Channel Myanmar

Kang Ning

Lost Destiny ( 2024 ) 5.8
Lost Destiny ( 2024 ) ရှေးယခင်တုန်းက မကောင်းဆိုးဝါးမိစ္ဆာတွေကိုထိန်းချုပ်ဖို့ရန်အတွက် နဂါးမျိုးနွယ်ဇာမဏီမျိုးနွယ်အပြင်ထူးဆန်းစွာနဲ့ အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တို့တွေက အသက်နဲ့ပေးဆပ်ပြီးထိန်းချုပ်ထားကြလို့ လူ့ပြည်မှာ သာယာအေးချမ်းမှုတွေရရှိခဲ့ကြတယ်။ဒါပေမဲ့ မြေခွေးမျိုးနွယ် အမြှီးခြောက်ချောင်းနဲ့ အမြှီးကိုးချောင်းဆိုပြီး မျိုးနွယ်နှစ်ခုကွဲခဲ့တယ်။ အမြှီးကိုးချောင်းကတော့ နတ်အဖြစ်ကျင့်ကြံတဲ့လမ်းစဉ်ကို ကျင့်သုံးပြီး အမြှီးခြောက်ချောင်းကတော့မိစ္ဆာလမ်းစဉ်ကိုကျင့်ကြံကြတယ်။ဒီလိုနဲ့ တစ်နေ့မှာဒီမျိုးနွယ်နှစ်ခုပဋိပက္ခတွေဖြစ်ခဲ့ပြီး အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တွေပျက်သုဉ်းသွားတဲ့အချိန် လူ့ပြည်မှာ မကောင်းဆိုးဝါးတွေ တဖန်ပြန်လည်ခြယ်လှယ်ခဲ့ပါတော့တယ်။ အဲ့အချိန်မှာပဲ အမြှီးကိုးချောင်းမျိုးနွယ်ဝင်စူးရှန်ကလည်းဒီပဋိပက္ခကြားမှာပါခဲ့ပြီး ဒဏ်ရာရတဲ့အချိန်မှာလူ့ပြည်ကစာပေသမားတစ်ယောက် ကျန်းရှန်းရဲ့ ကယ်ဆယ်မှုကြောင့် အသက်ရှင်ခဲ့တယ်။အချိန်အတော်ကြာတော့စူးရှန်က မြေခွေးကနေလူအသွင်ပြောင်းပြီး နှစ်ဦးသား နှလုံးသားချင်းနီးစပ်ခဲ့ပြီး လက်ထပ်ခဲ့ကြတာပေါ့။ ဒါပေမဲ့တနေ့မှာတော့ သူဘေးတွေ့နေတဲ့အချိန် ကျန်းရှန်းဟာ သူ့အသက်ကိုစတေးပြီးဒီစူးရှန်မြေခွေးလေးကို ရှင်သန်အောင်ပေးဆပ်ခဲ့တယ်။ဒါကို စူးရှန်က ဒီကျေးဇူးနဲ့ခံစားချက်ကိုသိမ်းထားပြီး ကျန်းရှန်းလူသားအဖြစ် ပြန်လည်မွေးဖွားလာမယ့်အချိန်ကို နှစ်ငါးရာတိတိ စောင့်ဆိုင်းရှာဖွေခဲ့တယ်။နှစ်ငါးရာကြာပြီးနောက်မှာကျန်းရှန်းကအင်မတန်မှထူးချွန်တဲ့ ဖူအိမ်တော်ရဲ့ ဖူစုန့်လင်အဖြစ်မွေးဖွားလာခဲ့တယ်။ဖူစုန့်လင်ကတော့ တိုင်းပြည်မင်းမှုထမ်းစာမေးပွဲတွေမှာ အဆင့်တစ်နဲ့အောင်လေ့ရှိပြီး ကျိကျိုးမှာပညာသင်ကြားဖို့အတွက် မိဘအိမ်ဆီပြန်လာခဲ့တဲ့နေ့မှာတင် စူးရှန်ကလည်း သူ့ကိုမှတ်မိနေမလားစိတ်နဲ့ ဖူစုန့်လင်နားချဉ်းကပ်ဖို့ရန်ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့နည်းမျိုးစုံကြိုးပမ်းမှုအောက်မှာ ဖူစုန့်လင်စိတ်ယိုင်ခဲ့သွားတဲ့အချိန်မှာတင် စူးရှန်ကအမြှီးကိုးချောင်းမြေခွေးမှန်းသိလိုက်ရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်နေကြမလဲ။ ဖူစုန့်လင်မွေးဖွားလာတဲ့အချိန်က လောကကြီးမတည်ငြိမ်ဖြစ်နေတဲ့အချိန် လူနဲ့မကောင်းဆိုးဝါးကြား ဒွန်တွဲမှုတွေဖြစ်လာတဲ့အခါ ဘာကိုရွေးချယ်သွားမလဲ။ စူးရှန်ကကော သူ့ကိုအသက်နဲ့လဲပြီးပေးဆပ်ခဲ့တဲ့ချစ်ရတဲ့လူကို ဘယ်လိုကျေးဇူးပြန်ဆပ်မလဲဆိုတာတွေတော့ ဒီဇာတ်ကားလေးထဲမှာတဝကြီးဆက်လက်ကြည့်ရူရအောင် Filesize : 1.35 GB / 759 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ...
movie

Lost Destiny ( 2024 )