Channel Myanmar

Kalaiyarasan

Madraskaaran (2025) 4.8
Madraskaaran (2025) Madraskaaran (2025) "အိပ်မက်များ"အသစ်စက်စက် တမီးလ်အက်ရှင်ဇာတ်ကြမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်သရုပ်ဆောင်တွေအနေနဲ့ Shane Nigam နဲ့ Niharika Konidela တို့က အဓိကပါဝင်ထားပြီး ဇာတ်လမ်းအကျဉ်းကိုပြောရရင် နယ်မြို့လေးတစ်မြို့က ဆတ်တယာဟာ ချန်နိုင်းမြို့သူလေး မီရာ့ကိုမှ တန်းတန်းစွဲချစ်သွားခဲ့ပြီး သူတို့နယ်လေးမှာ အမျိုးတွေအများကြီးနဲ့ ခြိမ့်ခြိမ့်သဲမင်္ဂလာဆောင်ကျင်းပဖို့ စီစဉ်နေကြတာပါဒါပေမဲ့ ကံဆိုးချင်တော့ သတိမမူမိတဲ့ အမှုမဲ့အမှတ်မဲ့ ကိစ္စလေးတစ်ခုကြောင့် ပြဿနာတွေ မီးခိုးကြွက်လျှောက်လိုက်လာပြီးနှစ်ကိုယ်တူမက်ခဲ့တဲ့ အတူပေါင်းဖက်ရဖို့ အိမ်မက်တွေနဲ့ တစ်စစီဝေးကွာသွားမလား ပြန်လည်ပြုပြင်ဖို့ ကြိုးစားလို့ရနိုင်ဦးမှာလား ဆက်လက်ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2 GB/ 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Madraskaaran (2025)

Devara: Part 1 (2024) 6.4
Devara: Part 1 (2024) Devara: Part 1 (2024) "ဒေဗာရာ" IMDb - 6.4/10ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့ တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊ ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကို လက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။ သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။ ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။ ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 3.4 GB / 1.8 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Devara: Part 1 (2024)

Kabali ( 2016 ) 6.4
Kabali ( 2016 ) ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. IMDb ကတော့  6.4 ပဲဖြစ်ပါတယ်သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦးဖြစ်သလို ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်.. သူဟာ လူအများကြီး ရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ် သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာ အကုန်လုံးသေဆုံးခဲ့တယ်..လူမသေပေမယ့် ဘဝသေသွားတဲ့ ကာဘာလီ.. ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာ သူချစ်ရတဲ့မိသားစု..အတွက်.. သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကို ပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်.. ဒီလိုနဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့...............Genre..... Action, Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 2.81GB | 1.5GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Encoder ..... Aaron
movie

Kabali ( 2016 )

2016
Vaazhai (2024) 7.5
Vaazhai (2024) Vaazhai (2024)"လေဟုန်ခွင်းငှက်ငယ်" ===============================ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.26 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vaazhai (2024)

Hot Spot (2024) 7
Hot Spot (2024) Hot spot 2024 ကြုံရဆုံရလူ့ဘဝဒီနေ့မှာတော့ ထူးထူးခြားခြား underrated ဖြစ်နေတဲ့ လူကြီးတွေကြည့်သင့်တဲ့ Adult comedy dramaလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီဗျ။adult ဆိုလို့ ညစ်ညစ်ညမ်းညမ်းပြောတာတွေ အိပ်ရာခန်းတွေများနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ လူမှုဘဝမှာ ‌ဖြစ်နေကြအစဉ်အလာလိုဖြစ်နေပေမဲ့ normalizeမဖြစ်သင့်တဲ့အရာတွေကို မတူညီတဲ့ ဇာတ်လမ်း 4 ပုဒ်နဲ့ တင်ဆက်သွားမှာဆိုတော့ ပညာပေးတစ်ဖြစ်လည်း အမှန်အမှားကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။Anthology movie လေးဖြစ်တာမလို့ ဇာတ်လမ်းတစ်ခုကို မိနစ် 30 ဝန်းကျင်နဲ့ ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းလေးခု၊ ဇာတ်လမ်းတစ်ခုစီမှာ လူ့ဘောင်အဖွဲ့အစည်းရဲ့ မတူညီတဲ့ပြဿနာတစ်ခုစီ မြင်ရမှာပါ။ ဆိုတော့ ဇာတ်လမ်းလေးကိုဆက်ကြပါစို့။ပထမဆုံးဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးမပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင် ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာက ရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ...
movie

