Channel Myanmar

Julianne Moore

Echo Valley (2025) 6.3
Echo Valley (2025)  Echo Valley (2025)IMDb Rating (6.3) / Rotten Tomatoes (50%) မိခင်တစ်ဦးရဲ့ သားသမီးအပေါ်ထားတဲ့ အနှိုင်းမဲ့မေတ္တာတရားကို ရင်သပ်ရှုမောဖွယ်ရာ ဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ Echo Valley 2025 ရုပ်ရှင်ဇာတ်ကားကြီး..ဒီသည်းထိတ်ရင်ဖို ဒရမ်မာဇာတ်ကားကြီးကို ထိပ်တန်းမင်းသမီးနှစ်လက်ဖြစ်တဲ့ Julianne Moore နဲ့ Sydney Sweeney တို့ အပြိုင်ပါဝင်သရုပ်ဆောင်ထားကြပါတယ်။အမြဲတမ်းပြဿနာတွေပဲရှာနေတဲ့ သမီးဖြစ်သူမွှေခဲ့တဲ့ အရှုပ်တော်ပုံတစ်ခုကြောင့် ဘဝကြီးတစ်ခုလုံးရှုပ်ထွေးသွားခဲ့တဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ မိခင်တစ်ဦးကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။Kate ဟာ မွေးမြူရေးခြံတစ်ခုမှာ တစ်ကိုယ်တည်းနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာ သူ့သမီး Claire က သွေးစွန်းနေတဲ့ အင်္ကျီတွေနဲ့ အိမ်ကို ပြန်ရောက်လာခဲ့ပြီး လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။အနှိုင်းမဲ့မေတ္တာတရားတွေနဲ့ သမီးဖြစ်သူကို ကာကွယ်လိုစိတ်ကြောင့် အလောင်းဖျောက်ပေးဖို့အတွက် ကူညီပေးခဲ့ရာကနေ ရှုပ်ထွေးတဲ့အခြေအနေတွေကြားကို ရောက်ရှိသွားခဲ့ရပါတယ်။Claire က တကယ်ပဲ လူသတ်ခဲ့တာလား..?မိခင်ဖြစ်သူ Kate က ဘယ်လိုလျှို့ဝှက်ချက်တွေကို ရှာတွေ့သွားမလဲ..?လျှို့ဝှက်ချက်တွေများစွာနဲ့ ...
movie

Echo Valley (2025)

2025
4K HEVC
An Ideal Husband (1999) 6.8
An Ideal Husband (1999)  An Ideal Husband (1999)IMDb Rating (6.8) / Rotten Tomatoes (85%) ဒီတစ်ခါမှာတော့ Oscar Wilde ရဲ့  ပြဇာတ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတဲ့ An Ideal Husband ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Rupert Everette, Jeremy Northam, Julian Moore နဲ့ Cate Blanchett တို့ကအဓိကပါဝင်ထားပါတယ်။ဆာရော့ဘတ်ချေလ်တန်နဲ့ လေဒီဂါးထရုချေလ်တန်တို့လင်မယားဟာ အင်္ဂလိပ်နိုင်ငံရေးလောကမှာ ဂုဏ်သိက္ခာကြီးမားပြီး လူအများရဲ့လေးစားအားကျခြင်းကိုခံထားရသူတွေပါ။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့အမျိုးသမီးတစ်ယောက် လန်ဒန်ကိုပြန်ရောက်လာချိန်ကစပြီး ရော့ဘတ်တစ်ယောက်အတွက် အိပ်မက်ဆိုးတွေဖြစ်လာပါတယ်။မစ္စစ်ရှယ်ဗလီဟာ ရော့ဘတ်ငယ်ရွယ်စဥ်ကမှားခဲ့ဖူးတဲ့အမှားတစ်ခုကိုအကြပ်ကိုင်ပြီး သူမလိုချင်တာတွေကို ခြိမ်းခြောက်တောင်းဆိုပါတယ်။အဲ့ဒါကြောင့် ရော့ဘတ်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူ လော့ဒ်ဂေါရင်းဆီကိုသွားပြီး အပူကပ်ကာ အကူအညီတောင်းရပါတယ်။လော့ဒ်ဂေါရင်းကလည်း မစ္စစ်ရှယ်ဗလီနဲ့ အတိတ်မှာပက်သက်မှုရှိခဲ့ဖူးပါတယ်။ ထိုမိန်းမအကြောင်းကို ကောင်းကောင်းသိနေတဲ့လော့ဒ်ဂေါရင်းကလည်း သူငယ်ချင်းဖြစ်သူကို ကူညီဖို့ကြိုးစားပါတယ်။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့မိန်းမက သူတို့အားလုံးကြားမှာ လင်မယားအချင်းချင်းပြဿနာတက်အောင် သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲအောင် ဝင်မွှေသွားခဲ့ပါတယ်။သူတို့အားလုံး မစ္စစ်ရှယ်ဗလီ မွှေသွားတဲ့ပြဿနာတွေကို ...
movie

