Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julio Oscar Mechoso
6.0
The Legend of Zorro (2005)
ဇောရိုးကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ်။ တခြားလူတွေအတွက်တော့ ဒီ ဇာတ်ကောင်ကဘယ်လိုလဲမသိပေမယ့် ကျွန်တော့်အတွက်တော့ DC တို့ Marvel တို့က ဟီးရိုးဇာတ်ကောင်တွေ မတိုင်ခင်မှာ ကိုယ့်အတွက် အရင်ဟီးရိုးဖြစ်ခဲ့တဲ့သူပါပဲ။ ဇောရိုးက Batman နဲ့တော့ခပ်ဆင်ဆင်ပါပဲ။ သူကတော့ Duelist ဓါးသမားပုံစံမျိုးဖြစ်သွားတာပေါ့လေ။ မျက်နှာအပေါ်ပိုင်းကို မျက်နှာဖုံးတပ် ဦးထုပ်အဝိုင်းတစ်လုံးနဲ့ rapier ဓါးတစ်ချောင်းဆောင်ထားတဲ့ ခပ်မိုက်မိုက်ပုံစံနဲ့ ဇောရိုးကို အလွမ်းပြေပြန်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကြောင်းလေးမပြောခင်မှာ နည်းနည်းပြောပြပေးချင်တာကတော့ အမေရီကန် ပြည်တွင်းစစ်အကြောင်းပါ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်း ကွန်ဖက်ဒရိတ်နဲ့ မြောက်ပိုင်း ယူနီယံ တို့ရဲ့စစ်ပွဲဖြစ်ပါတယ်။ မြောက်ပိုင်းက ကျွန်စနစ်ပပျောက်ရေးဖြစ်ပြီး တောင်ပိုင်းကတော့ ကျွန်စနစ်ကို ဆက်လက်ကျင့်သုံးချင်ကြတဲ့အပိုင်းဖြစ်ပါတယ်။ ဒီကားကိုတော့ ပြည်တွင်းစစ်မဖြစ်ခင် ကာလတစ်ခုမှာ အချိန်ယူထားတာပါ။ပြည်တွင်းစစ်အကြောင်းကတော့ ဒီလောက်လေးသိထားရင်ကို အဆင်ပြေပါပြီ။ ဒီကားထဲမှာတော့ ဇောရိုးတစ်ယောက် သူ့ရဲ့ပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားက ပြည်ထောင်စုထဲ ပါဝင်မှာကို ကူညီပေးနေတာကို တွေ့ရမှာပါ။ ပြီးတော့ ဇောရိုးရဲ့ မိသားစုဘဝကိုလည်း ဒီကားထဲမှာ ...
movie
The Legend of Zorro (2005)
2005
4K HEVC
5.8
All the Pretty Horses (2000)
All the Pretty Horses (2000)ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး "Best Seller" စာအုပ်တစ်အုပ်ဖြစ်တဲ့ "All the Pretty Horses" ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့... တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါသေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
All the Pretty Horses (2000)
2000
5.8
[21+] Ken Park (2002)
Ken Park (2002)ဒီကားက တော်တော်ထူးခြားတဲ့ကားလို့ပြောရမယ်။ ဘာလို့ဆို ဒီကားနာမည်ကို ကန်ပတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့နာမည်ကိုပေးထားတယ်။ ဒါပေမဲ့ အဲဒီကောင်လေးရဲ့အကြောင်းကို အစနဲ့အဆုံးမှာပဲ ပြောသွားပြီး တစ်ကားလုံး သူတို့သူငယ်ချင်းတွေတစ်ယောက်ချင်းစီအကြောင်းကို Coming of Age ဆန်ဆန်ပြထားတယ်။ ဒီလိုပြထားတာတွေကလည်း လိင်ကိစ္စတွေကို အဓိကအသားပေးပြထားတဲ့အပြင် ကလေးတွေဖြစ်တတ်တဲ့ ခပ်ကြောင်ကြောင်ကိစ္စတွေလည်း မနည်းမနောပြထားတယ်။ ဒါပေမဲ့ အခန်းအများစုကတော့ ဒီက ယဉ်ကျေးမှုနဲ့ မလျော်ညီသလို အင်္ဂါဇာတ်တွေကိုလည်း ကွက်ကွက်ကွင်းကွင်းကိုပြတတ်တာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ဘူး။ဒါပေမဲ့လည်း ဒီကားဟာ သာမန်၂၁ကားမဟုတ်ဘဲ ထူးထူးခြားခြားနဲ့ကို ကြည့်ကောင်းနေတဲ့ ဇာတ်အိမ်လေးနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ဆိုတာကတော့ အမှန်ပါပဲ။ ဇာတ်ကလည်းထူးခြား အခန်းတွေကလည်း ကြမ်းပေ့ဆိုတာတွေမှ ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 680MB Quality - 720p ,480p IMDb Rating - 5.8/10 Format - ...