Hot Spot (2024)

2024
Karungaapiyam (2023) 7.7
Karungaapiyam (2023) Karungaapiyam(2023) IMDb 7.7/10 တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်‌နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်း မပါမဖြစ်‌ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့ မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့ သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ …အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကို အသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။ (အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်) File size…2.13GB / 863MB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ Voldemort~ Cherry
movie

Karungaapiyam (2023)

Charles Enterprises (2023) 7.1
Charles Enterprises (2023) Charles Enterprises (2023) IMDb 6.7ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကို သူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီး ပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့ သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရောဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်... ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုက မိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ် လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် ) File size…2.37GB / 1.07GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Charles Enterprises (2023)

2023
2018 (2023) 8.8
2018 (2023) 2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie

2018 (2023)

2023
Pathu Thala (2023) 7.8
Pathu Thala (2023) Pathu Thala 2023 (IMDb 7.8/10)ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြော မှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ် သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါ တစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ်ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ် ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.95GB  / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein~Sai~Yunni~BpL
movie

Pathu Thala (2023)

2023
Thankam(2023) 7.2
Thankam(2023) Thankam (2023)2023 ခုနှစ်ထွက် မှုခင်းဒရမ်မာ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအဓိကပါဝင်ထားပြီး IMDb rating မှာ 7.2/10 အထိရရှိထားပါတယ်။အိန္ဒိယရဲ့ ရွှေမြို့တော်လို့ တင်စားခံရတဲ့ ထရီဆူးမြို့က ရွှေကုန်သည်သူငယ်ချင်းသုံးယောက် မူတူး ၊ ကန်နန် နဲ့ ဘီဂျွိုင်း...ဇာတ်လမ်းကတော့ မွန်ဘိုင်းကို သုံးယောက်သားရွှေအရောင်းအ၀ယ်လုပ်ဖို့သွားရာကနေ ပြဿနာတစ်ခုခုပြီးတစ်ခုစဖြစ်ပါတော့တယ်။အိတ်ဖောင်းရင်စိတ်ပြောင်းတတ်တဲ့ လူတွေရဲ့အချိုးဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တစ်နေ့မှာတော့ ကန်နန်ဟာရွှေအိတ်တွေကိုယူပြီး ပျောက်ချင်းမလှပျောက်သွားတဲ့အခါ သူငယ်ချင်းတွေဟာ အချင်းချင်းသံသယ၀င်ကုန်ပါတော့တယ်။ဒီလိုနဲ့အမှုက ကြီးထွားလာပြီး ရဲတွေနဲ့ပါပတ်သက်လာတဲ့အခါ...ကန်နန်က သူငယ်ချင်းတွေကိုတကယ်သစ္စာဖောက်သွားတာလား...အမှုမှန်ကိုဘယ်လိုဖော်ထုတ်ကြမလဲ....နောက်ကွယ်ကအကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…1.9GB / 800MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye
movie

Thankam(2023)