An Ideal Husband (1999)

1999
The Lost World: Jurassic Park (1997) 6.5
The Lost World: Jurassic Park (1997) The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။ File Size ...
movie


1997
Laws of Attraction (2004) 5.9
Laws of Attraction (2004)  Laws of Attraction (2004)IMDb Rating (5.9) / Rotten Tomatoes (18%)အသံ error ပါသွားလို့ အသစ်ပြန်တင်ထားပါပြီ။ “တော်ပါပြီ ရည်းစားထားဖို့အချိန်မရှိပါဘူးလို့ ပြောတတ်တဲ့ မိန်းမ ၈၀ ရာခိုင်နှုန်းလောက်က သူတို့တကယ်ကို အထီးကျန်နေလို့ ပြောတယ်ဆိုတာကို ရှင်သိလား”Pierce Brosnan နဲ့ Julianne Moore တို့ပါဝင်ထားတဲ့ Comedy/ Romance ဇာတ်ကားကောင်း ဖြစ်ပါတယ်။အော်ဒရေနဲ့ ဒန်နီရယ်တို့က နယူးယောက်မြို့ရဲ့ အတော်ဆုံး ကွာရှင်းရှေ့နေ နှစ်ယောက်ဖြစ်ကြတယ်။ စတွေ့ကတည်းက တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေသလို တရားခွင်မှာလည်း တရားသူကြီးတွေ စိတ်ညစ်ရလောက်တဲ့အထိ ရန်တကျက်ကျက်ဖြစ်ကြတယ်။ အဲဒီလောက်ရန်သတ်လွန်းတဲ့ နှစ်ဦးသားခမျာ တိုက်ပဲတိုက်ဆိုင်လွန်းတာလားတော့မသိ၊ အမြဲလိုလို နှစ်ဖက်ရှေ့နေတွေ ဖြစ်ကြရတယ်။ဒီနေရာမှာ သူတို့နှစ်ဦးက နှစ်ဖက်ရှေ့နေဖြစ်ကြရလို့ မတည့်ကြတာလားလို့ မေးလာမယ်ဆိုရင်... အော်ဒရေရဲ့ ရှေ့နေလိုက်ပုံက စာအုပ်ကြီးဆန်တယ်၊ ဒန်နီရယ်ကတော့ နည်းနည်းဟိုလှည့်ဒီလှည့်နဲ့ လှည့်ကွက်လေးတွေသုံးပြီး ...
movie

Laws of Attraction (2004)

2004
Crazy, Stupid, Love. (2011) 7.4
Crazy, Stupid, Love. (2011) Crazy, Stupid, Love. (2011)IMDb Rating (7.4) / Rotten Tomatoes (79 %)Ryan Gosling , Emma Stone တို့အပြင် ဂျာကြီး မိုက်ကယ်စကော့ Steve Carell , Julianne Moore , Aunt May ဖြစ်သူ Marisa Tomei , Lio Tipton , Kevin Bacon စတဲ့သရုပ်ဆောင်ပေါင်းများစွာနဲ့ ဒီဇာတ်ကားက အချစ်ဟာသ ဒရမ်မာရုပ်ရှင်ကားကြီးပါ။ Rating ကောင်းသလို ရုံတင်ဝင်ငွေလဲကောင်းခဲ့ပါတယ်။ ဘတ်ဂျက် သန်း ၅၀ သာ ကုန်ကျခဲ့ပေမယ့် Box office မှာ ၁၄၅ သန်း ပြန်လည်ရရှိတဲ့ထိ အောင်မြင်ခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ် ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ... ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်.. ပြီးတော့.. ...
movie

Crazy, Stupid, Love. (2011)

