Channel Myanmar

Karel Dobrý

Nosferatu (2024) 7.6
Nosferatu (2024)  Nosferatu (2024)IMDb Rating (7.6) / Rotten Tomatoes (84%) ဒီရုပ်ရှင်ကတော့ ၁၉၂၂ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ဓဝင်ဂျာမန်ဟော်ရာရုပ်ရှင်ကြီးကို ပြန်လည်ဖန်တီးထားတာပါ။ မူရင်းရုပ်ရှင်ကိုတော့ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်နိုင်ငံမှာဆို ၁၉၇၂ အထိ ပိတ်ပင်ခံခဲ့ရတာပါ။ဒါ့အပြင် မူရင်းရုပ်ရှင်ဟာ ဘရမ်စတုတ်ရဲ့ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကို မူပိုင်ခွင့်မတောင်းဘဲ မှီငြမ်းရိုက်ကူးခဲ့လို့ ဘရမ်စတုတ်ရဲ့ အမျိုးသမီးက တရားစွဲတာ ခံခဲ့ရပါတယ်။လျော်ကြေးမပေးနိုင်လို့ ပရိုဂျူဆာတွေက ဒေဝါလီခံသွားပြီး ရုပ်ရှင်ရဲ့ ဖလင်နဲ့ မိတ္တူအားလုံးကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ဒါပေမဲ့ မိတ္တူအချို့ ဖျက်ဆီးခံရတဲ့ဘေးကနေ လွတ်မြောက်သွားတာမို့ လိုင်းပေါ်မှာ ရှိနေပြီး ချန်နယ်မြန်မာမှာလည်း တင်ပေးထားမှာပါ။အခု ၂၀၂၄ ဗားရှင်းကတော့ မူပိုင်ခွင့်ယူထားတယ်လို့ မကြေညာထားပေမဲ့ သီးသန့် သဘောတူညီချက်ရှိရင်ရှိမှာပါ။နောက်ပြီးတော့ ဒရက်ကူလာဝတ္ထုဟာလည်း ထုတ်ဝေပြီး နှစ် ၅၀ အကြာမှာ အများသုံးမူပိုင်ခွင့်စာရင်းထဲ ပါဝင်လာပြီမို့ တရားတော့အစွဲမခံရလောက်ဘူးထင်ပါတယ်။အခုရုပ်ရှင်ဟာ The Lighthouse ...
movie

Nosferatu (2024)

2024
4K HEVC
Brothers (2023) Bratri 6.7
Brothers (2023) Bratri Brothers (2023)IMDb Rating (6.7) ဒီဇာတ်လမ်းလေးက 1950s အစောပိုင်းကာလမှာ Czechoslovakia က ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့Mašín ညီအစ်ကိုတွေဖြစ်တဲ့ Josef နဲ့ Ctirad ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး Mašín ညီအစ်ကိုနှစ်ယောက်က အနောက်တိုင်းတပ်ဖွဲက လွတ်လပ်ရေးရအောင် လုပ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ လက်နက်ကိုင်လုယက်မှုတွေ၊ ရဲတွေကို သတ်ပြီး တော်လှန်ခဲ့တယ်။1953 မှာ Mašín ညီအစ်ကိုနဲ့ သူတိုသူငယ်ချင်းသုံးယောက်  Berlin မြို အနောက်ပိုင်းကို ထွက်ပြေးဖို ကြိုးစားခဲ့ပြီး အဲဒီခရီးကြမ်းက အမှုထမ်း 20,000 ကျော် ပါဝင်ခဲ့တဲ့ဂျာမဏီအရှေ့ပိုင်းရဲ့ အကြီးမားဆုံး စစ်တပ်နဲ့ရဲတွေရဲ့ ဝရမ်းပြေးဖမ်းဆီးမှုကြီးတစ်ခုအဖြစ် သမိုင်းတွင်ခဲ့တာပဲ ဖြစ်ပါတယ်။Czech သမိုင်းကြောင်းမှာ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေ ဒါမှမဟုတ် ရာဇဝတ်သားတွေဆိုပြီး အမြင်ကွဲလွဲမှုတွေခံရတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ​တော်လှန်ရေးခရီးကိုဒီဇာတ်လမ်းမှာ စိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo ...
movie

Brothers (2023) Bratri

2023
Restore Point (2023) 6.7
Restore Point (2023) Restore Point (2023)~ IMDb - 6.7/10, RT - 95%, Meta - 74% ~ဒီကားကတော့ ခေတ်လွန်သိပ္ပံကားတွေကို မှုခင်းဒရာမာနဲ့ရောစပ်ပြီး ကြည့်ရတာကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ချက်ဇ်စကားပြောဇာတ်လမ်းဖြစ်ပြီး ဆန်ခါတင်ဆု နှစ်ဆုလည်း၀င်ထားပါတယ်။ဇာတ်လမ်းကို ဥရောပအလယ်ပိုင်းမှာအခြေပြုထားပါတယ်။ 2041 ခုနှစ်မှာ လူတွေ သမားရိုးကျမဟုတ်ဘဲသေရင် အသက်ပြန်သွင်းလို့ရတဲ့ ဥပဒေရှိပါတယ်။ အသက်ပြန်သွင်းဖို့အတွက် ၄၈နာရီတစ်ခါ အသက်ပြန်သွင်းပွိုင့်ကို အရံဒေတာကူးပေးရပါတယ်။အမ်တိုခီနိုဝါစကာက စုံထောက်တစ်ယောက်ဖြစ်ပြီး "ဘ၀ရဲ့မြစ်" လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းနောက်ကိုလိုက်နေတာပါ။ တစ်နေ့တော့ လင်မယားနှစ်ယောက်အသတ်ခံရမှုကိုလိုက်ရင်း ယောက်ျားဖြစ်သူက အသက်သွင်းဌာနရဲ့သုတေသနခေါင်း‌ဆောင်ဖြစ်ပြီး အရံဒေတာကလည်း ဖျက်ခံထားရတဲ့အတွက် အသက်ပြန်သွင်းလို့မရပါဘူး။ အဲဒါအပြင် ဆာဗာတစ်ခုလုံး ဗိုင်းရပ်စ်၀င်တော့ အရံဒေတာတွေ ကျပန်းဖျက်ခံရပြီး လူတွေတကယ်သေလာတဲ့အခါမှာတော့ အမ်တစ်ယောက် တရားခံကိုအပူတပြင်းရှာရပါတော့တယ်။ တရားခံက အမ်လိုက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကလား... သုတေသနခေါင်း‌ဆောင်သေဆုံးတဲ့ကိစ္စကရော ဘယ်သူ့လက်ချက်လဲ... ဆိုတာတွေကို အဖြေရှာရင်း စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

Restore Point (2023)

2023