2023
Kuthirai Vaal(2021) 6/9
Kuthirai Vaal(2021) Kuthiraivaal (2022)လူတိုင်းက အိပ်မက်တွေမက်ဖူးကြတယ်မလား မက်နေတဲ့အိပ်မက်ထဲကအတိုင်းလက်တွေ့ဘဝမှာဖြစ်ပေါ်လာမယ်ဆိုရင်တော့ကမ္ဘာကြီးကရူးကြောင်ကြောင်နိုင်သွားမှာပါ ဒါပေမယ့်ဒီကားထဲမှာဆိုရင်တော့အိပ်မက်ကနိုးလာတဲ့ ဖရိုက်ဒ်တစ်ယောက် ထူးဆန်းစွာပဲအမြီးပေါက်လာခဲ့တာပါအိပ်မက်လည်းသာမန်မဟုတ်ပါဘူး ကောင်းကင်ဝယ် နေနဲ့လတစ်ပြိုင်တည်းထွက်ပေါ်နေတဲ့နေရာတစ်ခုမှာ လှပတဲ့မြင်းက ခန့်ညားစွာနဲ့ရပ်နေခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီမြင်းမှာအမြီးရှိမနေခဲ့ပါဘူးဒီလိုနဲ့မြင်းနားမှာရပ်နေတဲ့ကောင်မလေးကို အမြီးဘယ်ရောက်သွားလဲမေးတော့ကောင်မလေးကခရမ်းချဉ်သီးနဲ့ပြန်ပေါက်ခဲ့ရာက ရုတ်တရက်အိပ်မက်ကလန့်နိုးသွားခဲ့ပါတယ်နိုးလာလာချင်း ကုတင်ပေါ်ကပြုတ်ကျခဲ့ပါတယ် အကြောင်းကတော့သူ့ကိုယ်ပေါ်မှာမြင်းအမြီးတစ်ခုပေါက်လာခဲ့လို့ပါပဲ ဒီလိုနဲ့ ဒီအမြီးဖြစ်ပေါ်လာပုံကိုဟူးရား၊နက္ခတ်ဗေဒင်ဆရာ၊ သင်္ချာဆရာတွေဆီလှည့်ပတ်သွားရင်းအကြံဉာဏ်တောင်းခဲ့ပါတယ် တစ်ယောက်ချင်းစီကမတူညီတဲ့အကြံဉာဏ်တွေပေးရင်းဖရိုက်ဒ်တစ်ယောက်လမ်းပျောက်နေခဲ့ပါတယ်ထူးဆန်းစွာနဲ့ဒီအမြီးကိုသူကလွဲပြီးဘယ်သူမှမမြင်နိုင်ကြောင်းသိရှိသွားခဲ့ပြီးသူ့ရဲ့အိပ်မက်ခရီးရှည်ကြီးကို ခရီးစထွက်ခဲ့ရာကဘယ်လိုထူးဆန်းထွေလာတွေတွေ့မလဲအမြီးပေါ်လာတဲ့အကြောင်းအရင်းကိုရောရှာတွေ့သွားမှာလား အမြီးကရောပျောက်သွားနိုင်မှာလားIMDb 6.8ရရှိထားပြီး Netflix ကထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်တွေးစရာတွေတစ်လှေကြီးနဲ့ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်ရှုနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်)  File size…2GB / 900MB Quality…1080p WEB DL  AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni
movie

Kuthirai Vaal(2021)