2011
4K HEVC
Evolution (2001) 6.1
Evolution (2001)   Evolution (2001)IMDb Rating (6.1) / Rotten Tomatoes (44%) ဇာတ်လမ်းအကျဉ်းဟောလီးဝုဒ် ဂြိုလ်သားတို့ ထုံးစံအတိုင်း အမေရိကန်ပြည်ထောင်စုကိုပဲ ဆင်းကြပါတယ်။တစ်ညမှာ ဥက္ကာခဲတစ်ခု အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ပေါ်ကို ကျပြီး မြေအောက်လိုဏ်ဂူထဲ ပြုတ်ကျသွားပါတယ်။ကောလိပ်ကျောင်းဆရာ၂ယောက်ဖြစ်တဲ့ အိုင်ရာကိန်းနဲ့ ဟယ်ရီဘလော့ခ်တို့ သွားရောက်လေ့လာရာမှ အလွန်အပွားမြန်ပြီး ဆင့်ကဲပြောင်းလဲမှုမှာလည်း လျင်မြန်လွန်းတဲ့ ဂြိုလ်သားမျိုးစိတ်တွေကို အဆိုပါဥက္ကာခဲပေါ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။ဒါကို အိုင်ရာနဲ့ ကျောင်းတော်က ရန်စရှိဖူးတဲ့ အစိုးရ လက်အောက်ခံဗိုလ်ချုပ် ရပ်ဆယ်ဝုဒ်မန်းက သိသွားတဲ့အခါမှာတော့ ဂြိုလ်သားအန္တရာယ်ကို ပူးပေါင်းကာကွယ်ကြမလား၊ အချင်းချင်း စားမာန်ခုတ်ကြမလား ဆိုတာကို ရှုစားရမှာပါ။၂၀၀၁ခုနှစ်က ရုပ်ရှင်ဖြစ်ပေမယ့် အတော်လေး ကြည့်ပျော်ပါတယ်။ တိတ်ခွေခေတ်တုန်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို trend ဖြစ်စေခဲ့တဲ့ ပြကွက်တွေလဲ ပါပါတယ်။Golden Schmoes Award မှာ Best Sci-Fi Movie of the Year ၂၀၀၁ ...
movie

Evolution (2001)

2001
Eagle Eye (2008) 6.6
Eagle Eye (2008)  အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ...
movie

Eagle Eye (2008)

2008
4K HEVC
The Hunger Games: Mockingjay – Part 2 (2015) 6.6
The Hunger Games: Mockingjay – Part 2 (2015) The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie

The Hunger Games: Mockingjay – Part 2 (2015)

2015
4K HEVC
The Hunger Games: Mockingjay – Part 1 (2014) 6.6
The Hunger Games: Mockingjay – Part 1 (2014) The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie

The Hunger Games: Mockingjay – Part 1 (2014)

2014
4K HEVC
May December (2023) 7.4
May December (2023) May December (2023)~ IMDb - 7.4/10, Rotten Tomatoes - 92% ~May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို ...
movie

May December (2023)

2023
(18+) Don Jon (2013) 6.5
(18+) Don Jon (2013) IMDb (6.5) / Rotten Tomatoes (80%)မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ...
movie

(18+) Don Jon (2013)

