Channel Myanmar

Jurat

Tomb of King Chu You ( 2025 ) 5.8
Tomb of King Chu You ( 2025 ) ဒီတစ်ခါမှာတော့ ချူးယိုးဘုရင်ရဲ့ သင်္ချိုင်းကို ဖောက်တဲ့ ခရီးစဉ်ကို အခြေခံရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်... ချူးယိုးဘုရင်နဲ့အတူ သူ့ပြည်ထောင်က အမှုထမ်းတွေ ခြွေရံတော်တွေ အားလုံးကို အရှင်လတ်လတ်နဲ့ သင်္ချိုင်းဂူထဲ သင်္ဂြိုလ်ခံခဲ့ရတာပေါ့လေ...အဲ့ သင်္ချိုင်းကို ဘယ်လိုရောက်သွားလဲဆိုရင်တော့ မျက်မမြင် ဗေဒင်ဆရာကြီးကနေစရမယ်... လင်အရာရှိမင်းရဲ့သမီး လင်ကျန်းကျန်းကို ကပ်ဘေးကြုံ သေကိန်းဆိုက်မယ် ဟောပြီး ချစ်သူဖူးစာရှင်ကယ်မှ လွတ်မြောက်မယ် ဟောပြီး... တစ်ဖက်က ဝူချီကိုလည်း သူရှာနေတဲ့ သူ့ပျောက်ဆုံးနေတဲ့ ဆရာကို ရှာတဲ့ ခရီးလမ်းက အစမှာကောင်းပေမယ့်လည်း အဆုံးသတ်က မလှခဲ့ဘူးတဲ့ ဟောပြန်ရော....ဒီလိုနဲ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဆရာရှာပုံတော်က သင်္ချိုင်းဖောက်ခရီးလိုက်ဖို့ဖြစ်လာပြီး... တစ်ဖက်က လင်ကျန်းကျန်းကလည်း အဆိပ်သင့်ခဲ့တာကြောင့် သူရော သူ့အဖေတင်မကဘူး သူ့အဖေ စစ်သည်တစ်ဖွဲ့လုံးလည်း သင်္ချိုင်းဖောက် ခရီးစဉ်နောက်ပါသွားလေရဲ့... ဒါတွေရဲ့ နောက်ကွယ်ကြိုးကိုင်သူကတော့ ဟုန်လင်ဆိုတဲ့ အမျိုးသမီးပါပဲ...ကဲ ဟုန်လင်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မှာလဲ... နောက်ပြီး ဒီသင်္ချိုင်းဖောက်ခရီးစဉ်ကရော ရိုးရှင်းရဲ့လား... ဝူချီရှာနေတဲ့ ဆရာကိုရော ပြန်တွေ့ပါ့မလား... Filesize : 1.27 GB / 704 MB Quality : WEB-DL 1080p ...
movie

Tomb of King Chu You ( 2025 )

Undercurrent: 12 Hours of Terror (2025) 5.8
Undercurrent: 12 Hours of Terror (2025) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ -လောင်းကစားရုံတစ်ခုမှာ အမေရိကန်ဒေါ်လာ ၅ သိန်းကို လောင်းကြေးအဖြစ် လောင်းနေချိန် ရဲတွေဝင်ဖမ်းတဲ့အတွက် ရှုပ်ထွေးသွားခဲ့ပါတယ်။ ရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူပြီး လောင်းကစားသမား ကျန်းလင်က ငွေအိတ်ကို ဆွဲပြီး ထွက်ပြေးလာခဲ့တဲ့အတွက် လောင်းကစား ရုံပိုင်ရှင် အစ်ကိုလိတို့အဖွဲ့က လိုက်သတ်ဖို့ လုပ်ပါတော့တယ်။ကျန်းလင်က အနီးနားက အပန်းဖြေဟိုတယ်တစ်ခုထဲ ဝင်ပုန်းခဲ့ပြီး ငွေအိတ်ကို ဟိုတယ်ရဲ့ ဘီရိုအမှတ် ၈၁၅၉ ထဲ ဖွက်ထားခဲ့ပါတယ်။ တိုင်ဖွန်မုန်တိုင်း တိုက်ခါနီးဖြစ်တဲ့အတွက် ဟိုတယ်က ဧည်သည်တွေအကုန် ပြန်ကုန်ကြတဲ့အတွက် ဟိုတယ်မှာ ဝန်ထမ်းနည်းနည်းပဲ ကျန်ခဲ့ပါတယ်။ဒေါ်လာ ၅ သိန်းပါတဲ့ ငွေအိတ်ကြီးကို ဝန်ထမ်းတစ်ယောက်က တွေ့သွားတဲ့အခါ လောဘက အနိုင်ရသွားမလား...... ဒေါ်လာ ၅ သိန်းပါတဲ့ ငွေအိတ်နောက် လိုက်လာတဲ့ ဒုစရိုက်အဖွဲ့ကရော ငွေအိတ်ကို ပြန်ရအောင် ဘယ်လိုပြန်လိုက်ကြမလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.54 GB / 803 MB Quality : WEB-DL 1080p HEVC , ...
movie

Undercurrent: 12 Hours of Terror (2025)