Channel Myanmar

Kally Khourshid

Lost in Tomorrow (2024) 5.0
Lost in Tomorrow (2024)  Lost in Tomorrow (2024)ဟာပါလို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်ကလေးမလေးတစ်ယောက်ဟာ ဆယ်ကျော်သက်ဆိုတဲ့အတိုင်း အရမ်းကလန်ကဆန်လုပ်ပါတယ်။ကျောင်းမှာလည်း မိန်းကလေးမတန်ရန်တွေဖြစ် ကိုယ်ထိလက်ရောက်ပါ ပြန်တုံ့ပြန်တတ်ပါတယ်။ ဒါကို မိဘတွေကလည်း ခဏခဏဆုံးမနေရတော့ စိတ်ညစ်လာကြပါတယ်။ဟာပါလည်း စိတ်ညစ်ရိုးရိုး ကိုယ်သာတခြားလူဖြစ်သွားရင်ကောင်းသားဆိုတဲ့အတွေးမျိုးတွေးပြီး စိတ်ဆိုးဆိုးနဲ့အိပ်ယာဝင်သွားခဲ့ပါတယ်။နောက်တစ်နေ့မနက်နိုးလာတဲ့အချိန်မှာတော့ ဟာပါဟာ သူ့ရဲ့ဆယ်ကျော်သက်ခန္ဓာမှာမဟုတ်တော့ဘဲ ထူးဆန်းတဲ့လူတစ်ယောက်ကိုယ်ထဲကိုရောက်သွားပါတယ်။သူများရဲ့ကုတင် သူများရဲ့အိပ်ယာပေါ်မှာနိုးလာခဲ့တဲ့ဟာပါဟာ ကြောက်လန့်တကြားဖြစ်ပြီး သူ့မိဘရှိရာအိမ်ကို အသည်းအသန်ပြန်သွားခဲ့ပါတယ်။ဖြစ်ချင်တော့ ဟာပါတို့နေခဲ့တဲ့အိမ်မှာသူ့မိဘတွေရှိမနေပါဘူး ဒီလိုနဲ့ ဟာပါဟာ စိတ်ပျက်ပျက်နဲ့ အိပ်လိုက်ပါတယ်။ထပ်နိုးလာပြန်တဲ့အချိန်မှာလည်းပဲ ဟာပါဟာ နောက်လူတစ်ယောက်ကိုယ်ထဲထပ်ရောက်သွားတာပါ။ဒီလိုနဲ့ တစ်ရက်အိပ်တစ်ကိုယ်ရောက်နေတဲ့ ဟာပါဟာ ကြာလာတော့ စိတ်မသာညည်းတွားပြီး သူ့ရဲ့အရင်ဘဝကိုပါမေ့တော့မလိုဖြစ်ပါတယ်။အဲဒီအချိန်ကျမှ နောင်တဆိုတဲ့သဘောသဘာဝကို သင်ခန်းစာရစပြုလာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (580 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Fantasy Duration….01:23:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark
movie

Lost in Tomorrow (2024)

2024