2013
1080p HEVC
When You Finish Saving the World (2022) 5.9
When You Finish Saving the World (2022) When You Finish Saving the World (2022)ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ အေဘရာဟမ်လင်ကွန်းကို သူ့မိန်းမကတော့ အထင်မကြီဲးနိုင်ခဲ့ဘူးတဲ့။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြတဲ့ လူငယ်လေးတွေဟာလည်း ပန်းကန်ဆေးရမှာ သိပ်ပျင်းတတ်ကြတယ်။ အချစ်ထက် ကမ္ဘာကြီးကို ဦးစားပေးခဲ့တဲ့လူတွေလည်း ရှိကောင်းရှိခဲ့မှာပေါ့။ ကိုယ့်အနားကအရာတွေကို ပျောက်ရှသွားရင် ကမ္ဘာကြီးကရော ရှိပါ့ဦးမလား။ အားလုံးရဲ့ကမ္ဘာကို ကယ်တင်ပြီး ကိုယ့်ကမ္ဘာကိုယ် ပျောက်ရှခဲ့ဖူးသူတွေ ရှိလိမ့်မယ်။ ကမ္ဘာကြီးကိုလည်း မကယ်တင်နိုင်၊ ချစ်ခြင်းတရားကိုလည်း မကယ်တင်နိုင်ဖြစ်သွားကြတဲ့ လူတွေလည်းဒုနဲ့ဒေး ရှိနေမလားပဲ။ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပုံထားတဲ့ ထမင်းပန်းကန်တွေကိုဆေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မွေးထားတဲ့ ကြောင်ကလေးကို ခေါင်းပွတ်ပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ စိုက်ထားတဲ့ သစ်ပင်လေးကို ရေလောင်းပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပျိုးထားတဲ့ ငါတို့အတ္တတွေကို ပြန်ငြိမ်းသတ်ဖို့မတတ်နိုင်တဲ့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မေ့ထားတဲ့ ငါတို့အနားကအရာတွေကို ပြန်သတိရဖို့အရာ ကမ္ဘာကြီးကို ပြောင်းလဲရင်း ကမ္ဘာကြီးက ငါတို့ကိုပြန်ပြောင်းလဲပစ်နိုင်တာ မမေ့ပစ်သင့်တဲ့ ကမ္ဘာ...A24 ကနေ ဖြန့်ပေးထားတဲ့ အမေရိကန် Coming-of-Age Comedy Drama ...
movie

When You Finish Saving the World (2022)

2022
The Fugitive (1993) 7.8
The Fugitive (1993)    ဒီတစ်ခေါက်မှာဆိုရင်ရင်တော့ Old But Gold တွေထဲက တစ်ကားဖြစ်တဲ့ The Fugitive ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ IMDb Rating- 7.8/10 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Harrison Ford နဲ့ Tommy lee Jones တို့လို မင်းသားကြီးတွေပါဝင်ထားတဲ့ Action , Crime , Drama ဇာတ်ကားအမျိုးအစားလည်းဖြစ်ပြီး ထို ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်ကနေ အခုထိ ကြည့်ရှု့လို့မရိုးနိုင်လောက်အောင် ဇာတ်လမ်းဇာတ်အိမ်ခိုင်မာပြီး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဖြင့်ပဲ မင်းသားကြီး Jones က Best Supporting Actor ဆုကို ရခဲ့တာဖြစ်သလို ၁၉၉၃ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံးဇာတ်ကားလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားကို ညွန်းရမယ်ဆိုရင် ဇာတ်လမ်းကိုတော့ Chicago မြို့မှာထင်ရှားတဲ့ အရိုးခွဲစိတ်ဆရာဝန် Richard အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ Richard ဟာဆိုရင် သူ့မိန်းမ သေဆုံးမှု့မှာ တရားခံအဖြစ်ဆွဲချက်တင်ခံရပြီး သက်သေများက သူ့ဆီပဲ ဦးတည်နေတာကြောင့် တကယ်မသတ်ဘဲ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထို့နောက် Chicago မြို့ထဲမှ သူအပါအဝင်ဖြစ်သော ထောင်ကားဟာ lllINOISသို့ မောင်းနှင်လာခဲ့ပါတယ်။ လမ်းတစ်ဝက်အရောက်မှာပဲ ထောင်သားတွေက ရုန်းရင်းဆန်ခက် ပြုလုပ်တာကြောင့် သူပါလာသော ထောင်ကားတိမ်းမှောက်ပြီး Richard ...
movie

The Fugitive (1993)

