ပမာဏတစ်ခုအကြွေးတင်သွားခဲ့တဲ့အတွက် ဆမ်မျူရယ့်ဆီက တိုက်ကြက်ကိုခိုးယူမိခဲ့ပါတယ်။အဲ့ဒီမှာလူမိခံလိုက်ရရာကနေ ဆမ်မျူရယ်က အကြွေးအဖြစ် ချစ်ဇနီးလေး ခရစ်စတာကိုခြေတော်တင်ဖို့ကြံစည်လာပါတော့တယ်။Krista အဖြစ် Pantaxa Laiya ပြိုင်ပွဲဝင်ဟောင်းလေး Cess Garcia ကခေါင်းဆောင်ပါဝင်ထားပြီးသူ့သူငယ်ချင်း ကြက်ဝိုင်းမှာဘေးထိုးတဲ့ ဇိမ်မယ်လေး မီကေးအဖြစ် အရင်ကားတွေမှာမထင်မရှားနေရာကပါခဲ့ရတဲ့ မင်းသမီးသစ်လေး Zsara Laxamana ကိုပွဲထုတ်ပေးထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.3 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….00:58:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

[18+] Krista (2024)

2024
[18+] Kaskasero (2024) 5.0
[18+] Kaskasero (2024) မစ်ဂ်ဟာဖခင်ရဲ့ဝပ်ရှော့မှာအကူလုပ်အားပေးနေတဲ့ မက္ကင်းနစ်ပေါက်စလေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူတိုဆီမှာကားလာပြင်တဲ့ ကပ်စတမ်မာ မိန်းမလှလေးတစ်ယောက်ကတစ်ဆင့် တရားမဝင် ကားမောင်းပြိုင်တဲ့လောကထဲရောက်သွားခဲ့ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူကတော့ အတိတ်ဖြစ်ရပ်ဆိုးတွေကြောင့် ဒီလောက ကိုစိတ်နာနေတဲ့သူဖြစ်ပြီး မစ်ဂ်ကိုလည်း ဒါတွေနဲ့မပတ်သက်ဖိုတင်းတင်းကျပ်ကျပ်တားမြစ်ထားပြီးသားပါ။ တရားမဝင်မြေအောက်လောကဖြစ်တဲ့အတိုင်း ကြေးကြီးတဲ့လောင်းကြေးတွေ၊ မူးယစ်ဆေးဝါးတွေ ဂန်းစတားတွေနဲ့ မိန်းမလှလေးတွေ၊ ပြိုင်ကားလှလှတွေကြားက ဇာတ်ရှုပ်ပေါင်းစုံကိုရှုစားကြရမှာဖြစ်ပါတယ်။ ဝါရင့်မင်းသမီးနှစ်လက်ဖြစ်တဲ့ Christine Bermas နဲ့ Angela Morena တိုဦးဆောင်ထားပြီးတစ်ခြားသော Vivamax မင်းသမီးပေါင်းစုံကိုလည်း နေရာပေါင်းစုံပါဝင်အားဖြည့်ထားတာတွေ့မြင်ရမှာပါ။File size_(2.3GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:00:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌‌alias
movie

[18+] Kaskasero (2024)

[18+] Sitio Diablo (2022) 5.4
[18+] Sitio Diablo (2022) Sitio Diablo (2022)မနီလာမြို့ရဲ့ ဆင်းရဲသားရပ်ကွက်တွေဟာ မကောင်းမှုဒုစရိုက်တွေ လူဆိုးဂိုဏ်းတွေ ကြီးစိုးပြီး ကျင်လည်ကျက်စားတဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဆီတိုဒယာဘလိုစ် ဆိုတဲ့ပင်မဂိုဏ်းကြီးကနေခွဲထွက်ပြီး အလူစထရာဒိုဆိုတဲ့ ဂိုဏ်းသစ်ကို ထူထောင်နေကြတဲ့ လူငယ်တစ်စုရှိပါတယ်။ အဲဒီဂိုဏ်းကို ဦးစီးနေတဲ့သူတွေကတော့ ဘူးလက်နဲ့အိုင်နာတို့စုံတွဲဖြစ်ပြီး အိုင်နာကတော့ မူလ ဆီတိုဒယာဘလိုစ်အုပ်စုရဲ့မျိုးဆက်သမီးငယ်ပါ။ခေတ်ကာလအားဖြင့်တော့ သူတို့မြို့တော်ရဲ့အာဏာအကူးအပြောင်း စပ်ကူးမတ်ကူးကာလဖြစ်ပြီး ရွေးကောက်ပွဲဝင်အမတ်လောင်းအသစ်က သူတို့ဂန်းစတားနယ်မြေတွေကို မက်လုံးပေးမဲဆွယ်နေပါတယ်။ အဲဒီအချိန်မှာပဲ ဆီတိုဒယာဘလိုစ်ရဲ့ဆက်ခံသူ၊ အိုင်နာရဲ့အစ်ကို တိုးနစ်စ်ဟာ ရဲတစ်ယောက်ရဲ့ညှိနှိုင်းမှုနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ နဂိုကတည်းက မငြိမ်းချမ်းတဲ့ နယ်မြေခွဲဝေမှုတွေ၊ အချင်းချင်းခွက်စောင်းခုတ်မှုတွေ ကွက်ကျော်ရိုက်မှုတွေနဲ့ သူတို့လောကထဲ တိုးနစ်စ်ပြန်ရောက်လာမှုဟာ နိမိတ်ဆိုးတစ်ခုဖြစ်ပြီး ပိုမိုမုန်တိုင်းထန်လာတော့မယ့် သဘောပါပဲ။မြင်နေကျကားတွေကနေ ခွဲထွက်ပြီး တစ်မူထူးခြားနေတဲ့ 18 အပေါင်း ဂန်းစတားနောက်ခံဇာတ်ကားသစ်ဖြစ်ပါတယ်။ ဖန်သားပြင်ထက်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ AJ Raval, အဲဒီတုန်းက တက်သစ်စလေးတွေဖြစ်တဲ့ Kiko Estrada, Benz Sangalang တို့နဲ့အတူ အခုချိန်မှာထိပ်တန်းဖြစ်နေပြီဖြစ်တဲ့ ...
movie