2021
Udanpirappe(2021) 5.3
Udanpirappe(2021) Udanpirappe (2021)Udanpieappe .. အဓိပ္ပာယ်ကတော့ “မောင်နှမ” တဲ့။ မိသားစုတစ်စုတည်းကနေ အတူပေါက်ဖွားကြီးပြင်းလာတဲ့ညီအစ်ကိုမောင်နှမတွေဟာ တစ်လောကလုံးမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။တချို့က အမြဲရန်ဖြစ်ပြီး မတည့်နေတာရှိတယ် .. တချို့ကျလည်းတစ်ယောက်နဲ့တစ်ယောက် သိသိသာသာကို သိပ်ချစ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်းချစ်ကြတယ်ဆိုတာတော့ မုချပါပဲ။ဒီ Tamil ဇာတ်ကားလေးကလည်း သိပ်ချစ်ကြတဲ့ “မာသံဂီ” နဲ့ “ဗေရာဗာ” တို့ရဲ့ မောင်နှမသံယောဇဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။ ထူးထူးဆန်းဆန်းပဲ လူငယ်မောင်နှမနှစ်ယောက်အကြောင်းမဟုတ်ဘဲအိမ်ထောင်ကိုယ်စီနဲ့ ကိုယ်ပိုင်မိသားစုကိုယ်စီပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ မောင်နှမရဲ့ ကြီးမားတဲ့သံယောဇဉ်ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အစ်ကိုကြီးဖြစ်တဲ့ ဗေရာဗာက အမှန်တရားရဲ့ဘက်တော်သား၊ မတရားတာမြင်တာနဲ့ကိုယ်ထိလက်ရောက်ကျူးလွန်ပြီးဆုံးမပစ်လိုက်တဲ့သူ .. ဒီလိုလူမျိုးကို ယောက်ဖဖြစ်သူကျောင်းဆရာကတော့ သဘောမကျဘူးပေါ့။“အစ်ကိုကြီးအဖရာ” ဆိုတဲ့အတိုင်း အစ်ကိုဖြစ်သူ ဗေရာဗာက သူ့ညီမလေးကို သမီးလေးနဲ့မခြားသိပ်ချစ်ရှာတယ်။ညီမဖြစ်သူ မာသံဂီကလည်း ကိုယ့်သားနဲ့ အစ်ကို့ရဲ့သား နှစ်ယောက်လုံးအသက်ဘေးကြုံနေရပြီးတစ်ဦးတည်းကယ်လို့ရတဲ့အခြေအနေမှာတောင် အစ်ကို့ရဲ့သားကိုရွေးချယ်ကယ်တင်ခဲ့တဲ့အထိသူ့အစ်ကိုကို သိပ်ချစ်ရှာတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့်ပဲ ခင်ပွန်းဖြစ်သူကအစ်ကိုဖြစ်သူကိုပိုအမြင်စောင်းပြီး မောင်နှမနှစ်ယောက် စကားမပြောဖြစ်တော့တဲ့အထိ တဖြည်းဖြည်းအနေဝေးသွားခဲ့ရတယ်။သိပ်ချစ်ကြတဲ့မောင်နှမနှစ်ဦးရဲ့ဆက်ဆံရေး နှစ်ပေါင်းများစွာအနေဝေးနေရာကနေတစ်စတစ်စ ပိုပြီးအေးစက်သွားမလား .. ...
movie

Udanpirappe(2021)

Airaa (2019) 7.7
Airaa (2019) သရဲကား တောင့်တနေကြတဲ့ CM Fan တွေအတွက် သရဲကား တစ်ကား တင်ပေးလိုက်ပါတယ်.... နယ်မြို့လေးထဲက အိမ်ကြီး တစ်အိမ် အဲ့ဒီ အိမ်ထဲက အပေါ်ဆုံး ထပ်မှာ သော့ခတ်ထားတဲ့ အခန်းတစ်ခုလဲ ရှိနေလေရဲ့ တစ်ခါ တစ်ခါ အသံတွေ ကြားပြီး အိမ်ထဲ လျှောက်သွားနေတဲ့ အရိပ်တစ်ခုလဲ ရှိနေပြန်တယ်.... အဲ့ဒီအိမ်ကြီးကို မျက်စိမမြင်တဲ့ အဖွားကြီး နဲ့ နားမကြားတဲ့ အစေခံ တစ်ယောက်က စောင့်ရှောက်ပြီး နေထိုင်ကြတယ်.... တစ်ရက်မှာတော့ မြို့ကြီးက မိန်းကလေးတစ်ယောက်ဟာ အိမ်က သဘောတူထားတဲ့ ယောင်္ကျားကို မယူချင်တာနဲ့ အဖွားဖြစ်သူ ရှိတဲ့ နယ်မြို့လေးကို ပြေးလာခဲ့တယ်... သူရောက်လာခဲ့တာကတော့ သော့ခတ်ထားတဲ့ အခန်းရှိနေတဲ့ အိမ်ကိုပဲ ဖြစ်ပါတယ်.... ဒီရုပ်ရှင်ကားကို Dolly Dolly က ဘာသာပြန်ပေးထားပါတယ်
movie

Airaa (2019)

2019