1993
Gloria Bell (2019) 6.5
Gloria Bell (2019) ဂလိုရီယာဆိုတဲ့ အမျိုုးသမီးတစ်ယောက်ရှိတယ်။ မျက်မှန်လေးနဲ့ အသက်ကြီးလဲ မပျက်စီးသေးတဲ့ အလှမျိုးနဲ့မိန်းမတစ်ယောက်။ ယောကျာ်းနဲ့ကွာရှင်းထားပြီးတော့ သားသမီးနှစ်ယောက်ကလဲ အတောင်စုံလို့ ပျံထွက်သွားကြတဲ့အချိန်မှာ ဂလိုရီယာတစ်ယောက် ဘဝကိုနေချင်သလို လှလှလေးနေထိုင်ရင်းနဲ့ အချစ်တစ်ခုကိုရရှိခဲ့ပါတယ်။ သူတွေ့ခဲ့ရတဲ့ သူ့ရဲ့လေးဆယ်ကျော်အချစ်ကအာနိုးလ်တန်နာလို့ခေါ်တဲ့ ကစားကွင်းပိုင်ရှင်တစ်ယောက်။ သူလဲပဲ မိန်းမနဲ့ကွာရှင်းထားတဲ့သူပဲ ဒါပေမယ့် သူ့အနေအထားကဂလိုရီယာ့လိုမပေါ့ပါးပဲ သားသမီးတွေကြောင့် အမြဲစိတ်ရှုပ်နေရတတ်တဲ့သူ။ သူတို့ကြားမှာဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာကို သူတို့ဘယ်လိုရင်ဆိုင်မလဲ ဆုံးဖြတ်မလဲဆိုတာကို ရိုက်ကူးထားတာပါ။ (ဒီကားလေးကို အသက်ကြီးတဲ့စုံတွဲတွေလို့ မတွေးပဲ အချစ်မှာအသက်အပိုင်းအခြားတွေဆိုတာ မရှိဘူးလို့တွေးကြည့်ပြီးတော့ကြည့်ကြပါ။ အထူးသဖြင့် အခုတစ်ယောက်နဲ့လဲ မရှင်းမရှင်းနဲ့ နောက်တစ်ယောက်ဆီကိုမေးလေးထောက်ပြီးတော့ ချစ်ခွင့်ပန်နေကြတဲ့ ချစ်ဖို့ကြိုးူစားနေတဲ့သူတွေကိုမှ သဘောကျနေမိတဲ့ တချို့သူတွေကြည့်သင့်ပါတယ် ဘယ်လောက်အာရုံနောက်ရတယ်ဆိုတာ ) File Size : (1.43 GB,) Quality : Blu-ray 1080p,720p Running Time : 1h 42min Format : Mp4 Genre : Drama,Comedy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu
movie

Gloria Bell (2019)

2018
Next (2007) 6.2
Next (2007) Next (2007) =======ဒီတစ်ခါ တင်ဆက်မဲ့ကားကတော့ Nicolas Cageရဲ့ ရွှေခေတ်တုန်းက အက်ရှင်ကားတစ်ကားပါ။ဘဝမှာ နောက်ထပ်ပြီး နောက်ထပ် ဘာပြီးရင် ဘာတွေဖြစ်မလဲ ကြိုသိနေကြရင် ဘာတွေများဖြစ်လာပါမလဲ... အနာဂတ်နဲ့ ပက်သက်တဲ့ပြဿနာတစ်ခုက အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကြည့်လိုက်တဲ့အတွက် အနာဂတ်က ပြောင်းလဲသွားတာပါပဲ....။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကို မြင်နိုင်တဲ့လူတစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကို အရှေ့၂မိနစ် ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ရှိပါတယ်။ တစ်ဖက်မှာလည်း FBI ဟာ နျူကလိယား တိုက်ခိုက်မှုတစ်ခုကိုကို ဖြေရှင်းနေရပါတယ်။ဒီလိုနဲ့ FBI က အရှေ့ကို ၂မိနစ်ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာကို သတိထားမိပြီး သူ့ကို အသုံးချဖို့လုပ်ပေမဲ့.. မျက်လှည့်ဆရာဟာ သူမလုပ်နိုင်တာကြောင့် ထွက်ပြေးခဲ့ပါတယ်။ FBI နဲ့ အကြမ်းဖက်သမားတွေက သူ့ကို ထောင်ဖမ်းကြပေမဲ့ ရှေ့၂မိနစ်ကြိုမြင်နေရတဲ့အတွက် သူတို့ထက် နှာတစ်ဖျားသာနေတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ....။ဒီဇာတ်ကားဟာ -Action, Sci-Fi, Thrillerအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)File size__( 850 MB) and ( 350 MB) Quality__HD-Rip 720p IMDb Rating__6.2/10 Format__mp4 Duration__01:36:10 Type__Action, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung  Encoded by Naing Aung Latt
movie

Next (2007)

