Channel Myanmar

K. Manikandan

Jai Bhim (2021) 9.7
Jai Bhim (2021) vJai Bhim (2021)IMDb Rating (8.7)" မရှိခိုးနိုး မလှစုန်းမျိုး "ဆိုတဲ့စကားပုံထဲကလို မရှိလဲမရှိ မလှလဲမလှတဲ့ကျောမွဲလူတန်းစားတစ်ရပ်။ ရုပ်မြင်တာနဲ့ ဘာများအလစ်သုတ်မှာလဲထင်ခံနေရရှာတဲ့လူတန်းစားတစ်ရပ်။ ရုပ်ရှင်ထဲက စကားစုအတိုင်းဆို "အတန်းထဲမှာ ခဲဖျက်ပျောက်ရင်တောင်ကျွန်တော့် အိတ်ကအရင်ရှာခံရတယ်" "ဒီရှက်ရွံ့မှု့ကိုကြောက်တာနဲ့ ကျောင်းတောင်မသွားရဲတော့ဘူး"ဒီလိုလူတန်းစားတွေအပေါ်အဖိနှိပ်ဆုံးက ဘယ်သူတွေဖြစ်မှာလဲ။ ထုံးစံအတိုင်းပြည်သူ့ဆန်စားတဲ့ပြည်သူ့"ရဲ"ဆိုတဲ့လူတွေပဲပေါ့။ ဒီဇာတ်လမ်းလေးထဲမှာလည်း ပြည်သူ့ရဲအမည်ခံ လူ့ဘီလူးတွေ ဘယ်လောက်တောင်လူမဆန်သလဲ ..လူချင်းတူပါလျက်နဲ့ ဆင်းရဲတဲ့သူတွေက ဘယ်လောက်တောင်လူ့အောက်ကျလည်းဆိုတာကိုသနားစဖွယ်တွေ့ရမယ့်အပြင် လောကမှာ လူကောင်းလူဆိုးနှစ်မျိုးနှစ်စားရှိတာမို့ ဒီသနားစရာလူမျိူးစုကိုကယ်တင်ပေးမယ့်လူစွမ်းကောင်းရှေ့နေကြီးလည်း ရှိနေသေးပြန်တဲ့အခါ …အများကြီး spoilမိမှာမို့ အညွှန်းကို ဒီလောက်နဲ့တင်ရပ်လိုက်ပါရစေ။ ကြည့်ရတာတန်မယ့်.. အချိန်ကုန်ရကျိုးနပ်မယ့် Tamilကားကောင်းလေးဖြစ်ကြောင်းပဲလက်တို့လိုက်ပါတယ်နော်။  File size…(9.7 GB) / (2.6 GB) / (1.6 GB) Quality…WEB-Dl 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….2h 44 min Subtitle…Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin ...
movie

Jai Bhim (2021)

2021
4K HEVC
Lover (2024) 7.4
Lover (2024) Lovers (2024) "တစ်စစီကျိုးပဲ့"IMDb 7.3 ရထားတဲ့ တမီးလ် ရိုမန့်ဇာတ်လမ်း ဖြစ်ပြီး မြင်နေကျ အချစ်ကားတွေလို ပေါ့ပေါ့ပါးပါး အပြောင်အပျက်တွေ သိပ်မပါပဲ အမှန်အကန်ဆွေးလို့ရမယ့် ဇာတ်လမ်းလေးလို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းကတော့ အာရွန်က အင်ဂျင်နီယာဘွဲ့ရ/ အလုပ်မရှိ/ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကြံရွယ်နေပြီး ကောလိပ်ကတည်းက တွဲခဲ့တဲ့ ချစ်သူကောင်မလေး "ဒီဗယာ" ကတော့ အိုင်တီအလုပ်တစ်ခု လုပ်နေသူပါအာရွန်က တစ်ခုခုဆို မူးရူး ရမ်းကား၊ သဝန်တိုတတ်ပြီး ဒီဗယာ့ကို မကြာခဏ ပြဿနာရှာတတ်ပေမယ့် ဒီဗယာကတော့ ချစ်သူကို အစစအရာရာ သည်းခံ "I can fix you" ဆိုတဲ့ မိန်းကလေးပေါ့မတူညီတဲ့ နောက်ခံ၊ စရိုက်အပြုအမူတွေကြောင့် တစ်ကြောင်း၊ သူ့ကောင်မလေးနားက အောင်မြင်နေတဲ့ ယောကျာ်းလေးအပေါင်းအဖော်တွေကို မနာလိုတာကြောင့်ရယ်...ပြဿနာတွေတက်လိုက် ပြန်အဆင်ပြေသွားလိုက် ငိုတစ်လှည့် ရယ်တစ်ခါ.... များလှတဲ့ မညီမျှခြင်းတွေက သူတို့နှစ်ယောက်ရဲ့ အချစ်ကို အကြိမ်ကြိမ် စမ်းသပ်ရင်း သူတို့နှစ်ယောက် ဒီလိုစိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နိုင်မှာလား၊ အရှိတရားကို မလွန်ဆန်နိုင်ပဲ မျက်ရည်စများကသာ အဆုံးသတ်လား ဆိုတာကတော့....အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Lover (2024)