[18+] Sitio Diablo (2022)

2022
[18+] Home Service (2023)
[18+] Home Service (2023) Home Service (2023)ဟက်ပီးဆိုတဲ့ကောင်မလေးက နေ့ခင်းပိုင်းမှာ သူနာပြုကျောင်းတက်ပြီး ညဘက်မှာတော့ ပညာသင်စရိတ်အတွက် အနှိပ်ပညာရှင်အဖြစ် ဝင်ငွေရှာပါတယ်။ အနှိပ်ဆိုပေမဲ့ ဖောက်သည်ရဲ့တောင်းဆိုချက်အတိုင်း လိုအပ်ရင် Happy Ending အထိ သွားတဲ့ဝန်ဆောင်မှုပုံစံပါ။တစ်နေ့တော့ ကားတံခါးမှာ ပုဝါချိတ်ထားတဲ့အချက်ပြနည်းနဲ့ လူခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ ချိတ်ဆက်မိရင်း သူ့အတွက် ဝင်ငွေပိုရနိုင်စရာနည်းလမ်းကို ရှာတွေ့သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးနဲ့ သူ့လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ ဓာတ်ပုံဆရာတို့ဟာ ကျောင်းသူလေးတွေကို ညစ်ညမ်းတဲ့ပုံစံအမျိုးမျိုးနဲ့ ကိုယ်ဟန်ပြခိုင်းပြီး ငွေဖြုန်းနိုင်တဲ့ဖောက်သည်တွေဆီကိုပြန်ရောင်းစားနေကြတာပါ။ ဟက်ပီးတစ်ယောက် သူတို့နဲ့ချိတ်ဆက်မိပြီးမကြာခင်မှာပဲ ရဲတစ်ယောက်က သူတို့အုပ်စုကိုခြေရာခံမိသွားပြီး ဇာတ်လမ်းတွေပိုရှုပ်ဖို့ဖြစ်လာပါတော့မယ်။ ဒါပေမဲ့လည်း အဲဒီရဲကိုယ်တိုင်ကပါ သူတို့ရဲ့ဗီဒီယိုဖိုင် ဓာတ်ပုံတွေနဲ့ ပြသခြိမ်းခြောက်ပြီး အကျပ်ကိုင်အနိုင်ကျင့်လာချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.05GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 54Min Genre - Drama Subtitle - Myanmar ...
movie

[18+] Home Service (2023)

2023
[18+] Star Dancer (2023)
[18+] Star Dancer (2023) Star Dancer (2023)အိုဒတ်ဆာဟာ မနီလာမှာရှိတဲ့ ဘဲလေးကျောင်းတစ်ကျောင်းမှာ ပညာသင်ဆုရခဲ့ပေမယ့်လည်း ကံဆိုးစွာပဲ ခြေထောက်မှာဒဏ်ရာရခဲ့ပြီး အနားယူရာကနေ ဘယ်တော့မှ ဘဲလေးပြန်မကနိုင်တော့ဘူးဆိုတာသိရပြီး ကျောင်းထွက်ခဲ့ရပါတယ်။ အဆောင်အတူနေ သူငယ်ချင်းကောင်မလေးတွေက သူတို့အလုပ်လုပ်တဲ့ကလပ်မှာ Dancer အဖြစ်လျှောက်ဖို့ပြောလို့ လိုက်သွားခဲ့မိရာကနေ ကလပ်ပိုင်ရှင်ရဲ့သား ပရင်စ့်ဆိုသူက မျက်စိကျပြီး မြှောက်စားတဲ့နောက် သူဟာ Lakeside ဆိုတဲ့ကလပ်မှာ Star Dancer တစ်ယောက်ဖြစ်လာပါတော့တယ်။မပြေလည်တဲ့ မိသားစုကိုထောက်ပံ့နေရတဲ့ သူ့အတွက် ကလပ်ကရတဲ့ ညကြေးတွေနဲ့တင် မလုံလောက်တဲ့အခါ အခန်းဝင်ဖို့ တစ်ဆင့်တက်ဖို့ ကမ်းလှမ်းတာတွေကြုံရတဲ့ကြားက ပရင်စ့်ရဲ့မျက်နှာကိုထောက်ပြီးသူထိန်းချုပ်ထားခဲ့ပေမယ့်လည်း တစ်ချိန်တုန်းက ကလပ်ရဲ့ Star Dancer ဟောင်း ဂျီဆဲလ်ဆိုတဲ့ မိန်းမလှလေးပြန်ရောက်လာတဲ့အချိန်မှာတော့ အခြေအနေတွေတစ်မျိုးတစ်ဖုံပြောင်းလဲလာပါတော့တယ်။ဘာကြောင့်လဲဆိုတော့ ဂျီဆဲလ်ဟာ ကချေသည်ဟောင်းတစ်ယောက်ဖြစ်ရုံမက သူ့လက်ရှိချစ်သူ ပရင်စ့်ရဲ့ရည်းစားဟောင်းတစ်ယောက်လည်းဖြစ်နေလို့ပါပဲ။ရင်းနှီးပြီးသားဖြစ်လောက်မယ့် မင်းသမီးချောလေး Denise Esteban နဲ့ ပြီးခဲ့တဲ့ Stalkers Series မှာ Apple အဖြစ်၊ Pantaxa ...
movie