2007
Suburbicon (2017) 5.4
Suburbicon (2017) ‌ဆက်​ပ်​ပါ​ဘေကွန်​ဆိုတာက​တော့ အလွန်​​ငြိမ်​းချမ်​းပြီး​တော့၊မြို့ကြီးပြကြီး​တွေလိုကားသံယာဉ်​သံ​တွေနဲ့ရှုပ်​​ထွေးကြပ်​ညှပ်​​နေခြင်​းမရှိတဲ့ ​တောမကျမြို့မကျ​နေရာ​လေးတစ်​ခုပဲဖစ်​ပါတယ်​။ဇာတ်​လမ်​း​လေးက​တော့ ၁၉၄၀-၅ဝဝန်​းကျင်​​တွေ​လောက်​ကကြီးထွားခဲ့တဲ့ လူဖြူလူမည်​းခွဲခြား​ရေးပြဿ နာ​ပေါ်မူတည်​ပြီး ဇာတ်​အိမ်​ဖွဲ့ရိုက်​ကူးထားတာဖြစ်​ပါတယ်​။အဆိုပါ ဆက်​ပ်​ပါ​ဘေကွန်​ဟာ​တော့ လူဖြူအများစုသာ​နေထိုင်​ကြတဲ့​ဒေသဖြစ်​ပါတယ်​။တ​နေ့မှာ​တော့ လူမည်​းမိသားစုဖြစ်​တဲ့ ​မေယာတို့မိသားစုဟာအဆိုပါ​ဒေသကို​ပြောင်​း​ရွေ့လာတဲ့အခါမှာ​တော့လူဖြူ​တွေကအပြင်​းအထန်​ကန်​့ကွက်​ကြပြီး လူမည်​းမိသားစုကိုဆက်​ပ်​ပါ​ဘေကွန်​ကထွက်​ခွာသွား​အောင်​ နည်​းအမျိုးမျိုးနဲ့လုပ်​​ဆောင်​ပါ​တော့တယ်​။သို့​ပေမယ်​့ ဒီဇာတ်​ကားထဲမှာ​တော့ အဲ့ဒီလူမည်​းမိသားစုဟာ ဒီဇာတ်​လမ်​းရဲ့အဓိကဇာတ်​​ဆောင်​​တွေမဟုတ်​ဘဲနဲ့သူတို့ရဲ့အိမ်​နီးနားချင်​းဖြစ်​တဲ့ ​လောချ်​့မိသားစုကအဓိကဇာတ်​​ဆောင်​ဖြစ်​​နေပါတယ်​။ ​မစ္စတာ​လော့ခ်​ဟာ​အောက်​ပိုင်​းမသန်​​တော့တဲ့ သူ့ဇနီးဖြစ်​သူရယ်​ သူ့ရဲ့တစ်​ဦးတည်​း​သောသားက​လေးရယ်​၊ ခယ်​မဖြစ်​သူတို့နဲ့အတူ​နေပါတယ်​။တစ်​ညမှာ မစ္စတာ​လော့ချ်​တို့မိသားစုမှာ အကြမ်​းဖက်​မှုဖြစ်​ပွားခဲ့ပြီး မသန်​စွမ်​းတဲ့ဇနီးသည်​ရဲ့အသက်​​ဆုံးရှုံးခဲ့ရပါတယ်​။အဆိုပါ အကြမ်​းဖက်​မှုမှာ မစ္စတာ​လော့ချ်​ကိုယ်​တိုင်​ပါဝင်​ပက်​​နေတာဖြစ်​ပါတယ်​။ဘာ​ကြောင်​့မစ္စတာ​လော့်​ချ်​က ဒီလိုမျိုးလုပ်​ရတယ်​၊ အဲ့ဒီက​နေပြဿ နာ​တွေကြီးထွားလာပြီးဘာဆက်​ဖြစ်​မယ်​၊ ဘယ်​လိုအလိမ်​​တွေ​ပေါ်ကုန်​မလဲ၊ ဘယ်​လို​ဖြေရှင်​းကြမယ်​ဆိုတာကို​တော့ ဇာတ်​လမ်​းက​လေးမှာဆက်​လက်​ကြည့်​ရှု့လိုက်​ပါ။ဒီဇာတ်​​လမ်​းကို ကြည်​့ဖြစ်​​အောင်​ကြည်​့လိုက်​ကြပါ။ဘာဖြစ်​လို့လဲဆို​တော့ ဒီဇာတ်​လမ်​း​လေးဟာ ကြည်​့ပြီးသွားရင်​ ဘာမှမရလိုက်​တဲ့​ပေါကားဇတ်​လမ်​းမျိုးမဟုတ်​ပါဘူး။ကြည့်​ပြီးတာနဲ့ တစိမ်​့စိမ်​့နဲ့စဉ်​းစားစရာ​တွေချန်​ထားခဲ့မယ်​ဇာတ်​ကားမျိုးဖြစ်​ပါတယ်​။ဇာတ်​လမ်​း​လေးရဲ့အဓိက​ပေးချင်​တဲ့ မက်​​ဆေ့ချ်​က​တော့ လူ​တွေရဲ့အပြင်​ပန်​းအသွင်​အပြင်​နဲ့အသားအ​ရောင်​​တွေကိုကြည့်​ပြီး​တော့ လူမျိုး​ရေးခွဲခြား​နေတာဟာ လုံးဝမဖြစ်​သင်​့​ကြောင်​းပြသသွားတာပါ။လူမည်​းဖြစ်​​ပေမယ်​့စိတ်​ထားဖြူစင်​တဲ့ မိသားစုကို​တော့လူ​တွေကပစ်​ပယ်​ကြပြီး၊ လူဖြူ ဖြစ်​ပြီး စိတ်​ဓာတ်​ညစ်​နွမ်​းတဲ့မိသားစုကို​တော့ သနား​နေကြတဲ့ပုံကိုပညာသားပါပါ​လေးတင်​ပြသွားတာပါ။ကြည်​့ပြီးရင်​မိမိအတွက်​တစ်​ခုခုပြန်​ရလိုက်​မယ်​့ဇာတ်​ကား​လေးဖြစ်​လို့ ကြည်​့ဖြစ်​​အောင်​ကြည့်​လိုက်​ကြပါဦး File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time ...
movie