movie
[21+] Ken Park (2002)
2002
7.1
Planet Terror (2007)
အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်ထဲက ကျေးလက်မြို့ကလေးတစ်မြို့မှာရှိတဲ့ ပျော်ပွဲစားရုံတစ်ရုံမှာ ဖော်ချွတ်အကမယ်တစ်ယောက်ဖြစ်တဲ့ မိန်းမချောလေး “ချယ်ရီဒါလင်”ဟာ မသထာရေစာလခနှစ်ပဲတစ်ပြားပဲရနေတဲ့ အလုပ်ကနေထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အလုပ်ကနေထွက်လာပြီဖြစ်တဲ့ ချယ်ရီတစ်ယောက် ညဘက်အိမ်အပြန်ခရီးမှာတော့ အဲလ်ရေး ဆိုတဲ့ သူ့ရည်းစားဟောင်းနဲ့ အသားကင်ဆိုင်တစ်ဆိုင်မှာ ပြန်ဆုံမိရင်းနဲ့ ကားကြုံလိုက်စီးမိရင်း …….တောအုပ်တစ်ခုအနားဖြတ်စဉ်မှာပဲ ဆစ်ကိုးစ်ဆိုတဲ့ အမည်မသိရတဲ့ လူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သူတို့နှစ်ယောက်စီးလာတဲ့ကားလည်း တိမ်းမှောက်သွားပြီးတဲ့နောက် ချယ်ရီရဲ့ ခြေထောက်တစ်ဖက်ကို ဆစ်ကိုးစ်တွေက ဖြတ်ယူသွားခဲ့ပါတော့တယ်…… ဒါဆို ဆစ်ကိုးစ်ဆိုတာ ဘယ်သူတွေများပါလိမ့် …..တကယ်တော့ လွန်ခဲ့တဲ့ မြို့စွန်တစ်နေရာမှာရှိတဲ့ စစ်စခန်းတစ်ခုမှာ မှောင်ခိုအရောင်းအ၀ယ်တစ်ခုလုပ်ခဲ့ကြတာကို လူတွေသတိမထားမိလိုက်ကြလို့ပါ။အဲဒီမှာပဲ အာရုံကြောကို ထိခိုက်ပျက်စီးစေတဲ့ အဆိပ်သင့်ဓာတ်ငွေ့တစ်မျိုးရဲ့ နမူနာပစ္စည်းတွေကို အရောင်းအ၀ယ်လုပ်ကြရင်း အချင်းများရာကနေ ခုလိုမျိုး ချယ်ရီရဲ့ ခြေထောက်တစ်ဖက်ပြတ်သွားတဲ့အထိကို ရောက်လာခဲ့တာပါ။အဖြစ်အပျက်တွေက ဒီလောက်နဲ့ ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး။ခုဆို ဆေးရုံမှာ ချယ်ရီလိုပဲ တခြားလူနာတွေအများကြီးရောက်လာနေပါပြီ။ လူနာတွေအားလုံးကတော့ သူတို့ကို ဘယ်သူတွေတိုက်ခိုက်သွားမှန်းသေချာမပြောနိုင်ကြသလို ဆရာဝန်တွေကလည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြပါပြီ….. ချယ်ရီကို ဆေးရုံလိုက်ပို့တဲ့ အဲလ်ရေး ကိုလည်း ရဲက ...
movie
Planet Terror (2007)
2007