[18+] Star Dancer (2023)

2023
[18+] An Affair to Forget (2022)
[18+] An Affair to Forget (2022) An Affair to Forget (2022)ရိုဝမ်နာရာမိုစ်ဟာ ဂုဏ်သတင်းကြီးနိုင်ငံကျော် အိမ်ထောင်ရေးရှေ့နေတစ်ဦးဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာရော လူမှုရေးအသိုင်းအဝိုင်းမှာပါ ရိုသေလေးစားခံရပေမယ့် သူ့အိမ်တွင်းမှာတော့ ခင်ပွန်းသည်ကခပ်ခွာခွာဆက်ဆံသလို တစ်ဦးတည်းသောသားဖြစ်သူ ချားစ်ကလဲ ခပ်တန်းတန်း ဖြစ်နေပါတယ်။ ဒီထက်ပိုဆိုးတာက သူ့ခင်ပွန်းသည်ပန်းချီဆရာဟာ လတ်တလော စတူဒီယိုထဲမှာပဲနေထိုင်ရင်း ပန်းချီပြပွဲတစ်ခုအတွက် အသည်းအသန်ကြိုးစားနေတာဖြစ်ပြီး အဲ့ဒီပန်းချီပြပွဲရဲ့အဓိကအကြောင်းအရာကလဲ ကိုယ်လုံးတီးအမျိုးသမီးတွေဖြစ်တဲ့အတွက် ကိုယ်ဟန်ပြမယ် ငယ်ငယ်လှလှလေးတွေနဲ့နှစ်ဦးတည်းလွှတ်ထားရတဲ့အခြေအနေပါ။အသက်အရွယ်နဲ့မလိုက်အောင်လှပအရွယ်တင်တဲ့အတွက်ပတ်ဝန်းကျင်ကအံ့သြချီးကျူးကြပေမယ့် ခင်ပွန်းသည်ရဲ့ လျစ်လျူရှုမှုတွေအောက်မှာ အကြိမ်ကြိမ်ရှုံးနိမ်ခဲ့ရာကနေ စိတ္တဇဖြစ်လာခဲ့တဲ့ ရာမိုစ်ဟာ သူရဲ့အမှုသည်တစ်ယောက်ကတစ်ဆင့် သိခဲ့ရတဲ့ ကြေးကြီးဇိမ်မယ်တစ်ယောက်ကို စိတ်ဝင်စားမိခဲ့ပြီးတဲ့နောက် ဘယ်သူမှမတွေးမိလောက်တဲ့အကြံအစည်ကြီးတစ်ခုကိုစိတ်ကူးရသွားပါတော့တယ်။ အဲ့ဒါကတော့ အဲ့ဒီကြေးကြီးဇိမ်မယ်လေးကို သူကိုယ်တိုင်ငှားပြီး သူ့ယောက်ျား တကယ်ဖောက်ပြန်နေတာဟုတ်မဟုတ်ကိုသိရအောင် မြူဆွယ်ဖြားယောင်းခိုင်းဖို့ပါပဲ။တကယ်တမ်း အဲ့ဒီမိန်းကလေးစိတ်ဝင်စားနေတဲ့သူဟာ သူ့ခင်ပွန်းမဟုတ်ပဲ သူ့ကိုဖြစ်နေခဲ့ပြီး သူ့အတွက် ခင်ပွန်းသည်နဲ့သားတို့ကို အန္တရာယ်ပေးဖို့အထိကြံစည်လာချိန်မှာတော့...။ဇာတ်လမ်းတည်ဆောက်ပုံအရ 2009 ခုနှစ်ကထွက်ခဲ့ပြီး Commercial success ဖြစ်ခဲ့တဲ့ Liam Neeson, Julianne Moore နဲ့ Amanda Seyfried ...
movie

[18+] An Affair to Forget (2022)

2022