Suburbicon (2017)

2017
Wonderstruck (2017) 6.8
Wonderstruck (2017) ဒီဇာတ်ကားလေးက IMDb 6.6 ရ ထားပြီး စာရေးဆရာ Brian Selznick ရဲ့ 2011 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Wonderstruck ဆိုတဲ့ Novel ကို ပြန်လည်အသက်သွင်းထားတာပါမိဘမဲ့ကလေးဖြစ်တဲ့ ဘန် ဆိုတဲ့ကောင်လေးဟာ မွေးတည်းက နားတစ်ဖက်မကြားတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်သူဟာ သူ့ရဲ့ဖခင်ကို ဘယ်တုန်းကမှ မသိခဲ့သလို သူ့အမေကလဲ တစ်ခါမှမပြောပြခဲ့ဖူးပါဘူးဘန်ရဲ့မိခင်ပိုင်တဲ့ စာအုပ်လေးတစ်အုပ်ရဲ့ကြားထဲက Bookmark လေးမှာ ရေးထားတဲ့ စာတိုလေးမှာ Love Danny လို့အဆုံးသတ်ထားတာကိုတွေ့ခဲ့ပြီး သူ့အဖေနာမည်ဖြစ်ရမယ်လို့ တွေးခဲ့တယ်တစ်ည သူတို့အိမ်ကို မိုးကြိုးပစ်လိုက်ရာက ဘန် ရဲ့ ကျန်ရှိနေတဲ့နားတစ်ဖက်ကိုလျှပ်စီးဝင်ပြီး လုံးဝနားမကြားသူတစ်ဦး ဖြစ်သွားခဲ့တယ်သူ့ရဲ့ဖခင်ကိုရှာပုံတော်ထွက်ဖို့အတွက် ဆေးရုံကထွက်ပြေးပြီး နယူးယောက်မြို့ကြီးကို တစ်ယောက်တည်း ထွက်လာခဲ့ပါတယ်တစ်ယောက်တည်းဒုက္ခရောက်နေတုန်း ဂျေမီဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး နယူးယောက်မြို့ သဘာဝသမိုင်းပြတိုက်မှာ ပုန်းအောင်းနေခဲ့ကြတယ်တစ်ဖက်မှာလည်း ရို့စ်ဆိုတဲ့ ကလေးမလေးဟာ မွေးတည်းကနားမကြားတဲ့သူတစ်ယောက်ပါပဲရို့စ်ကလဲ အိမ်မှာ မပျော်ရွှင်လို့ သူအရမ်းသဘောကျတဲ့ မင်းသမီးကြီး လီလီယန်ကို ...
movie

Wonderstruck (2017)