2024
Good Night (2023) 8.4
Good Night (2023) Good Night 2023ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစု‌ဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

Good Night (2023)

2023
Sila Nerangalil Sila Manidhargal (2022) 8.4
Sila Nerangalil Sila Manidhargal (2022) Sila Nerangalil Sila Manidhargal (2022)ယခုနှစ်မှထွက်ရှိထားတဲ့အိန္ဒိယတောင်ပိုင်းကားတစ်ကားဖြစ်ပါတယ်။ဇာတ်အိမ်တည်ထားပုံကတော့အထူးတလည် နက်နဲတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ကိုယ့်ဘဝကိုယ်စီလျှောက်လှမ်းနေကြတဲ့လူငယ်လေးယောက်ဟာတစ်နေ့မှာတော့ဆိုးဝါးလှတဲ့မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သက်မိကြပါတယ်။သာမန်ဇာတ်ကားတွေနဲ့မတူတာကတော့ ဒီဇာတ်ကားဟာ အဓိက‌ဇာတ်ကောင်ရယ်လို့တိတိကျကျမပါဘဲ ဇာတ်ကောင် လေးယောက်လုံးကို ကြည့်နေရင်းမှာတင်ဒီဇာတ်ကောင်တွေရဲ့ဘဝထဲကို ကိုယ်တိုင်စီးမျောသွားစေနိုင်လောက်အောင်ဇာတ်ကောင်တစ်ခုချင်းကိုအသားပေးပုံဖော်ပြထားလို့ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင် လူတိုင်းဟာ အမှားတွေလုပ်တတ်ပြီးတော့ဘဝကြီးကလည်းအမြဲတမ်းအဲဒီအမှားတွေကိုပြန်ပြင်ဖို့အခွင့်အရေးပေးလေ့ရှိတယ်ဆိုတာကိုယုံကြည်ပြီးတော့ ကိုယ့်ဘက်ကပြင်ဆင်ချင်တဲ့စိတ်ပဲရှိဖို့လိုတယ်ဆိုတာကိုနားလည်လာစေမှာပါ။ဒီဇာတ်ကောင်လေးယောက်ကရော သူတို့အမှားတွေကို ပြန်မြင်နိုင်ပါ့မလား။ပြင်ဆင်ဖို့ရောသူတို့မှာအခြေအနေတွေပေးလာပါ့မလား။ အသိတရားဝင်တဲ့အချိန်မှာ ပြင်ဆင်ဖို့မှီပါဦးမလား။လမ်းပေါ်ကအက်ဆီးဒန့်တစ်ခုကနေစတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ နှစ်နာရီကျော်ကုန်သွားမှန်းမသိအောင်ကိုပရိသတ်တွေအတွက်ဖျော်ဖြေမှုရသကောင်းတွေပေးသွားမှာဖြစ်လို့တောင်ပိုင်းဒရာမာကားကောင်းတွေ ကို ကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲ ညွှန်းလိုက်ပါရစေ။  File size…1.8GB /900MB / 400MB Quality…720p WEB DL / 480p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Haruko
movie

Sila Nerangalil Sila Manidhargal (2022)

2022