2017
Carrie (2013) 5.9
Carrie (2013) Carrie (2013) IMDb - 5.9/10_____Rotten - 50%    ပြီးခဲ့တဲ့ လတွေက ကျနော် Stephen King ဝတ္တုတွေကို ရုပ်ရှင်ရိုက်ထားတဲ့ စာရင်းကို စလေ့လာခဲ့တယ် အဲ့ဒီထဲကနေ တကယ်ကောင်းတဲ့ ရုပ်ရှင်ကားတစ်ချို့ကို ဘာသာပြန်ပြီး CM ကနေ ပြန်တင်ဆက်ပေးဖို့ စိတ်ကူးခဲ့ပါတယ် အဲ့ဒီထဲမှာ Carrie လဲ အပါအဝင်ပါပဲ Carrie ရဲ့ အကြောင်းကရော ဘယ်လိုများလဲ ရုပ်ရှင်ကို ခဏ ကြည့်ရအောင်... ---------------------------------------------------------- တိတ်ဆိတ်တဲ့ ညတစ်ခုမှာ မာဂရက်ဝှိုက် ဟာ ကိုယ်ဝန်အရင့်မာကြီးကနေ ရေမွှာပေါက်ပြီး သူ့အိပ်ခန်းထဲက ကုတင်ပေါ်မှာ ကလေးကို ခက်ခက်ခဲခဲ မွေးထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်.. ဘာလို့ သူမ ဆေးရုံမသွားတာလဲ တစ်ယောက်ထဲ မွေးဖွားဖို့ ကြိုးစားတာလဲ ? ကလေးဟာ တော်ရုံနဲ့ ထွက်မလာပါဘူး မာဂရက် ကို အကြီးမားဆုံးသော နာကျင်မှုတွေပဲ ပေးနေပါတယ် မယ်တော်မေရီ ကိုပဲ သူမ တမ်းတ ဆုတောင်းနေရပါတယ်.. ဒီလိုနဲ့ ကလေးကို ခက်ခက်ခဲခဲ မွေးနိုင်ခဲ့တယ် ကလေးကို လှမ်းကြည့်လိုက်ပြီး သူမ ဘေးနားက ကတ်ကြေးချွန်ကိုဆွဲပြီး ကလေးကို ထိုးသတ်ဖို့ လုပ်တယ် ဒါပေမယ့် ...
movie

Carrie (2013)

2013
Assassins (1995) 6.3
Assassins (1995) Assassins (1995)_____IMDb - 6.3/10    ကြေးစားလူသတ်လောကရဲ့ ထိပ်သီး နံပါတ် တစ် လူသတ်သမား Syvester Stallone ရောဘတ် ရတ် ..... လွန်ခဲ့တဲ့ ၁၅ နှစ်က နံပါတ်တစ် ကြေးစားလူသတ်သမားကို ပြန်သတ်ပြီး ရောဘတ် ရတ်က ကြေးစားလောကမှာ နံပါတ် တစ် ဖြစ်လာခဲ့တယ် ။ ရောဘတ်ရတ်ရဲ့ အလုပ်တွေကို ကြားဖြတ်လုပ်ဆောင်ပြီး ကြေးစားလောကရဲ့ ထပ်သီး နံပါတ်တစ် လူသတ်သမား ဖြစ်ချင်နေတဲ့ Antonio Banderas မီဂူရယ် ဘိန်း ... နံပါတ်တစ် နေရာတစ်ခုစာအတွက် အားပြိုင်နေကြတဲ့ ကြေးစားလူသတ်သမား နှစ်ယောက် ကြားက စီးပွားရေးအရှုပ်ထုပ် ဖိုင်တွေ ခိုးလာတဲ့ သူခိုးမလေး အဲလက်ထရာ ။ သူခိုးမလေး အဲလက်ထရာက တကယ်တမ်းပစ်မှတ် ဖြစ်လာတဲ့အခါ ကြေးစားလူသတ်သမားနှစ်ယောက် ဘယ်လိုရုန်းကန်ကြမလဲ ။ သူခိုးမလေး လက်ထဲက ဖိုင်တွေက ဘာတွေမို့လဲ သူ ပစ်မှတ်လို့ သတ်မှတ်ခြင်းခံရတာလဲ ဆိုတာတော့.....    ဘာသာပြန်ကတော့ စည်သူထက် ဖြစ်ပါတယ် ...
movie

Assassins (1995)

1995